(6)Unicode

8.2K 524 2
                                    

Yiboနိုးနိုးချင်းမျက်စိဖွင့်လိုက်တော့ရင်းနှီးသောမျက်နှာကျက်တစ်ခု.......သူသိပါသည်သူအမောဖောက်လို့ဆေးရုံရောက်တိုင်းမျက်လုံးဖွင့်လိုက်ရင်တွေ့ရသောအထူးခန်း......သူ့အခန်းလို့ပင်ထင်ရလောက်အောင်မှတ်မိနေသည်။ဘေးသိုလှည့်ကြည့်လိုက်တော့ယူဘင်း...........အိပ်ငိုက်နေသည်လေ။
"အကိုယူဘင်း........အကိုထပါအုံး"
"ဟင်......bodiနိုးပြီလားသက်သာလားdoctorသွားခေါ်ပေးမယ်နော်"
ဟုဆိုကာထွက်သွားမည်အလုပ် အခန်းထဲဝင်လာသောxiaozhanနဲ့ကျန်းချန်
"Aww....ဆရာတို့ကိုအခုပဲလာခေါ်မလို့.....နိုးလာပါပြီ"
အခန်းထဲမှာတော့ဆူပုတ်ပုတ်မျက်နှာထားနဲ့ထရန်လုပ်နေသောyibo
"Aww.....ထတောင်ထချင်နေပြီလားyiboရဲ့အဆင်ပြေရဲ့လား"
"ဟာကောကျန်းချန်.......အတော်ပဲဒီအပ်ကြီးတွေဖြုတ်ပေးပါစိတ်ညစ်လာပြီ"
"မင်းထိုက်နဲ့မင်းကံပဲ.........ငါပြောထားတာကိုမင်းကအရေးမှမစိုက်တာ......ငါမပြောဘူးလားမောတဲ့အထိမစီးပါနဲ့လို့"
Yiboရဲ့စော​စောကဖြူဖတ်နေတဲ့မျက်နှာမှာပန်းရောင်သန်းကာစ....ခုနကနဲ့တခြားစီ.....ကလေးတစ်ယောက်လိုပြုမူနေသည်ကိုxiaozhanပြုံးမိသည်။
"ဒီကdoctorကပါးပါးပြောတဲ့doctorအသစ်လားကော"
"ဟုတ်တယ်...........Xiaozhan တဲ့ငါ့သူငယ်ချင်းအရင်းကြီးပေါ့"
"​ကောကိုလည်းရင်းရင်းနှီးနှီးခေါ်ပါ"
"ဟုတ်ကဲ့ကော"
"ကဲဆေးသွင်းရအုံးမယ်လေ.....ကျန်းချန်ပြင်..."
အား........................
Xiaozhan မှာစကားတောင်မဆုံးသေးထွက်လာသောအသံကြောင့်လူပါတုန်သွားသည်။
"ဘာဖြစ်လို့လဲ...........ဘယ်နားကနာလို့လဲ"
ကျန်းချန်ကတော့အကြောင်းသိသူပီပီ
"Yibo ဆေးသွင်းရမယ်လေ........ကောတို့မနာအောင်လုပ်ပေးပါမယ်နော် လိမ်မာပါတယ် ။"
Yiboမှာဆေးဘယ်လောက်သွင်းရသွင်းရအပ်ကြောက်သည်ကိုဖျောက်မရ.......အပ်မြင်တာနဲ့အော်ရင်အော်......အော်လို့မရရင်ထွက်ပြေးသည်။
"ညာနေတာပြီးတော့နာအောင်အမြဲလုပ်တယ်......မထိုးနဲ့​နော်နာတယ်။မထိုးနဲ့နော် ထိုးရင်ထွက်ပြေးမှာ"
Xiaozhan မှာအပ်ကြောက်လို့ကြီးကောင်ကြီးမားနဲ့အော်နေသောyiboကိုကြည့်ပြီးရယ်ရအခက် ငိုရအခက်နဲ့ဖြစ်နေချိန်
"xiaozhanရေငါတို့ဆေးကိုတော့သွင်းဖြစ်မှရမယ်......"
"နေအုံးကျန်းချန်ငါအကြံရပြီ......."
