Part 6

6.9K 509 13
                                    


(Zawgyi)

သွန်း လှလေးပြောပြ၍ ကလေးငယ်ကရဲ့ Facebook account ကိုသိကာ
ထိုင်ရှာနေခြင်းဖြစ်သည်....

တွေ့ပြီ...
သွန်း ဝမ်းသားအားရ acc ထဲကို ဝင်ကြည့်လိုက်သည်....
Profile ကို ကလေးငယ်က သူ့ပုံကိုပဲထားသည်...cover မှာတော့ သူသဘောကျတဲ့ Twice Sana ရဲ့ ပုံကိုထား ထားသည်...
သွန်း စိတ်ထဲနည်းနည်းတော့ ကလိကလိဖြစ်သွားသည်...တကယ်ဆို
Cover မှာ သွန်းပုံကို ထားရမှာလေ...

သွန်း တွေးပြီးမှ....
အော်...သူနဲ့ငါက ချစ်သူမှမဖြစ်သေးတာပဲလေ.....ဟုပြန်တွေးကာ စိတ်ကိုပြန်လျှော့လိုက်ရတယ်.....

*တောင် တောင်*

Messenger မှ စာဝင်လာခြင်းဖြစ်သည် စိမ်းလဲ့ညိုပဲ...😑

ဟဲ့...အသွန်း..ထ ၃ နှစ်တစ်ရာပြည့်နဲ့ ဆရာကန်တော့ပွဲသွားမှာမလား

သွားမှာပေါ့ ငါက သီချင်းပါဆိုရမှာ

အယ်မယ်...အောင်မြင်နေတယ်ပေါ့

ငါကချောတယ်လေ...ပြီးတော့ဖြူဖြူလေး

နင်...စကားကိုလွတ်အောင်ပြော

အမဲလုံးလေးကလည်း...

နင်သေတော့မယ်....

စတာ...ချစ်လို့... ငါဆိုဖို့သီချင်းရွေးပေးဦးဟဲ့

Freshers' welcome မှာဆိုတဲ့ သီချင်းလေးကောင်းသားပဲ
I'm yours မလား

ကျေးဇူးပဲ....နှစ်တစ်ရာပြည့်မှာ ငါဆိုချင်တာက ခပ်မြူးမြူးလေးဆိုချင်တာ အဆင်ပြေပါ့မလား မသိဘူး

ပြေတယ်တယ်ဟယ်...မေးကြည့်ကြတာပေါ့...ပွဲစီစဉ်တဲ့လူတွေကို

အင်းပေါ့လေ

ဟဲ့ငါစာလုပ်ရဦးမယ်...

အေး..သွားလုပ်လေ....တာ့တာ..

သွန်း စိမ်းလဲ့ကို နှုတ်ဆက်လိုက်ပြီး
ကြည့်လက်စ ကလေးငယ်ရဲ့ acc ကို ပြန်ကြည့်လိုက်တယ်..

အင်း...ကလေးငယ်က ကဗျာတွေစာတွေ ကို နှစ်သက်ပုံပဲ....ကြိုက်တယ်...
သဘောကျတယ်.....

မျက်နှာကထုံးစံလို တည်
မနေဘဲ ပြုံးနေမိတယ်....ကလေးငယ်...မင်းကြောင့်..ကိုယ်အစစ်အမှန်ပြုံးတတ်လာတယ်...
သို့ပေမယ်...ထိုအပြုံးတွေဟာ
ကလေးငယ်ရဲ့ post တစ်ခုအောက်တွင် ပျောက်ကွယ်သွားခဲ့တယ်....

In The EndWhere stories live. Discover now