(Zawgyi)
ငယ့်ကို ကြိုဖို့ ငယ့်ရဲ့ကျောင်း တစ်နည်း တစ်ချိန်ကသွန်းရဲ့ကျောင်းတော်ကြီးရှေ့ဆီ သွန်း ရောက်နေတယ်
ကျောင်းဆင်းဖို့အချိန်က အနည်းငယ်လိုသေးသဖြင့် ဆိုင်ကယ်ပေါ်မှာပဲထိုင်ကာ ငယ်တို့ထွက်အလာကို စောင့်နေမိသည်...
တစတစနဲ့ ကျောင်းသူကျောင်းသားတွေကို လာကြိုတဲ့လူတွေများလာတယ်...
ဆရာမတစ်ယောက်က ကျောင်းတံခါးကိုလာဖွင့်တယ်။ဟော....ထွက်လာကြပြီ...
ကျောင်းသူလေးတွေ တစ်ယောက်ပြီးတစ်ယောက် ကျောင်းထဲမှထွက်လာတယ်။
သွန်း ပြုံးနေမိတယ် သွန်း ကိုမြင်ရင် ဖြစ်သွားမယ့် အံ့သြသွားမယ့် ငယ့်ရဲ့ မျက်နှာလေးကို....သို့ပေမယ့် သွန်းရဲ့အပြုံးတွေက ပျောက်ကွယ်သွားရတော့တယ်
ငယ့်ဘေးနားက ကောင်မလေးက ဘယ်သူလဲ
ငယ်ရဲ့ ပခုံးကိုဖက်ထားပြီး ပါးနုနုလေးတွေကိုလည်း သူ့လက်တွေနဲ့ ဖျစ်နေတယ်...
သူဘယ်သူလဲ...ငယ် ဘာလို့ပြုံးနေရတာလဲ
အပြင်ကိုရောက်တဲ့အထိ ငယ့်ရဲ့ ပခုံးကိုဖက်ထားကို မလွှတ်ပေးသည့်အပြင်
ခေါင်းချင်းဆိုင်ပြီး စကားတွေပြောလိုက်ကြနဲ့ ရယ်လိုက်ပြုံးလိုက်ကြနဲ့
ငယ် မင်းတော်တော်ပျော်နေတယ်ပေါ့သွန်း သူတို့ဆီကို မြန်မြန်လျှောက်သွားလိုက်ပြီး
"ဆောင်းနှင်းစက်!!!"
"ဘုရား!!"
အတန်းထဲက သူငယ်ချင်းနဲ့စကားပြောနေတုန်း ဆောင်းနာမည်ကို ခေါ်သံကြောင့် လန့်သွားလေသည်
အသံကကျယ်လွန်းသည်
ဒေါသတွေလည်း ပါနေသယောင်"လိုက်ခဲ့"
"ကိုကို...ဘယ်လိုရောက်လာ..."
လက်ကို ဆောငျ့ဆှဲကာ ခေါ်လာလိုက်တယ်...
မရဘူးငယ် မင်းနဲ့ပက်သတ်ရင် မရဘူး ငယ်...
မင်းက ငါ့အပိုင်ပဲ တခြားလူတွေနဲ့ မင်းရယ်မောနေဖို့မလိုဘူး ငါ့ကြောင့်ပဲ မင်းရယ်ရမယ် ငိုရမယ်
ငါ့ကြောင့်ပဲ...မင်းဆိုတာဖြစ်တည်ရမယ်X x x x x x x x x x x x x X
"ကိုကို ဘယ်ကနေဘယ်လိုရောက်လာတာလဲဟင်"
"ကိုကို..."
"စိတ်ဆိုးနေတာလား...ကိုကို ဘာဖြစ်နေတာလဲ"
![](https://img.wattpad.com/cover/223842645-288-k837235.jpg)
YOU ARE READING
In The End
Random(Zawgyi + Unicode) နောက်ဆုံးအနေနဲ့ ချစ်ပါတယ်...... နောက်ဆုံးအနေနဲ့ ချစ်ပါတယ်......