Part 21

4.8K 361 3
                                    

(Zawgyi)

"မနက်ဖြန် Valentine's day နော်"

"နင်တို့ကတော့ ချောကလက်ကျွေးမယ့် သူရှိတာပေါ့ ငါတို့ကတော့"

"နင်တို့က ယောက်ျားလေးတွေလေ
နင်တို့က ပေးရမှာကို .....ချောကလက်စားချင်ရင်လည်း Seme ကြီးသာ ရှာလိုက်"

ရှုံ့တွသွားတဲ့ အောင်ထက်သာရဲ့ မျက်နှာကြီးကို ကြည့်ပြီး ဆောင်း ကြိတ်ပြီးရယ်လိုက်မိတယ်...

"ဆောင်းရေ...လာဦး "

သော်က လှမ်းခေါ်သဖြင့် ဆောင်း သွားလိုက်သည် ။
ကျောင်းအပေါ်ထပ် ကော်ရစ်ဒါပေါ် နှစ်ယောက်သား ထိုင်ချလိုက်ရင်း

"ရော့ နင့်အတွက်တဲ့ မမ ပေးလိုက်တာ"

"ငါလေး အရမ်းကံကောင်းနေတာပဲ
နင့်မမဆီကလည်း ချောကလက်စားရသလို ကိုကို့ဆီကလည်း ချောကလက်ရဦးမယ် "

ဆောင်း ဂုဏ်ယူနေတဲ့လေသံလေးနှင့် ပြောလိုက်ကာ အလှအိတ်ထဲမှာ ထည့်ထားတဲ့ ချောကလက်တစ်တောင့်ကို ယူကာ ဖောက်စားလိုက်သည် ။

"ဂျယ်လီတွေရော ပါတယ်နော်
ချောကလက်တွေလည်း အများကြီးပဲ"

"အေး ချင့်ချိန်စားနော် ဆောင်း
ပြီးတော့ ချောင်းတဟွတ်ဟွတ်နဲ့ နေဦးမယ်"

"အေးပါ...ကိုကိုပေးမယ့် ချောကလက်ကို အရမ်းစားချင်နေပြီ"

"မနက်ဖြန်တစ်ရက်ပဲ စောင့်ရမှာကို "

"နင့် မမလှလေးနွယ်က ဘာလို့ မနက်ဖြန် Valentine's day
ကျမှ မပေးဘဲ ဘာလို့ဒီနေ့ပေးရတာလဲ"

"ကျောင်းထဲကို ဝင်မပေးရဲလို့တဲ့လေ
သူက နင့်ကိုကိုလို ဒီကျောင်းထွက်မဟုတ်တော့...
ဒါတွေကလည်း ညကတည်းက လာပေးထားတာ"

"နင့်အမေ ဘာမှမပြောဘူးလား"

"ဘာမှမပြောဘူး...မမကို သူသဘောကျပုံပဲ ဖေဖေကလည်း ဘာမှမပြောဘူး အရင်တုန်းကဆို ငါဘယ်သွားသွား စိတ်မချတဲ့လူက မမနဲ့သာဆိုရင် ဘာပဲသွားသွား စိတ်ချတယ်တဲ့
ညတုန်းက မမက သူ့အိမ်အတွက် ဘုရားပန်းဝယ်ဖို့ ငါ့ကို ပန်းဆိုင်ကို ခေါ်သွားတာ ဘာမှမပြောဘူး
တကယ်...မမ အစွမ်း အံ့မခန်းပဲ"

In The EndWhere stories live. Discover now