(Zawgyi)
"ကိုကို တကယ်ကြီးပြောနေတာလား"
"အင်း ငယ့်အတွက်ပါ "
"ဒါပေမယ့် အဲ့လိုကြီး အဆက်အသွယ်ဖြတ်လိုက်ရင် ငယ် နေနိုင်မှာမဟုတ်ဘူးလေ"
"ကို သိပါတယ် ဒီလိုလုပ်ရတယ် ဆိုတာကလည်း ငယ့်အတွက်ပါ
ကို့ စကားကို နားထောင်ပါကွာ""ဒါပေမယ့် ငယ် နေနိုင်မယ်မထင်ဘူး"
"မနေနိုင်လည်း နေနိုင်အောင်နေကြည့်ရမှာပေါ့ ဆယ်တန်းက အရေးကြီးတယ်နော် ငယ်
ကိုကို့ကြောင့် ငယ် ပညာရေးပိုင်းမှာ ထိခိုက်မှာကို မလိုလားဘူး
ပြီးတော့ အန်တီ့ကိုလည်း ပြောထားတယ် ကျောင်းစတက်တာနဲ့ ငယ့်ဖုန်းကိုသိမ်းပါလို့""ဟာ...ကိုကို "
"ငယ်!''
ဆောင်းရဲ့ အထွန့်တက်ချင်နေတဲ့ စိတ်လေးတွေက ကိုကို့ရဲ့ ခတ်ဆပ်ဆပ်အော်သံကြောင့် ငုပ်လျှိုးသွားရတော့တယ် ။
"ကိုကိုက ငယ့်ကို မေ့သွားရင် ဘယ်လိုလုပ်မလဲ"
"အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့ ငယ် အတိတ်မေ့သွားမှသာ ကိုကို ငယ့်ကိုမေ့လိမ့်မယ်"
"ယုံရမှာလား"
"မင်းသဘောပဲ "
"မဟုတ်ပါဘူး...ငယ်က စိုးရိမ်လို့ပါ"
"ကျောင်းက ဘယ်နေ့တကျရမှာလဲ"
"မတ်လ ၂၆ ရက်နေ့ "
"သိပ်တောင် မလိုတော့ဘူးပဲ"
ဆောင်းက ဒီနှစ် ဆယ်တန်းကို ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာပဲ တက်ဖို့အတွက် မာမီကစီစဉ်ကာ သူကိုယ်တိုင်လည်း ဆောင်း ကိုနားချ ၊ ကိုကို့ကိုလည်း စစ်ကူခေါ်ကာ နှစ်ယောက်သား ဝိုင်းပြီးပြောကြသဖြင့်
ဆောင်း ခေါင်းညိမ့်လိုက်ရတော့သည်။
မာမီကတော့ ဆောင်း ပညာရေးကို ဒီထက်ပိုကောင်းစေချင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ၊ ကိုကိုကတော့
ဆယ်တန်းဝိုင်းမှာလည်း ထက်မှူးအိမ်ပါသည် ဆိုသည့် တစ်ချက် ၊ နောက်တစ်ချက်ကတော့ မာမီ့နည်းတူ ဆောငျးပညာရေးကို ကောင်းကောင်းမွန်မွန်နဲ့ သေချာအာရုံစိုက်နိုင်အောင် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့
ဆောင်းကို ကိုယ်ပိုင်ကျောင်းသို့ သွင်းလေတော့သည် ။
သော်နဲ့ကတော့ ဝမ်းနည်းဖို့ကောင်းစွာ ဒီတစ်နှစ်တော့ ခွဲရမည် ။
YOU ARE READING
In The End
Random(Zawgyi + Unicode) နောက်ဆုံးအနေနဲ့ ချစ်ပါတယ်...... နောက်ဆုံးအနေနဲ့ ချစ်ပါတယ်......