Part 26

5.2K 397 51
                                    

(Zawgyi)

ဇူလိုင်လ ရဲ့ လလယ်လောက်
မိုးတွေအသည်းအထန် ရွာနေတဲ့ ညနေခင်း ....

ဆောင်း ဂိုက်ပြပေးနေရတဲ့ ကလေးရဲ့ အိမ်ကနေ ထီးလေးဆောင်းကာ ပြင်းထန်လွန်းတဲ့ မိုးရေတွေကြားမှာ ခပ်သုတ်သုတ်လျှောက်ကာ
အိမ်သို့ပြန်လာနေတယ် ။
အိမ်နားရောက်ခါနီး လမ်းလယ်လောက်မှာ ခံစားလိုက်ရတဲ့ ခံစားမှု
ဆောင်းရဲ့ ထီးကို တစ်စုံတစ်ယောက်က ဆတ်ကနဲနောက်ကနေ လှမ်းအဆွဲ အဟုန်ပြင်းတဲ့ လေကြမ်းကလည်း ဆောင့်ကာ အတိုက် ဆောင်းရဲ့ ပိန်ပါးလှပ်တဲ့ ခန္ဓာကိုယ်က ထီးကိုလှမ်းဆွဲတဲ့ တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ပြိုကျသွားတော့တယ်။
ရေတွေရွဲစိုနေတဲ့ ထိုလူကြောင့် ဆောင်း ပါရေတွေ စိုစွတ်စပြုလာတယ် ။
ထို ရင်ခွင်ထဲကနေ ထွက်ဖို့အလုပ် နှာခေါင်းဝမှာ ရှူရှိုက်လိုက်ရတဲ့ ကိုယ်သင်းနံ့ ။
မဝံ့မရဲနဲ့ ထိုလူကို မော့ကြည့်လိုက်တော့

ဆောင်း မျက်လုံးတွေတောင် ပျာဝေသွားရတယ် ။
ထိုလူရဲ့ မျက်နှာက မော့ကာသူ့ကိုကြည့်နေတဲ့ ဆောင်းမျက်နှာနားကို ငုံကာနီးကပ်လာပြီး ဆောင်းရဲ့ နှုတ်ခမ်းတွေကို သူရဲ့အေးစက်နေတဲ့ နှုတ်ခမ်းတွေနဲ့
လာထိတွေ့လေရဲ့...
မိုးရွာနေလို့ လူသူသိပ်မရှိပေမယ့် ဘေးနားကနေ ဖြတ်သွားတဲ့ ဆိုင်ကယ်တစ်စီးကြောင့် အနမ်းတွေကြားက ဆောင်း.နှုတ်ခမ်းလေး လွတ်မြောက်သွားရတယ် ။

"လွမ်းနေခဲ့တာ"

ဆောင်း ဘာမှပြန်မပြောပဲ ထိုသူကိုသာ ငေးစိုက်ကြည့်နေမိတယ် ။

X x x x x x x x x x x x x x x x x X

ကော်ဖီကို ဇွန်းဖြင့်မွှေရင်း စိတ်ထဲမှာ မျိုးစုံအတွေးတွေ လွန်ဆွဲနေတယ် ။
သူ့ကို ဘယ်လိုစကားမျိုးပြောရမှာလဲ။
မာနထိန်းကာ ဟန်ဆောင်ပြီး
ရင့်ရင့်သီးသီး ပြောရမှာလား၊ နှလုံးသားထဲကအတိုင်း သူ့နှုတ်ခမ်းတွေကို နမ်းရင်း လွမ်းနေတဲ့ အကြောင်းတွေကို ပြောရမှာလား။
ဆုံးဖြတ်ချက် မချနိုင်သေးခင်မှာပဲ
နောက်နားက ခြေသံကို ကြားရသဖြင့်
ကော်ဖီကို မွှေနေခြင်းအား ရပ်ကာ ကော်ဖီခွက်ကို သူ့ထံကမ်းပေးလိုက်တယ်။

"အခန်းထဲမှာ နွေးနွေးထွေးထွေး မနေဘဲနဲ့ ဘာလို့ အပြင်ထွက်လာတာလဲ အေးကအေးနဲ့"

In The EndWhere stories live. Discover now