(Zawgyi)"သော် ပြောလေ"
ညနေဘက်တွင် သော်ထံကဖုန်းဝင်လာလေသည်။
"သဘက်ခါကျရင် အပြင်သွားကြမလို့ နင်လိုက်မှာမလား"
"လိုက်မယ်လေ..ဘယ်သူတွေပါမှာလဲ"
"မမရယ် ငါရယ် မမသွန်းကတော့ နင်ခေါ်လိုက်လေ"
"ပြီးရော...ဒါပဲ ဖုန်းချလိုက်တော့မယ်"
"အေးအေး..ည စောစောအိပ်ဦး"
"အေးပါဟယ်.."
သော်နဲ့ဖုန်းပြောပြီး နာရီကိုကြည့်လိုက်တော့ ၆ နာရီခွဲနေပြီ...
ကိုကို့ဆီက ဖုန်းကို မျှော်ရင်း သီချင်းနားထောင်နေမိတယ်......သီချင်းထဲမှာမျောနေတုန်း ဖုန်းသံကြားရ၍ ကြည့်လိုက်တော့ ကိုကိထံကဖုန်းပင်
"ဟယ်လို...ကိုကို"
"ငယ်...ထမင်းစားပြီးပြီလား"
"ပြီးပြီ ကိုကိုရော"
"ပြီးပါပြီ..."
"ကိုကို သဘက်ခါကျရင် သော်တို့နဲ့ အပြင်သွားမလို့ ကိုကိုပါလိုက်ခဲ့
မမလှလေးနွယ်လည်း ပါမှာ""လိုက်ရမှာပေါ့..."
နှစ်ဦးသား ပြောစရာစကားတွေမဲ့နေလေရဲ့....
နှစ်ယောက်လုံးကလည်း စကားသိပ်မပြောတဲ့လူတွေမို့လို့ ထင်ပါတယ်...အခုချိန်မှာ ဖုန်းချလိုက်လို့မဖြစ်
ဆောင်းသာ တာ့တာဆိုပြီး ဖုန်းချလိုက်ရင် ကိုကိုက ဟိုတစ်ယောက်နဲ့ ဖုန်းပြောတော့မယ်...
ညနက်တဲ့အထိ ကိုကိုနဲ့စကားတွေပြောရမယ်...စဉ်းစားစမ်း ဘာပြောရင်ကောင်းမလဲ..."ငယ်...ကိုကို သီချင်းဆိုပြရမလား"
"ဟုတ်..ဆိုပြ"
"ခဏလေးနော် ဂီတာသွားယူလိုက်လိုက်ဦးမယ်"
ကိုကို့ကို သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုခိုင်းပြီး အချိန်ဆွဲထားရမယ်
ပျော်စရာကြီး...."အဟမ်း...ငယ် သေချာနားထောင်နော်"
ဆောင်း speaker ဖွင့်ကာ ထွက်လာမယ့် ကိုကို့ရဲ့အသံလေးကို သေချာနားစွင့်ထားလိုက်သည်...
ဂီတာသံလှလှလေးကို အရင်ကြားရပြီး နောက်မှ ကိုကို့ရဲ့ အသံလေးထွက်လာလေသည် ။
YOU ARE READING
In The End
Random(Zawgyi + Unicode) နောက်ဆုံးအနေနဲ့ ချစ်ပါတယ်...... နောက်ဆုံးအနေနဲ့ ချစ်ပါတယ်......