Part 12

5.7K 491 11
                                    


(Zawgyi)

တက္ကသိုလ်ဆီကိုပဲ နှစ်ယောက်သား
ရောက်နေတယ်....
စာမေးပွဲပြီးသွား၍ ကလေးနှစ်ယောက်ကို သူတို့သွားချင်တဲ့ နေရာကို သွန်းနဲ့ လှလေး လိုက်ပို့ပေးဖြစ်သည်
လှလေးနဲ့ သော်လေး ကတော့
သွန်းတို့နဲ့ အတူရှိမနေ...
သော်လေးက ဗိုက်ဆာတယ် ဟုဂျီကျသဖြင့် လှလေးကခေါ်သွားလေရဲ့...
သွန်းနဲ့ ငယ်ပဲ ဒီ တက္ကသိုလ်ထဲမှာ ကျန်ခဲ့သည်....

" ကိုကို "

"ငယ် ပြောလေ"

" ကိုကိုအရပ်ကအရှည်ကြီးပဲနော်..."

"၅ ပေ ၉ လက်မလေ"

" ဆောင်းက၅ပေ ၃ ပဲရှိတာ"

"ကလေးမ အားကျနေပြီမလား"

"အားမကျပါဘူး... ကိုကိုက ဆောင်းအပိုင်ပဲဟာ ကိုကိုပိုင်သမျှ ဆောင်း ပိုင်တယ်"

ငယ် အခုဘာပြောလိုက်တာလဲ..
ငယ်ရဲ့ စကားက ဘာအဓိပ်ပါယျလဲ...
သွန်း ခေါင်းထဲ ရှုပ်လာသည်...

"ငယ်..ငယ့် စကားက..ဘာကိုဆိုလို"

"ချစ်တယ်...ကိုကို့ကို ချစ်တယ်"

"ငယ်...."

ငယ်က သွန်း အဖြစ်ကို ကြည့်ရင်း ရယ်နေလေရဲ့...

"ငယ် တကယ်ကျေးဇူးပါ...
ကို့ကို ပြန်ချစ်ပေးလို့"

ငယ် ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်မိသည်...
မခံစားဖူးခဲ့ဘူး
ဒီလို နွေးထွေးလှတဲ့ အေးချမ်းလှတဲ့
ခံစားချက်...
ွငယ်...မင်းကိုတော့ ကိုယ် လက်လွတ်ဖို့ခဲယဉ်းတော့မယ်...

ရင်ခွင်နွေးနွေး ထဲမှာ ခိုလှုံခွင့်ရတော့ တစ်သက်လုံး ဤရင်ခွင်ကျယ်ထဲမှာပဲ
ခိုလှုံချင်တာ ဆောင်း မလွန်ပါဘူးနော်...

ဖက်ထားတာကို ခွာလိုက်ပြီး
ငယ့်ကို မျက်နှာလေးကို သေချာစိုက်ကြည့်ကာ သွေးကြောနီလေးတွေနဲ့ ပြည့်နှက်နေတဲ့ ပါးပြင်လေးကို ကိုင်ကာ
ရေဆို သိပ်သောက်လေ့ မရှိလို့ အနည်းငယ် စိုပြည်နေခြင်း မရှိတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ပေးဖို့ ကြိုးစားမိလိုက်ချိန်.....
ငယ်က မျက်နှာလွဲလိုက်သဖြင့် ပျက်ဆီးသွားခဲ့သည်....

"လူတွေရှိတယ်လေ..."

ငယ်ပြောမှ ဘေးဘီကို သတိရမိတော့တယ်... နောက်တစ်ပတ်ဆိုရင် ဘောလုံးပြိုင်ပွဲတွေ ရှိသဖြင့် လေ့ကျင့်နေတဲ့ လူတွေရှိသည်...

In The EndWhere stories live. Discover now