နီညိုနေသော ကောင်းကင်တစ်ခုတို့ နေဝင်ခါနီးမို့ မှောင်စပြုလာသော အခြေအနေတစ်ရပ်သို့ မသိမသာ တိတ်တဆိတ်ကူးပြောင်းလာနေသည်။ထိုသို့ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တစ်ခုကို တုန်လှုပ်လိုက်စေသော လူတစ်ယောက်၏ အသံက အခန်းတစ်ခုလုံးကို တုန်းဟီးလိုက်သလို...
"ဟမ်း......!'' မင်းစက်ရဲ့အော်သံက ကျယ်လောင်သော်လည်း ဘယ်သို့ဘယ်ဝါမသိသော ခံစားချက်မှုကြောင့် အတွေးတွင် နှစ်မြုပ်နေသော ရှိုင်းဝေခ အဖို့ ဘာမှ မဖစ်သသိုပင်။ထို့နောက် အေးတိအေးစက်ဖစ်နေသော ရှိုင်းဝေခ အား မင်းစက်တစ်ယောက် ကြောင်ကာ ကြည့်နေလေသည်။
"ဟုတ်တယ်...မင်းစက်...ငါ..ဘန်နီ့ကို ချစ်နေပီထင်တယ်..'' မင်းစက်လဲ ကြောင်တောင်တောင်ဖစ်နေတုံး။
"ဟျောင်...မင်းဟုတ်မှလဲ လုပ်အုံးကွာ...''
"တကယ်ပါ...။အာ့တာ နောက်မှ ဆက်ဆွေးနွေးတာပေါ့ ထတော့ အအေးပတ်တော့မယ်...''
"အေအေ...'' ရေစိမ်နေရာမှထကာ ရေချိုးပီးနောက် ညဝတ် အင်္ကျီဖြင့် ထွက်လာလေသည်။ ထို့နောက် အထိန်းတော်အား....ညထမင်းစားရန်ပြင်ခိုင်းထားပီးနောက်လုပ်စရာရှိတာ လုပ်ကာ ယောကျာ်းလေးတို့တစ်ညတာအလုပ်အရ သောက်ရန် ပြင်ဆင်လေတော့သည်။...
ထို့နောက် အရက်အကြောင်းသိသော မင်းစက်ကတော့ ကိုယ်တိုင်စပ်ပေး ကာ ရှိူင်းဝေခ အား ချပေးလေသည်။ထိုအခါ ရှိုင်းဝေခလည်း စပ်ပေးထားသော အရက်ခွက်အား ကောက်ယူလိုက်ကာ ဇိမ်ပြေစွာ သောက်နေသည်။ သောက်နေသော ရှိုင်းဝေခကို ငေးကြည့်ရင်း မင်းစက်တစ်ယောက်။
"စောနက စကား ဆက်ကြရအောင်.. အစအဆုံးပြောပြပါအုံး..''
သောက်လက်စခွက် ကို ချလိုက်ကာ မင်းစက်အား ကြည့်ရင်း..
"ဇာတ်လမ်းက ဒီလိုကွ...''
"အင်း...ဆိုပါအုံး...'' စိတ်ဝင်တစားဖြင့် ကြည့်နေသော မင်းစက်။ တစ်ဖက်ကလဲ ဒီညတော့ အမူးသောက်ပီး ခံစားချက်တွေ ပေါက်ကွဲပစ်မယ်ဆို အနေအထားဖြင့် အရှိန်ယူကာ....
"ကျောင်းစဖွင့်တဲ့နေ့ မင်းတောင် ငါ့ကို အင်္ကျီတွေ ပေလာတယ်။ ဘာဖစ်တာလဲလို့မေးတယ်လေ''
"အင်း...''
"အာ့တာ သူပေါ့ကွ..''
"အိုဟိုး တိုက်ဆိုင်လိုက်တာ..''
"တိုက်ဆိုင်တာက တစ်ခုမကဘူး..အက်တုံးက တစ်ခါ။ပီးတော့ ကန်တင်းမှာ မာဖလာပေးတုံးက ဘယ်သူမရိပ်မိလိုက်ပဲ နမ်းမိတေးတယ်။...''
"ဟမ်း...!''
"ဟုတ်တယ် အက်တုံးက မတော်တဆပေမဲ့။ နောက်တစ်ခါက ဆေးရုံတက်ကမဲ့ နေ့က ငါ့ဆီလာပီး ငါ့နှုတ်ခမ်းလေးကို ထိမယ်အလုပ် ငါက ရည်ရွယ်ချက်ရှိရှိနက် အက်တုံးက တစ်ခါ ထပ်နမ်းလိုက်တေးတယ်...''
