Part 22

4.4K 352 2
                                    


(Zawgyi)

အကြိမ်ရေတော်တော်များများထိ ဆက်နေပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိသည့် ဖုန်းလေး
ဆောင်း လက်မလျှော့ပဲ ခေါ်နေမိသည် ။
ဒီတစ်ခါတော့ ကိုင်လေသည် ။

"ကို မအားဘူး စာကျက်နေရတယ်လေ
ဖုန်းတွေ ခဏခဏမခေါ်နဲ့ အာရုံပျက်တယ် "

ဆောင်းဘက်က တစ်ခွန်းမှ မပြောရသေးခင် သူပြောချင်တာတွေ ပြောပြီးဖုန်းချသွားတဲ့ ကိုကို
အခုတလော ဆောင်းတို့နှစ်ယောက် သေသေချာချာ စကားမပြောဖြစ်သလို တွေ့တောင်မတွေ့ရ
အကြောင်းက ကိုကိုက သိပ်မကြာခင်မှာ စာမေးပွဲဖြေရမှာ ဖြစ်သည့်အတွက်ပင်ဖြစ်သည် ။
ဆောင်း သည်းခံခဲ့ပေမယ့် ကိုကိုနဲ့အဆက်အသွယ်မရတာ နှစ်ပတ်ပြည့်တော့မည် ။
ကိုကို့ဘက်ကလည်း ဆက်သွယ်မလာသလို ဆောင်းဘက်က ဆက်သွယ်တိုင်းလည်း အသေအချာ စကားမပြောရ ။
တစ်ခါတစ်လေဆို ကိုကိုက ဆောင်းကိုအော်တတ်သည် အခုလိုပေါ့
ကိုကို စာတွေလုပ်နေရတာ မှန်တယ်ဆိုပေမယ့်လည်း ဆောင်းကို ဒီလိုမျိုးကြီးတော့ ပစ်မထားသင့်ဘူးလေ
တစ်နေ့တစ်ခါ message လေးတစ်စောင်လောက် ပို့ပေးရင်တောင် ဆောငျး ခံသာသေးတယ် ။ အခုတော့ လုံးဝကို အဆက်အသွယ်ဖြတ်ထားလေသည် ။
မျက်ရည်တွေက မကျဘူးလို့ စိတ်ကိုတင်းထားပေမယ့်လည်း ကျလာပြန်သည် ။
ကိုကို တကယ်ရော စာတွေလုပ်နေရလို့ မအားတာလား ဒါမှမဟုတ် ဆောင်းကို ရှောင်နေတာလား ။
သံသယတွေက တိုးဝင်လာကာ မျက်ရည်တွေကို ပိုကျစေသည် ။

ဖုန်းဝင်လာသဖြင့် မျက်ရည်တွေကိုသုတ်ကာ အသံကို ပုံမှန်အသံတိုင်းဖြစ်အောင် ထိန်းရင် ဖုန်းကိုကိုင်လိုက်တယ် ။
ဖုန်းဆက်တဲ့လူက သော်

"ဟယ်လို သော် ပြော"

"ဆောင်း နင်ငိုနေတာလား"

"မဟုတ်ပါဘူး...ဒီအတိုင်း"

"မမသွန်းနဲ့ အခုထိ အဆက်အသွယ်မရသေးဘူးလား"

"ရတယ်...ဒါပေမယ့် သူစာတွေကျက်နေရလို့တဲ့ အဲဒါ ဖုန်းပြန်ချသွားတယ်"

"အင်း ဟုတ်မှာပေါ့"

"သော် နင်ပြောစရာ မရှိဘူးဆိုရင် ငါဖုန်းချလိုက်တော့မယ် "

In The EndWhere stories live. Discover now