(Zawgyi)"မေမေ...ဒါသမီး ကောင်မလေး"
ဆိုင်ရဲ့စာရင်းတွေကို မျက်မှန်ကြီးတပ်ကာ ရှင်းနေတဲ့ မေမေရဲ့ မျက်လုံးတွေ ပြူးကျယ်ကုန်သည် ။
"သွန်း ကလေးလေးက ငယ်ငယ်လေးရယ်"
"ငယ်ငယ်ပေါ့... မေမေက သဘောမကျလို့လား"
"ဟဲ့ သဘောမကျစရာလားဟဲ့"
မေမေက သွန်းကို လေသံကျယ်ကျယ်လေးဖြင့် အော်လိုက်ကာ ငယ့်ကိုသေချာခြေဆုံးခေါင်းဆုံး ကြည့်နေလေသည်။
"သမီးလေးက အသက်ဘယ်လောက်ရှိပြီတုန်း"
"၁၆ ပြည့်ပြီးပါပြီ အန်တီ"
"အော် တအားငယ်သေးတာပဲ
၁၆ဆိုတော့ ဆယ်တန်းဖြေပြီးသွားပြီပေါ့""ဟုတ်ကဲ့ "
"ငယ်က ဘာသာစုံဂုဏ်ထူးရှင်ကြီးလေ မေမေရဲ့"
"ဟယ် သမီးလေးက တော်လိုက်တာ
မိသွန်းနဲ့များ တခြားဆီ ""သွန်းက ဘယ်နားကနေ ဘယ်လိုပါလာရတာတုန်း"
"ပါးစပ်ပိတ်စမ်း ဒီမှာ သမီးလေးနဲ့ စကားပြောနေတယ်လေ"
"မေမေ..."
ဆောင်း ကိုကို့ရဲ့လက်ကို တစ်ချက်ဖျစ်ညစ်လိုက်သည် ။
ကိုကိုထံမှ ဘာအသံမျှ ထပ်မထွက်တော့... ။"သမီးလေး အန်တီ့ရဲ့ ချွေးမ လုပ်မယ်မလားဟင်"
"ရှင် "
ဆောင်း အံ့သြစွာနဲ့အော်လိုက်မိသည်။
ကိုကို့ကို ကြည့်လိုက်တော့ ဆောင်းကို ပြုံးကာစိုက်ကြည့်နေလေသည်။"မလန့်သွားပါနဲ့ မိသွန်းတို့ကတော့ ဒီတစ်ခါတော့ တော်သွားပြီကွာ သမီးလေးလို လှလှပပ ထက်ထက်မြက်မြက်ရှိမယ့် ကောင်မလေးကို တှေ့လာတာပဲ"
"မေမေ့သမီးပါ..အဟင်း ဟင်း"
ကိုကိုရဲ့ ပြီပြီတီတီနဲ့ စနေတဲ့ ရုပ်ကြီးကိုကြည့်ရင် ဆောင်း အသည်းတွေယားလာသည်။
ကိုက်ပလိုက်ချင်တာ..."မေမေ စာရင်းတွေ စစ်နေတာမလား
သွန်းတို့ အခန်းထဲသွားတော့မယ်
မေမေ့ကို မနှောင့်ယှက်တော့ဘူးနော်"

YOU ARE READING
In The End
Losowe(Zawgyi + Unicode) နောက်ဆုံးအနေနဲ့ ချစ်ပါတယ်...... နောက်ဆုံးအနေနဲ့ ချစ်ပါတယ်......