Final

14.3K 490 65
                                    

(Zawgyi)

သံုးလရှိပြီ သူ ဆောင်း ရှေ့ကို ပြန်မလာတော့တာ သံုးလပြည့်သွားပြီ။
စာလေးတစ်စောင်တည်းနဲ့ ဆောင်းကို
ထားခဲ့တာ...။
ဘာလို့လဲ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းလေးတောင် မမေးနိုင်ခဲ့ရ ။
သူမရှိရင် မနေနိုင်တဲ့လူကို ဒုတိယအကြိမ် သူထပ်ပြီး ထားခဲ့ပြန်သည် ။

ကိုကို ဆောင်းကို ပေးခဲ့တဲ့ စာလေးကို
အိပ်ရာဘေးနား စားပွဲခုံပေါ်က သေတ္တာလေးထဲမှ ထုတ်ကာ ပြန်လည်ဖတ်လိုက်မိသည် ။

'တောင်းပန်ပါတယ်
ကိုကို ငယ့်လက်ကို ဆုပ်ကိုင်မထားနိုင်တော့ဘူး
ကိုကို ငယ့်လက်ကို လွှတ်ပါရစေ
ငယ့်ကို မရွေးချယ်နိုင်ခဲ့တဲ့ အတွက်လည်း ကိုကို တောင်းပန်ပါတယ်

ကိုက အရင်တုန်းကတည်းက အတ္တ်ကြီးတဲ့ လူဆိုတော့ ကို ငယ့်အပေါ်မှာ ဆက်ပြီး အတ္တကြီးပါရစေ
ငယ်ကတော့ ကို့ ကို မေ့ပစ်ရမယ်
ကိုကတော့ ငယ့်ကို အမြဲသတိရနေမယ်
ငယ်ကတော့ ကို့ ကိုမုန်းပစ်ရမယ်
ကိုကတော့ ငယ့်ကို ချစ်နေမယ်
ငယ်ကတော့ ကို့ အတွက်မျက်ရည်မကျရဘူး
ကိုကတော့ ငယ့်အတွက်ရော ကို့အတွက်ပါ မျက်ရည်ကျမယ်။

ငယ် ရှေ့လျှောက်ရမယ့် နေ့တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းပါ
ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ
ကိုကိုမြင်ချင်လွန်းတဲ့ ဂျူဒီကုတ်လေးနဲ့ ငယ့်ကို ကိုကိုမြင်နိုင်အောင် ကြိုးစားပေးပါ ။
မိဘတွေနဲ့လည်း အဆင်ပြေအောင်နေနော်
ဘယ်လို အကြောင်းကိစ္စမျိုးကြောင့်ပဲဖြစ်ဖြစ် မိဘတွေကို စိတ်မဆိုးပါနဲ့။
ဒီတစ်ခုကိုတော့ ကျိန်းသေလိုကျနာပေးပါ ။

ပြန်တွေ့ဖို့ ကံ ပါတဲ့ တစ်နေ့ကျရင် ကို တို့ ပြန်တွေ့ကြမယ်။

နောက်ဆုံးအနေနဲ့ ချစ်ပါတယ် ငယ်...'

ကိုကိုက သိပ်ကို တော်လွန်းသည် ။
သူက ဒီလို စာမျိုးကို ချန်ထားခဲ့တော့ ဆောင်းက သူ့ကို ဘယ်လိုနည်းနဲ့ မေ့ပစ်နိုင်မှာလဲ ။
သူသိနေပုံနဲ့ ဒီလို စာမျိုးကို ဆောင်းကို ပေးခဲ့သည် ။

In The EndWhere stories live. Discover now