Part 23

4.5K 363 12
                                    


(Zawgyi)

"ငယ် မရှိဘူးလား အန်တီ"

"အော် သမီးလာလေ ထိုင် ငယ်လေးက လမ်းထိပ်ကသူ့မောင်တစ်ဝမ်းကွဲဆီ သွားတယ် မကြာဘူး ပြန်လာလိမ့်မယ်"

သွန်း ငယ်နဲ့တွေ့ဖို့ ငယ့်အိမ်ကို ရောက်လာပေမယ့် ငယ်နှင့်မတွေ့ရ ငယ့်မာမီနှင့်သာ တွေ့ရလေသည် ။
ငယ့် မာမီနဲ့သွန်း အခုမှ တွေ့ဖူးခြင်းဖြစ်သည်။
ငယ်က ငယ့်မာမီဆီက အလှတရား အမွေတွေကို ထိုက်ထိုက်တန်တန်ကြီး လက်ခံထားသူပဲ ဆိုတာ ငယ့်မာမီကို မျက်မြင်တွေ့တော့ သိရလေသည် ။

"သမီးနဲ့ ငယ်လေးနဲ့ ချစ်သူတွေ ဖြစ်နေတယ်ဆို "

ငယ့် မာမီရဲ့ အစမပျိုးဘာမပျိုးနဲ့ ဖျတ်ကနဲ ပြောချလိုက်မှုမှာ သောက်နေတဲ့ရေတွေ လည်ချောင်းထဲမှာ ဂယက်
ထကာ သီးတော့သည် ။

"အို ရရဲ့လား ..."

"အဟွတ်..အဟွတ် ရ ရပါတယ်
အန်တီ ဆက်ပြောပါ"

"အင်း ဒါဆို အန်တီ ဆက်ပြောမယ်နော် ငယ်လေးက နောက်နှစ်ဆို ဆယ်တန်းတက်ရတော့မယ် အန်တီသူ့အပေါ်မှာ တာဝန်မကျေမှုတွေ အများကြီးရှိတယ် ဒါပေမယ့် ငယ်လေးရဲ့ ပညာရေးမှာတော့ အန်တီ အလုံးစုံ တာဝန်ကျေချင်တယ် သမီးရယ်...
ငယ်လေးကို နောက်နှစ်မှာ စာကိုပဲ ေသချာအာရုံစိုက်နိုင်အောင်......"

"အန်တီပြောချင်တာ သမီး သိပါတယ် မဟုတ်ရင်တောင်မှ သမီးလည်း ငယ့်ကို ေနာက်နှစ်မှာ အဆက်အသွယ် ခဏဖြတ်ထားဖို့ စဉ်းစားထားပါတယ်"

လူကြီးရဲ့စကားကို ဖြတ်ပြောလို့ ရိုင်းတယ်လို့ပဲ ထင်ထင် ငယ့် မာမီဆီက နောက်ထွက်လာမယ့် စကားတွေက အတော်အတန်မဟုတ်ပဲ ငယ်နဲ့သွန်းကို ခွဲဖို့အတွက် စကားလွန်တွေ ကို သွန်း နားနဲ့ဆက်ဆက် နားမထောင်နိုင် ။

"ကျေးဇူးပါ သမီးရယ်
အန်တီ အခုလို သမီးကိုပြောတာတွေကို ငယ်လေးကို ပြန်မပြောပါနဲ့နော် ငယ်လေး အန်တီ့ကို အမြင်စောင်းသွားမှာ စိုးလို့ပါ "

"ဟုတ်ကဲ့ပါအန်တီ ပြန်မပြောပါဘူး
စိတ်ချပါ"

"အန်တီ သမီးတို့နှစ်ယောက်ကို သဘောမတူဘူး ရယ်လို့တော့ မဟုတ်ပါဘူးကွယ်
ဒါပေမယ့် အန်တီ့သမီးလေးကို ယောက်ျားလေးနဲ့ပဲယူယူ မိန်းကလေးနဲ့ပဲယူယူ အန်တီ ဘာမှမပြောလိုပါဘူးကွယ် သူ့ကို တင့်တောင်းတင့်တယ် ထားနိုင်မယ့် လူမျိုးရဲ့ လက်ထဲကိုပဲ ထည့်ပေးချင်တယ်"

In The EndWhere stories live. Discover now