(7)Unicode

8.1K 527 7
                                    

(7)
Xiaozhanနဲ့ကျန်းချန်အခန်းထဲကထွက်လာပြီခဏကြာ
"Xiao zhan ...မင်းတော်တော် တော်တာပဲ..."
"ဘာလို့တုန်း.?"
"Yibo ဆိုတဲ့ကောင်လေးက နာမည်တလုံးနဲ့ ချေတာ..အရင်က ကုဖူးတဲ့ ဆရာ၀န်တိုင်း လက်မြှောက်အရှုံးပေးရတာ..ဆေးသွင်းဆေးထိုးချိန်ဆို ပြောမနေပါနဲပါတော့..ပတ်ပြေးနေလို့ ယူဘင်းချုပ်ပေးပြီး...ဆရာ၀န်နှစ်ယောက်လောက် ဆေးသွင်းဆေးထိုးလုပ်ရတာ"
"အော်..ဟုတ်လား..ငါကံကောင်းတာပေါ့...အဲ့ဒီအထဲ မင်းပါ ပါနေတာလား..?"
"သေချာတာပေါ့ပွာ...အဖေမအားတိုင်း ငါ့မှာသွားလုပ်ပေးရတာ ..ငါတုန်းကဆိုရင် သူ့ကိုချုပ်ပြီး ဆေးထိုးတုံးအော်ပြီးထွက်ပြေးတာ သူ့ကို ထိုးထားတဲံ အပ်က ထွက်လာပြီး ငါလြက်စိုက်တော့မလို့ ကံကောင်းလို့...ပြောရင်းကြက်သီးတောင်ထပါတယ်ကွာ..."
"အော်...ငါက ကလေးတွေနဲ့ ကြုံတာ များလို့ အဲ့ဒီလိုပြောပြီးလုပ်ပေးနေကြဆိုတော့ အဲ့ဒါကြောင့်ဖြစ်မယ်"
"ဘာပဲပြောပြော မင်းသူ့ကို သိမ်းသွင်းနိုင်တဲံ စကေးကိုတော့ လေးစားပါတယ်...ကဲ..ငါ..ခနနေရင် လူနာတယောက်ဆီသွားရမှာမို့လို့...ပြင်ဆင်လိုက်ဦးမယ်.."
"အေး..သွားသွား "
............................
.နောက်နေ့မနက်တွင်yiboအမေအစောကြီးထ၍ဆေးရုံသို့ရောက်လာတော့အခန်းထဲတွင်နှစ်နှစ်ချိုက်အိပ်ပျော်နေသောသားနဲ့လူနာစောင့်ထိုင်ခုံတွင်အိပ်ငိုက်နေသောယူဘင်းကိုတွေ့လေသည်...ယူဘင်းကို အသာတို့ပြီး
"သား.....ယူဘင်းရေ...ယူဘင်း"
"အော်.....သူဌေးကတော်ရောက်လာပြီလား....ဒီမှာထိုင်ပါ။" "ရတယ်သား.......yiboလေးအဆင်ပြေတယ်မလား"
"ဟုတ်မနေ့ကဆေးသွင်းပြီးတည်းကအိပ်နေတာ.............ဒီမနက်ဆေးစစ်ပြီးရင်တော့ဆေးရုံဆင်းလို့ရပြီပြောတယ်"
"အော်အေးအေး................" အပြန်အလှန် စကားပြောသံတွေကြောင့် နိုးလာတဲ့ ရီပေါ်..မျက်လုံးတွေက်ု ပွတ်သပ်ရင်း
"မား......မားရောက်နေတာလား" "အင်း............ဒီကစိတ်ပူအောင်လုပ်တဲ့သားကြောင့်ဆေးရုံရောက်နေရတာပေါ့" နှာခေါင်းလေးအား အသာဆွဲကာ ပြောလိုက်သည်
"ဟာ.......မားကလည်း" ထိုစဉ် တံခါးဖွင့်သံနဲ့ အတူ ၀င်လာတဲ့ ဝမ်လင်ချောင်...နိုးနေပြီးဖြစ်သော ရီပေါ့်ကို လှမ်းပြုံးပြကာ ကုတင်အနီးသို့ လျှောက်လာရင်း...
သား.....နေကောင်းသွားပြီလား...... နှလုံးရောအောင့်သေးလား" "ကောင်းသွားပါပြီအဖေရဲ့......သားကဘယ်သူ့သားလည်း"ဟုဆိုကာမေးငေါ့ပြသည်။ ထိုအချိန်ဆေးရုံအုပ်ကြီးနဲ့ကျန်းချန်ဝင်လာပြီး "အော်........သူဌေးကြီးရောက်နေပြီပဲ.......သူဌေးကတော်ရောပဲ" "ဟုတ်တယ်ဆရာရေ...........သားလေးဆေးရုံဆင်းလို့ရပြီမလား" "ဟုတ်ကဲ့အခုဆေးစစ်ပေးဖို့လာတာပါ......ပြီးရင်ဆေးရုံဆင်းလို့ရပါပြီ" Yiboအခန်းထဲလှည့်ပတ်ရှာနေသည်ကိုဝမ်လင်ချောင်က......