"Yibo.......yiboအကို့ကိုကြည့် ဒီကကောကမနာအောင်အပ်သေးသေးလေးနဲ့သွင်းပေးမယ်လေ.....နော်"
"ညာပြန်ပြီ နောက်တယောက်.......နာတယ်မထိုးချင်ဘူး"
"တကယ်မနာစေရပါဘူးကွာနော်.......လိမ်မာပါတယ်။ကောကိုယုံတယ်မလား"
Yiboတချက် xiaozhan ကိုမော့ကြည့်လိုက်သည်။နှာတံကစင်းစင်း မျက်နှာကလည်းချောလိုက်တာ နှုတ်ခမ်းအောက်ကလည်းမှည့်လေးနဲ့ဒီကိုကိုကချောလိုက်တာ..ယုန်သွားလေးလည်းပါတယ်.....
"Yibo....​ကောပြောတာကြားလား....yibo"
"............"
Xiaozhanရဲ့ချောမောမှုကြားမှရုံးမထွက်နိုင်သေးသောyibo.......Xiaozhanမေးနေသည်ကိုအာရုံမရောက်
"Yibo......"
"ဟင်...."
"အကိုအပ်သေးသေးနဲ့ပဲဖြည်းဖြည်းထိုးပေးမယ်လေနော်.."
"ဒီတခေါက်ပဲနော်......."
လက်လေးတစ်ချောင်းထောင်ကာပြောနေသောyiboကိုxiaozhanအသည်းယားမိတာအမှန်
"ကျန်းချန်......ငါ့ကို butterflyလေးနဲ့လုပ်ပေးပါအုံး....."
"အေးအေး.......ခဏ"
Yiboအပ်ကိုမကြည့်ရဲ တစ်ဖက်သို့သာလှည့်နေသည်။ယူဘင်းနဲ့ကျန်းချန်ကလည်းသူ့ကိုယ်ကိုထိန်းထားသည်။yiboကတခါတလေအပ်ထိုးရင်းထွက်ပြေးတတ်သောကြောင့်ဖြစ်သည်။
"သွင်းပြီနော်..."
"အ..........."
"နာလို့လား.. "
Yiboခေါင်းခါပြသည်။ထိုသို့ဆေးသွင်းချိန်ငြိမ်တာကိုယူဘင်းတခါမျှမကြုံဖူး။အမြဲချုပ်၍သာဆေးသွင်းရသည်။အခုကြမှငြိမ်နေသည်ကိုမျက်လုံးကျွတ်ကျမတတ်ကြည့်နေသည်။ကျန်းချန်လည်းထိုနည်းတူပင်
"ပြီးပြီ........အကိုလုပ်ပေးတါမနာဘူးမလား"
"အင်း.......ရပြီမလားအိပ်တော့မယ်"
"အေး.....အိပ်တော့နော်မနက်ကျဆေးရုံဆင်းလို့ရပြီ။ယူဘင်းရေထူးရင်လာပြောနော်xiaozhanကဆေးရုံမှာပဲတညလုံးရှိနေမှာ"
"ဟုတ်doctor ကျန်းချန်နဲ့doctor xiaozhan"
"Yiboရေကောသွားပြီနော်......"
"သွားသွား........ အိပ်တော့မှာအကိုယူဘင်းမီးမှိတ်လိုက်တော့......အိပ်ချိန်ရောက်နေပြီ.....အကိုလည်းအိပ်တော့"
ယူဘင်းမှာကြောင်တောင်တောင်နဲ့ရှိသမျှမီးတွေအလင်းရောင်လိုက်လျှော့နေလေသည်။
Yiboကတော့ဆူပုတ်ပုတ်နဲ့တဖက်လှည့်သွားသည်။
ဘယ်သူသိမလဲ.....ကောင်လေးတယောက်ကတော့လူကြီးပုံစံဖမ်းနေတဲ့ကလေးတယောက်ကိုစရလို့ပျော်နေပြီး........နောက်ကောင်လေးတယောက်ကတော့ဘယ်သူမှမရှိတဲ့ဘက်မျက်နှာအပ်လျက်ပြုံးနေသည်ကိုပင်

သူဌေးသားလေးရဲ့Doctorကိုကို (Complete)Where stories live. Discover now