Part 13

5.7K 446 9
                                    


(Zawgyi)

"ဆရာမက မလာတော့ဘူး ထင်တယ်"

"အေး မလာလောက်တော့ဘူး နာရီဝက်တောင် နောက်ကျနေပြီ"

Bio ဆရာမက နာရီအတော်ကြာထိ ရောကျမလာသေးသဖြင့် ဆောင်းတို့ အကုန်လုံးရဲ့ ရင်ထဲတွင် ပျော်လည်း ပျော်နေသလို ဆရာမ ရောက်မလာပါစေနဲ့လို့ ဆုတောင်းနေရတာလည်း အမော...

ထိုအချိန် သော့် အမေ ရောက်လာပြီး

"ကလေးတွေ ဆရာမက နေမကောင်းလို့ မလာနိုင်တော့ဘူးတဲ့"

"ဆရာမက ဘာဖြစ်တာလဲဟင်"

"နေမကောင်းတာလို့ပဲ ပြောတယ်"

"အော်...ဟုတ်ကဲ့ အန်တီ"

သော့်အမေပြန်သွားတာနှင့်တပြိုက်နက် အကုန်လုံး လက်ခုပ်လက်ဝါးတီးကာ အော်ကြပါတော့တယ်

"သော်...ဂီတာသွားယူပေး"

"အေး...ငါ မ ကိုပါ ခေါ်လိုက်မယ်"

"သဘော...သဘော"

သော်တာချို တစ်ယောက် သူ့မမ လှလေးနွယ်ကို ဖုန်းဆက်ခေါ်ဖို့ အားကြိုး မာန်တက်ပျော်ရွှင်စွာ အိမ်ပေါ်ကို တက်သွားတော့တယ်

" အောင်ထက်သာ သီချင်းဆိုကြမယ်နော်"

ဆောင်းတို့ ကျူရှင်ဝိုင်းထဲက ကရင်ကောင်လေး စောအောင်ထက်သာ ကို
ဆောင်း ပြောလိုက်သည်
သူက ကရင္လူမ်ိဳး ပီသစြာ ဂီတာတီးရာမွာ ေတာ်တော်ကျွမ်းကျင်လေသည်

"ေအး.."

"သော်...အဆင်ပြေလား"

"အင်း..ရော့ ဂီတာ"

ဆောင်းလည်း ပြုံးရွှင်ရွှင်ဖြင့် ဂီတာကို လှမ်းယူကာအောင်ထက်သာကို လှမ်းပေးလိုက်တယ်...

"ဘာသီချင်း ဆိုမှာလဲ"

"ရတယ်..ဘာဖြစ်ဖြစ်"

"လေထဲကအိမ်..."

"အသည်းက ကွဲနေတုန်းပဲလား"

လွန်ခဲ့တဲ့ လ ကမှ သူ့ကောင်မလေးက သူနဲ့ လမ်းခွဲသွားသည်လေ...

"အရှိန်လေးတော့ ကျန်သေးတာပေါ့"

သုံးယောက်သား.ရယ်မောမိကြသည်

ဂီတာသံလှလှလေးက အခန်းအတွင်း ပျံ့နှံ့လာသည်....

အောင်ထက်သာ နဲ့ အတူ ဆောင်း လည်း သီချင်းလေးကို ဆိုကြတယ်...

In The EndWhere stories live. Discover now