Part 1

46.4K 1.1K 49
                                    

(Zawgyi)

နန္ဒီသွန်းတစ်​​ယောက်​ အိပ်​ရာက​နေနိုးလာတယ်​....
နာရီကိုလှမ်းကြည့်​လိုက်​​တော့....
6:30

နန္ဒီသွန်း- ဒီ​နေ့ ​ကျောင်းစတက်​ရမှာပဲ.....

နန္ဒီသွန်းလည်း အိပ်​ရာမှထကာ ​ရေချိုးခန်းထဲသို့ ဝင်​လိုက်​ရင်း
မျက်​နှာသစ်​ သွားတိုက်​ပြီး လုပ်​စရာရှိတာများကို လုပ်​လိုက်​တယ်

ပြီး​တော့ ​ရေချိုးခန်းက​နေထွက်​လာကာ ဗီဒိုထဲမှ အပြာနု​ရောင်​ တီရှပ်​​လေးနဲ့ ထမီကအနက်​ကို ထုတ်​ပြီး ဝတ်​ဆင်​လိုက်​တယ်​....
မိတ်​ကပ်​အနည်းငယ်​လူးပြီး နှုတ်​ခမ်းနီပါးပါး​လေးဆိုးလိုက်​ကာ ဆံပင်​ကို ဘီးနဲ့ ဖြီးလိုက်​​တော့.....ရပြီ....​ကျောင်းသွားဖို့ အဆင်​​ပြေသွားပြီ နဂိုကတည်းက ရုပ်​ခံရှိသူမို့ သူများ​တွေလို သိပ်​မပြင်​ဆင်​ရ ​မွေးမိခင်​ကိုပဲ ​ကျေးဇူးတင်​ပါတယ်​....သူ့​ကြောင့်​ ကိုယ်​က အခုလိုအဆင်​​ပြေ​ပြေဖစ်​​နေတာ မဟုတ်​ရင်​ အပြင်​တစ်​ခါထွက်​ဖို့အတွက်​ ပြင်​ရဆင်​ရနဲ့ စိတ်​ရှုပ်​စရာ.....

ကိုယ့်​ကိုကိုယ်​မှန်​ထဲမှာ တစ်​ချက်​ကြည့်​လိုက်​ပြီး....
အင်း....ငါလည်းတစ်​​နေ့ထက်​တစ်​​နေ့ပို​ချောလာတာပဲ

"သမီး​ရေ လာ​တော့​လေ.....မနက်​စာလာစား​တော့''

အ​မေ​တောင်​​ခေါ်​နေပြီပဲ ကုတင်​​ပေါ်က လွယ်​အိတ်​ကိုလှမ်းယူလိုက်​ပြီး ပြီး ​အောက်​ထပ်​ကို ဆင်းလာလိုက်​တယ်​....

" ​မေကြီး မနက်​စာကဘာလဲ''

" မုန့်​ဟင်းခါးပါရှင့်​...''

"woww...မိုက်​တယ်​ အဲဒါ​ကြောင့်​​မေကြီးကို ချစ်​တာ''

" ​တော်​ပါ မကြီး မငယ်​နဲ့ လာချွဲမ​နေနဲ့ စားစရာရှိတာမြန်​မြန်​စား''

"ဟုတ်​...''

သွန်း မုန့်​ဟင်းခါးစား​နေတုန်းမှာ ​မေကြီးက သူ့အခန်းထဲဝင်​သွားပြီး ပြန်​ထွက်​လာ​တော့....

"သမီး​ရော့ တစ်​လစာမုန့်​ဖိုး....''

ဆိုပြီး ပိုက်​ဆံတစ်​ထပ်​လာ​ပေးတယ်​...

In The EndWhere stories live. Discover now