"သား......ဘာရှာနေတာလဲ"
"ဆေးရုံအုပ်ကြီး......xiaozhanကောရော"
"အော်zhanzhanကသူ့အခန်းထဲမှာလေ.......ဒီနေ့သူ့ဂျူတီမရှိလို့အပြင်ထွက်သွားလားမသိဘူး" "ဟင်......"
တွေ့ချင်တဲ့သူကို မတွေ့သဖြင့် အလိုမကျပုံပေါ်နေတဲ့ ထိုကောင်လေးကို ကျန်းချန် အကဲခတ်ရင်း "yiboရေကောကိုလက်ပေးအုံးနော်သွေးစစ်ဖို့"
"ရျောင်းကျန့်ကောကို ခေါ်ပေးပါလား...."
"သားဘာဖြစ်လို့လဲ...... ဆေးရုံအုပ်ကြီးရောကျန်းချန်ရောရှိတယ်လေ" "မရဘူးကောကိုခေါ်ပေးသူတို့ထိုးတာနာတယ်ကောထိုးတာမနာဘူး"ဆေးထိုးရမှာအင်မတန်ကြောက်သော သားက တစုံတယောက်နာမည်တပ်ကာ သူ့ကို ထိုးပေးပါလို့ ပြောလာသည့်အတွက်..အခန်းရှိလူအကုန် အံသြလျက်...ဒါဆို သားပြောတဲ့ ဒေါက်တာကို ခေါ်ပေးလို့ရမလာ..ဆရာ...သူက ဂျူတီထွက်သွားပြီထင်တယ်.......မျက်နှာပျက်သထက် ပျက်လာတဲ့ ရီပေါ့်အမူအရာကြောင့်..ဆေးရုံအုပ်လည်း မနေနိုင်တော့..ဘာပဲဖြစ်ဖြစ် ရီပေါ်က ဆေးရုံရဲ့ VIP လူနာစာရင်းထဲက တယောက်ဖြစ်နေတာကြောင့်
"ဖုန်းဆက်ပြီးပြန်ခေါ်လိုက်မယ်နော်...ကျန်းချန်...သားလည်း တချက်သွားကြည့်ဆေးရုံထဲက သူမသွားရသေးဘူးဆိုခေါ်လာခဲ့ ..
ဟုတ်ကဲ့...ဟုတ်ကဲ့လိုက်ရသော်လည်း ကလေးမဟုတ်သူငယ်မဟုတ် တော်တော်ရှုပ်တဲ့ကောင်လေးလို့ စိတ်ထဲမှာတော့ တွေးမိရင်း..ရှောင်းကျန့်ရှာပုံတော်ဖွင့်ရန် ထွက်လာခဲံသည်..
..........................
" ဂျူတီချိန်ပြီးလို့အိမ်ပြန်မယ်လုပ်ရုံရှိသေးသူ့နာမည်ခေါ်၍အမောတခေါ်ပြေးလာသောကျန်းချန်
"ကျန်းချန်ဘာဖြစ်လာတာလဲ" "ပြောမနေပါနဲ့တော့ကွာ........ဒီမနက်ဆေးစစ်ဖို့ဟာကိုyiboကမင်းကိုပဲလုပ်ခိုင်းပါငါတို့လုပ်တာနာလို့တဲ့...." "အော်...အေးအေး ငါအခုလိုက်ခဲ့မယ်နော်"
အခန်းထဲဝင်လာတော့ ထိုကောင်လေးရဲ့ ဖခင်ဖြစ်သူက အားနာဟန်ဖြင့့် "Doctorရေ....သားကdoctorကိုပဲလုပ်ခိုင်းပါဆိုပြီးဂျစ်ကျနေလို့.....အားနာလိုက်တာ"
"ရပါတယ်......"
တွေ့ချင်တဲ့သူရောက်လာပြီဆိုတော့ ၀မ်ရီပေါ်တို့မျက်နှာက ပြုံးလို့ "ဝေါင်း.......ကောကအပြင်ဝတ်စုံနဲ့လည်းကြည့်ကောင်းတာပဲ...ဒါပေမယ့် ဆရာ၀န်၀တ်စုံနဲ့ပိုလိုက်တယ်" "ကျေးဇူးပါကွာ...ဒါနဲ့ yibo...သွေးစစ်ဖို့ဆိုတော့...အပ်အကြီးနဲ့ပဲအဆင်ပြေမှာ...ဒါပေမယ့် မနာအောင် ဖောက်ပေးမယ်နော်..
"ဟုတ်ကဲ့....."
"ကဲပြီးပြီ....yiboကလိမ်မာတယ်နော်....ကောyiboကိုလိမ်မာလို့လက်ဆောင်ပေးစရာရှိတယ်" "ဘာလက်ဆောင်လဲဟင်"

သူဌေးသားလေးရဲ့Doctorကိုကို (Complete)Where stories live. Discover now