(Zawgyi )
ဆိုင်ကယ်နှစ်စီး ရဲ့ ဦးတည်ရာဟာ
ဟင်္သာတတက္ကသိုလ်ဆီသို့ ဖြစ်တယ်ဆိုတာ ကိုကို့ရဲ့ခါးကိုဖက်ကာ
ကိုကို့ရဲ့ ကိုယ်သင်းနံ့ကို ခိုးရှူကာ
ကြည်နူးနေတဲ့ ဆောင်းတစ်ယောက်တော့ မသိပေ..."ဆင်း..ရောက်ပြီ''
ကိုကို ပြောတော့မှ ဆောင်းလည်း
ဘေးဘီဝဲယာကို ကြည့်လိုက်တော့
ဒီနေရာက ဘယ်နေရာကြီးလဲ
ငါလည်း တစ်ခါမှမရောက်ဘူးပါလား"ဒါ ကိုယ်တို့ တက္ကသိုလ်လေ"
"အာ...ဟုတ်"
"သွန်း ငါတို့နှစ်ယောက် ဟိုဖက်ခဏသွားလိုက်ဦးမယ်နော်"
"အေး အသေအချာ လုပ်လာခဲ့နော်"
ကိုကိုက မမလှလေးနွယ်ကို ပြောကာ
ရယ်နေသည်....ချောလိုက်တာ....ရုပ်တည်ကြီးနဲ့လည်း ချောတာပဲ ရယ်လိုက်တော့
လည်း ချောတာပဲ.....မမလှလေးနွယ် က ကိုကို့ကို မျက်စိပြန်မှိတ်ပြသည်....
သော် ကတော့ ပါးပြင်နှစ်ဖက်ပေါ်ဝယ် အနီရောင်တွေ ယှက်ပြေးနေလေရဲ့....
မမနွယ်က သော့်ရဲ့ ပခုံးကိုဖက်ကာ
ထွက်သွားလေရဲ့....ကိုကိုနဲ့ ဆောင်းသာ ကျန်တော့သည်..
"မနက်စာစားလာလား''
"မစားလာခဲ့ဘူး...''
"ဗိုက်ဆာနေလား"
"သိပ်မဆာသေးပါဘူး''
"ခဏတော့စောင့် သူတို့နှစ်ယောက်ပြန်လာရင် တစ်ခုခုသွားစားကြမယ်"
"ဟုတ် ''
ထို့နောက် စကားဆက်မဆိုဖြစ်ခဲ့ပေ...
နှစ်ဦးသား မတ်တပ်ရပ်လျက်ပင်...."ထိုင်မလား"
"ရှင်.."
"ဆိုင်ကယ်ပေါ်မှာလေ"
ဘေးဘီတွင်လည်း ထိုင်လို့အဆင်ပြေလောက်မယ့် နေရာတွေရှိပါလျက်
ဘာလို့ ဆိုင်ကယ်ပေါ်တွင် ထိုင်စေချင်တာလား...??"ထိုင်မလားလို့"
"ဟုတ် "
ဆောင်းလည်း ကိုကို့ဆိုင်ကယ်ပေါ်တွင် ဘေးစောင်း တက်ထိုင်လိုက်သည်...
ဆောင်းထိုင်ပြီးပြီးချင်း ကိုကိုက ဆိုင်ကယ်နားသို့တိုးလာပြီး သူ့လက်နှစ်ဖက်ဖြင့်
ဆိုင်ကယ်ကိုထောက်ထားကာ
ဆိုင်ကယ်ပေါ်က ဆောင်းနားသို့ တိုးကပ်လာသည်...
ဆောင်းမှာ ဆင်းပြေးလို့လည်းမလွယ် သူ့လက်နှစ်ဖက်ကြားမှာ ဖြစ်နေတော့ လွတ်လမ်းမမြင်ပေ....
YOU ARE READING
In The End
Random(Zawgyi + Unicode) နောက်ဆုံးအနေနဲ့ ချစ်ပါတယ်...... နောက်ဆုံးအနေနဲ့ ချစ်ပါတယ်......