Part 11

6.1K 510 14
                                    


(Zawgyi)

"ချစ်တယ်..."

"ရှင်"

"ဟုတ်တယ် ကလေးငယ်ကို ချစ်တယ်.."

ညနေ ၆ နာရီမှာ တက်ရတဲ့ ကျူရှင်အိမ်ဆီကို ၆ နာရီခွဲမှာ ဆိုင်ကယ်ကြီးနဲ့ရောက်လာပြီး...
ကျူရှင်က ဆရာမကို ဆောင်းကိုခေါ်သွားမယ် ခွင့်ပြုပေးပါတဲ့...
ဆရာမကလည်း ကြည်ဖြူဖြူပဲ ခွင့်ပြုပေးတယ်...
အံသြလိုက်တာ...ဆရာမကို ဘယ်လိုလုပ်လိုက်တာပါလိမ့် စည်းကမ်းအရမ်းကြီးလို့ တစ်မြို့လုံးမှာ အရမ်းနာမည်ကြီးတဲ့ ဆရာမကို စာသင်ချိန် မပြည့်သေးပဲနဲ့ မိဘမဟုတ်တဲ့ သူက လာခေါ်တာကို ကြည်ဖြူစွာနဲ့ ခွင့်ပြုပေးတဲ့
ဆရာမကို အံ့သြ၍မဆုံး....
ဆရာမကိုလည်း စကားလေးတစ်ခွန်းတည်းနဲ့ ဒီလိုဖြစ်အောင် လုပ်သွားနိုင်တဲ့ သူ့ကိုလည်း အားကျသလို..အထင်ကြီးသလို...

သလို သလိုတွေ အများကြီး ခေါင်းထဲမှာ ပြည့်လာတယ်..

ခေါ်သွားတဲ့ နေရာက မြစ်ကမ်းဘေးနားက အတွဲတွေ ပြည့်နေတဲ့ နေရာလှလေးတစ်ခု ဘာလဲဟ...
ပြီးတော့ ရုတ်တရပ်ကြီး ထပြောလိုက်တဲ့စကား ချစ်တယ်ဆိုတဲ့စကား ...
စနေတာမလား?? တကယ်လား??
ခုထိ ဆောင်းနားမလည်နိုင်သေး

"အခုဘယ်လိုပြောလိုက်တာ "

" ချစ်တယ်လို့ ဆောင်းနှင်းစက်ကို ဒီက
နန္ဒီသွန်းက ချစ်တယ်လို့"

"တကယ်ကြီးပြောနေတာလား"

"မယုံတာလား ဒါဆို အိမ်လိုက်ခဲ့"

"ဘာစကားတွေ လာပြောနေတာလဲ"

နီမြန်းသွားတဲ့ မျက်နှာကို ဘယ်ထားရမှန်းမသိ ...

" ငယ့်ကို ချစ်တဲ့အကြောင်းတွေကို ပြောချင်လို့ပါ "

"အိမ်မှာပြောမှရမှာလား"

"ပြောရမှာက အများကြီးလေ...ပြီးတော့ ကိုယ့် မိဘတွေကိုပါ တစ်ခါတည်း
ငယ့်မိဘတွေဆီကို လာပြီး ငယ့်ကိုလာတောင်းဖို့ ပြောပြီးသားဖြစ်သွားအောင်"

"ပေါက်ကရတွေမပြောစမ်းနဲ့"

"မပြောတော့ဘူး...အဲ့တော့ ငယ် ကို့ကို ချစ်လား"

စတွေ့ကတည်းက အေးစက်စက်မျက်ဝန်းတွေ အခုတော့ မျှော်လင့်ချက်တွေ ပြည့်နေတဲ့မျက်ဝန်းတွေ ဖြစ်နေပြီ...
တစ်ချက်တစ်ချက် အချစ်ရိပ်ဖြာလေးတွေလည်း တွေ့မိတယ်
သူမလိမ္ဘူးပဲ.....။

In The EndWhere stories live. Discover now