(Zawgyi)"ငယ် ဘာလုပ်ကြမလဲ"
"ဘာလုပ်ရမှာလဲ"
" အပြင်သွားမလား"
"နေပူတယ်...."
"ကိုကို...ဖဲရိုက်ကြမယ်"
"OK...ခဏစောင့်ျ"
အခန်းထဲသို့ဝင်ကာ ဗီဒိုထဲက ဖဲထုတ်ကိုယူလိုက်တယ်...
"ဘာကြေးဆော့မှာလဲ"
"ငယ် ရှုံးရင် ကိုကိုငယ့်ကို နမ်းမယ်
ကိုကို ရှုံးရင် ငယ် ကိုကို့ကို နမ်း""အရမ်းတွေနစ်နာမယ်နော် "
"ကိုကိုရှုံးရင် နဖူးတောက်ကွာ
ငယ် ရှုံးရင် ကိုကိုနမ်းမယ်
ဟုတ်ပြီလား""အင်း..ဆော့မယ်"
ဖဲချပ်တွေကို ထုတ်လိုက်တော့
"Woww....ခရမ်းရောင်လေး"
ဖဲချပ်လေးတွေက ခရမ်းရောင်ဖြစ်နေသဖြင့် ငယ်က ထအော်တော့သည်
"ငယ်က ခရမ်းရောင်ကြိုက်တာလား"
"အင်း..."
ဖဲချပ်တွေကို သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် ရောနှောကာ တစ်ယောက်ကို နှစ်ကဒ်ဆီ ဝေလိုက်သည်။
ရှမ်းကိုးမီး ဆော့မယ်ဆိုတော့...ဆောင်း လက်ထဲက ဖဲကဒ်လေးတွေကို ရင်တုန်ပန်းတုန်ဖြင့် ပွတ်ကာ ကြည့်လိုက်သည် ။
Yes!!"၉ပေါက်"
"ကိုက ၇ပေါကတြညြးရယြ"
"ဟားဟား...လာခဲ့ "
ကိုကိုရဲ့ နဖူးလေးကို တောက် ကနဲ တောက်လိုက်သည် ။
နောက်တစ်ခေါက်မှာလည်း ငယ်ပဲနိုင်ပြန်သည် ။
ငယ် နိုင်သည် ။ ငယ်ပဲနိုင်သည် ။
ငယ် ကိုးပေါက် ။ ငယ်နိုင်ပြန်သည် ။"ငယ်...ဘာလို့ ဖဲရိုက်တာအရမ်းတော်ရတာလဲ''
"မသိဘူး...လေ သူ့ဘာသာနိုင်နေတာကို"
ကိုကို့နဖူးပြင်လေးလည်း နီရဲတွတ်လို့ တစ်ချို့နေရာတွေကို အနည်းငယ်တောင် ဖူးလာသလို...
"ရေး...ကိုးပေါက်ကွ"
"ငယ်က လေးပေါက်တည်းရယ်"
"Yes! ဟဲဟဲ...ကို ဒီတစ်ခါတော့ နိုင်ပြီကွ"
ကိုက ပျော်ရွှင်စွာ ပြုံးလျက် ငယ့်မျက်နှာလေးကိုကိုင်ကာ နှုတ်ခမ်းတွေကို နမ်းလေသည်။
ကိုကိုက ရှုံးသမျှကို အခုတစ်ခါတည်းနဲ့ အနိုင်ပြန်ယူနေလေသည် ။
အနမ်းတွေကို အချိန်အကြာကြီး ဖန်တီးနေလေရဲ့....
YOU ARE READING
In The End
De Todo(Zawgyi + Unicode) နောက်ဆုံးအနေနဲ့ ချစ်ပါတယ်...... နောက်ဆုံးအနေနဲ့ ချစ်ပါတယ်......