Part 7

6.4K 644 7
                                    

(Zawgyi)

ဆရာ ဆရာမတွေကို ကန်တော့ပြီး
ခန်းမထဲကထွက်လာပြီး...
ထိုင်ခုံတစ်ခုံပေါ်မှာ ထိုင်နေလိုက်တယ်.... မတည်ငြိမ်နေတဲ့ စိတ်တွေကို တည်ငြိမ်အောင် ထိန်းနေရတယ်....
ကလေးငယ်လေး နဲ့ သော်တာချိုလေး.နှစ်ယောက်သား သွန်း ရဲ့ဘေးနားက ထိုင်ခုံတွေမှာ လာထိုင်ကြတယ်....

"မမ သွန်း တစ်ယောက်တည်းလား"

"သူငယ်ချင်းပါတယ်...ဘယ်နားရောက်သွားတယ် မသိဘူး"

"သော်လေးတို့ ထိုင်လို့အဆင်ပြေတယ်မလား"

"ပြေပါတယ် ဒါနဲ့နှစ်ယောက်တည်းလား"

"သူငယ်ချင်းတစ်ယောက် ရှိသေးတယ် ဆရာမကခဏခေါ် ထားလို့ "

"ယောက်ျားလေးလား "

"ဟုတ်ကဲ့ "

ထိုအချိန် ကလေးငယ်ရဲ့ ဘေးနားကို ဟိုကောင်လေး သူတို့ရဲ့ သူငယ်ချင်းကောင်လေး ရောက်လာကာ

တိုးတိုးနဲ့ ကလေးငယ်ရဲ့ နား နားကို စကားကပ်ပြောနေလေရဲ့
ဒီအတိုင်းပြောလည်း ရသားနဲ့
ဘာလို့အဲ့လောက်ထိ ကပ်ပြီးပြောရတာလဲ ကလေးငယ်ကလည်း ဘာကိစ္စအကပ်ခံတယ်မသိဘူး သူများတွေမြင်ရင် တစ်မျိုးထင်နေဦးမယ်ကွာ

"ဟဲ့ အသွန်း ဟိုမှာ Band က လူတွေ setting တွေချိန်နေပြီ"

စိမ်းလဲ့က လာပြော၍ သွန်းလည်း ကြည့်လိုက်တော့ ဟုတ်သည် Band ကလူတွေ ကုပ်ကုပ် ကုပ်ကုပ်နဲ့
အလုပ်ရှုပ်နေကြသည်...
သွန်းကြည့်နေရင်း သူတို့တွေ လုပ်နေတာ အဆင်မပြေဖြစ်နေသည်
သွန်းလည်း မနေသာတော့ပဲ ထသွားကာ သူတို့နဲ့အတူတူ setting ချိန်ပေးလိုက်သည်
သွန်း နဲ့ အသိတွေဖြစ်သည့်အတွက်
ပြောရဆိုရ လုပ်ရကိုင်ရတာ အဆင်ပြေလှသည် သွန်း ဂီတပိုင်းမှာတော့ ဦးလေးမြတ်ရဲ့ ကျေးဇူးတွေနဲ့
တော်တော်ပေါက်ရောက်ခဲ့သည်
အတော်တော်များများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်သည်

"ကျေးဇူးပဲ သွန်း ရေ သွန်းလာကူလုပ်ပေးလို့ ခပ်မြန်မြန် ပြီးသွားတာ"

"ရပါတယ် "

သွန်း လည်း ထိုင်ခုံဆီသို့ပဲ ပြန်လာထိုင်လိုက်တယ်
သော်တာချိုလေးက

In The EndWhere stories live. Discover now