(Zawgyi)"မမသွန်း...."
ရတနာမိုးဂီတာဆိုင်မှ လှလေးနဲ့အတူ
ထွက်လာစဉ် ခေါ်သံတစ်ခုကြောင့် အသံလာရာကို လှည့်ကြည့်လိုက်တယ်....အော်...ထိုသူမလေးနဲ့ သူ့ဘေးနားက သူ့သူငယ်ချင်းမလေးတို့ပါလား... သွန်းကိုလှမ်းခေါ်လိုက်တာက
ထိုသူမလေးရဲ့ သူငယ်ချင်း.....နေပါဦး အဲ့ကောင်မလေးကို မြ
င်ဖူးပါတယ်.....မဟုတ်မှလွဲရော..."မမသွန်း သမီးကို မမှတ်မိဘူးလား"
"အင်း....မြင်ဖူးသလိုလိုတော့ ရှိတယ်..."
"မကြီး ယမုံချိုရဲ့ ညီမလေ"
"ယမုံရဲ့ ညီမလေး...သော်တာချိုလား"
"ဟဲ..ဟဲ ဟုတ်ပါ့."
"အာ့ကြောင့် မြင်ဖူးပါတယ်လို့ "
"ဟုတ်...မမ ဂီတာတီးတာ အရမ်းတော်တယ်သိလား"
"ကျေးဇူးပါ...နောက်ကြုံမှ မုန့်ဝယ်ကျွေးမယ်..."
"မှတ်ထားလိုက်ပြီနော်"
"ဟုတ်ပါပြီ...ဒါနဲ့ ကလေးလည်း သီချင်းဆိုတာ တအားကောင်းတယ်..."
သွန်း ထိုသူမလေးကို ပြောလိုက်ခြင်းဖြစ်သည်
"ဟုတ်ကျေးဇူးပါ.."
ငြိမ့်ညောင်းသာယာလှတဲ့ အသံလေးဖြင့် သွန်း ချီးကျူးမှုကို လက်ခံတယ်လေ...
"ဒါနဲ့ ဒီကမမက မမလှလေးနွယ် လားမသိဘူး''
"ဟုတ်ပါတယ်ရှင့်"
လှလေးနဲ့ သော်တာချိုလေး တို့ စကားပြောနေတုန်း....
သွန်း ထိုသူမလေးကို ကြည့်လိုက်တယ်....
အရပ်က ၅ ပေကျော်ရုံလောက်လေးပဲရှိမယ်ထင်တယ်.... အင်းပေါ့လေ ၉ တန်းကျောင်းသူလောက်ပဲ ရှိဦးမှာဆိုတော့...
အသားကတော့ဖြူစွတ်နေတာပဲ
ဂုတ်ထောက်ရုံဆံပင်လေးတွေက
သူ့ကို ပိုမိုချစ်ဖို့ကောင်းအောင် ထောက်ပံ့ပေးနေသယောင်....
လှလေးနဲ့ စကားကောင်းနေတဲ့ သူ့ သူငယ်ချင်းကို ကြည့်လိုက် လမ်းမပေါ်က လူတွေကို ကြည့်လိုက်နဲ့ ......သွန်း ရင်ခုန်သံတွေက ပိုပိုမြန်လာတယ်.... နာမည်လေးတော့ မေးဦးမှပါ
YOU ARE READING
In The End
Random(Zawgyi + Unicode) နောက်ဆုံးအနေနဲ့ ချစ်ပါတယ်...... နောက်ဆုံးအနေနဲ့ ချစ်ပါတယ်......