Part 16

5.1K 444 20
                                    


(Zawgyi)

သွန်း ရန်ကုန်ကနေ ဟင်္သာတကို ပြန်လာနေတဲ့ လမ်းမှာ ညတုန်းက အဘိုးမွေးနေ့ပါတီမှာ သောက်တာ အတော်လေးများသွားလို့ ခေါင်းတွေထွေနေသည် ။
အမေကတော့ ရန်ကုန်မှာ နေကျန်ခဲ့သည်။ အမေ့ရဲ့ကားကို ယူပြီးမောင်းပြန်လာခဲ့တာ... ငယ့်ကို လွမ်းလွန်းလို့
ဟင်္သာတမြို့ထဲကို ရောက်ရောက်ချင်း အိမ်ကိုမပြန်နိုင်သေး ဒီနေ့ကစနေနေ့ဆိုတော့ ကျောင်းပိတ်သဖြင့် ငယ် ကျူရှင်တွင်သာရှိလိမ့်မည်
ကားကို သော်လေးအိမ် ငယ်ရှိရာကို မောင်းလိုက်တယ် ။
သော်လေးတို့ လူတွေအုပ်လိုက်ကြီးပါလား ဘယ်သူတွေလဲဟ ဘာတွေဖြစ်နေတာလဲ....
ကားကို ခပ်လှမ်းလှမ်းမှာ ရပ်လိုက်ပြီး လူအုပ်ကြီးဆီ သွားလိုက်သည်။

ဟင်...ငယ်..

"ငယ်.."

သွန်းဆီရာကို လှမ်းကြည့်လိုက်တဲ့ သူမ
နှုတ်ခမ်းထောင့်စွန်းမှာ သွေးလေးတွေစို့နေတယ်

သွန်း အလန့်တကြား ငယ့်ဆီကို ပြေးသွားမိသည်...
မျက်နှာနုနုလေးကို ဖွဖွလေးကိုင်ကာ

"ငယ်...နှုတ်ခမ်းက ဘာဖြစ်တာလဲ"

ငယ်က မျက်နှာလွှဲသွားတယ်။

"ဒီမှာ အမက ဘယ်သူလဲ"

အနောက်ဘက်က အသံကြောင့်
သွန်းလှည့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်...

"နင်ကရော..ဘယ်သူလဲ
ငါ့ရဲ့ ငယ်ကို ဒီလိုဖြစ်အောင်လုပ်တာ ဘယ်သူလဲ"

"ကျွန်တော်ပဲ..အမက ဘာဖြစ်ချင်လဲ"

ကိုယ်တောင် တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်း မကိုင်ဘူးတဲ့ မျက်နှာလေး အမြတ်တနိုးနဲ့ နမ်းရှိုက်ရတဲ့ နှုတ်ခမ်းပါးလေးကို သွေးထွက်အောင် နာကျင်အောင် လုပ်ရဲတယ်ပေါ့....

အဲ့ကောင်လေးရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တယ်....

"ကိုကို!!!"

ငယ့်ရဲ့ အော်သံကိုကြားတယ်...
သွန်း နားကို ပိုတိုးလာတဲ့ ကောင်လေးတွေကို တွေ့ရတယ်...
ဘေးနားက သော်လေးရဲ့ အဖေနဲ့ဦးလေးက အခြေအနေတွေကို ဝင်ထိန်းပေးတယ်

ရုတ်ရုတ်သဲသဲအခြေအနေတွေက ရဲတွေကြောင့် ငြိမ်သွားရတယ်...
ငယ့်ကို ပြဿနာလာရှာတဲ့ ဆယ်ယောက်လောက်ရှိတဲ့ ကောင်လေးတွေ အုပ်စုကို ရဲတွေဖမ်းသွားတယ်
သော်လေး အဖေနဲ့ ဦးလေးကြောင့်
သွန်းနဲ့ ငယ် ပါ စခန်းကို လိုက်မသွားခဲ့ရဘူး....

In The EndWhere stories live. Discover now