"မင်းက သွက်လှချေလား...နက်ဖြန် wellcomeမှာ ဖွင့်ပြောပီး တတိယအနမ်းနဲ့ သိမ်းပိုက်လိုက်တော့...'' မျက်လုံးတစ်ဖိတ်မှိတ်ပြကာ အားတက်နေဟန်ဖြင့် အချီကြီးတွယ်လိုက်တော့ဆိုသော အမူအရာလုပ်၍ အားပေးနေသည်။ မင်းစက်ပြောမှု ကြောင့် တစ်ချက်ရီလိုက်ကာ သောက်လက်စခွက်ကို ပြန်ယူလိုက်ကာ ''ဟုတ်ပီ.... မင်း ကူညီရမယ်နော်..စိတ်ချမယ်..'' ထိုအပြောကို မင်းစက်လဲ ခွက်ကို cheerဟူသော အမူအရာဖြင့် လက်ခံလိုက်သည်။
"Okay......။နက်ဖြန် အကောင်အထည်ဖော်ကြတာပေါ့...''
မင်းစက်နဲ့ ရှိုင်းဝေခတို့ ခွက်ချင်းတိုက်ကာ နက်ဖြန်ဘာဖြစ်မလဲ မသိပေမဲ့ ကြိုပီး အောင်ပွဲခံထားကာ ညလုံးပေါက်ကုန်ဆုံးသွားလေသည်။....
~~~~~~~~~~~~~~~~~~~~~~~
Ring~~ring~~ring(alarm)
Alarmမြည်သံကြောင့် နိုးလာသော ဘန်နီ...။အိပ်ရာမှ မထတေးဘဲ alarmကို ပိတ်ပီးနောက် ဖုန်းကိုလှမ်းယူကာ လိုင်းအရင်သုံးနေသည်။..လိုင်းဖွင့်တာနဲ့ messagerမှ messageလေးတစ်ခု ရောက်လာသည်။ ''morning bunny🐰💜'' ဟိန်းဇေမှပို့ထားသောစာလေး တစ်ခု။ replyပြန်မလို့ လုပ်သော်လည်း ဘာရေးလို့ ရေးမလဲ မသိတာနဲ့ ''အင်း''လို့သာ ရေးလိုက်သည်။ ထို့နောက် အိမ်အောက်မှ ကြားနေကြ အသံ စူးစူးတစ်ခု ။ ထုံးစံအတိုင်း ဘယ်သူလဲလို့မေးနေစရာ မလို။ ကြိုမှန်းစရာလဲမလို တန်းသိလေသည်။...
ထို့နောက် အိပ်ရာမှ ထကာ အောက်ထပ်သို့ ဆင်းလေသည်။မေမေ့အနား ကပ်နေသော ပန်စီ။ အမြဲ မေမေ့သမီး ဖစ်ချင်နေလေသည်။ လှေကားမှ ဆင်းဆင်းရင်းနဲ့ မျက်မှောင်ကြုတ်ကာ ကြည့်နေလေသူ ဘန်နီ။ ဆင်းလာသော ခြေသံ ကြောင့် ဘန်နီမှန်း သိ၍ လှည့်ကြည့်လိုက်ကာ....အန်တီမေသဇင်ဆီမှ ခွာလိုက်ကာ ဘန်နီ့ဆီပြေးလာရင်း ဖက်လိုက်ကာ ...
"ငါ့မောင်လေး....''ဆိုပီး ကာပြုံးနေလေသည်။ အတွင်းစိတ်မှာတော့... ''ငါ့မောင်လေး..ငါ့ရန်သူကြီး😈''။ဟန်ဆောင်အပြုံးတို့အား သုံးကာ လူကို သတ်တော့မည့်အလားပင်။ ထို့ကြောင့် အပြုံးတို့က ချိုမြန်သလို ကြောက်စရာကောင်းသော အချိန်လဲ ရှိပေသည်။ တစ်ချိန်တွင် နောက်ကျောကို ဓားနဲ့ထိုးသူက မည်သူမှမဟုတ် အနီးဆုံးက လူကပင် ဖြစ်လာတော့မည်။ ဘယ်အချိန်ဘယ်ဝါမှန်းမသိပေမဲ့ ပန်စီ့စိတ်ထဲတွင် မသိရသော အကြံအစည်များစွာက ကြိုတင်စီစဥ်ထားသလို၊ဘယ်အချိန်တွင် ဘယ်လိုဒုက္ခတွေက စောင့်ကြိုနေမလဲ မသိရပေ။...ထိုအပြုံးတို့ကို မသိသော ဘန်နီကတော့ ရိုးသားသော အပြုံးတစ်ခုလိုပဲ မြင်ယောင်နေဆဲ...။ သူ့အမ...သူ့သူငယ်ချင်း..သတ်မှတ်ထားသူက သူ့ကို ဘယ်နေ့ ဒုက္ခတွေစုပုံပေးတော့မလဲဆိုတာကို မသိပေ။..
"A..o.. ဘာလာလုပ်တာလဲ pansy..''
"နင့်ဆီလာတာလေ ကျောင်းသွားမလို့ ဒီနေ့ wellcomeလေ..''
"အင်း သိတယ်လေ..ငါတောင် ညကတည်းက အင်္ကျီတွေပြင်ဆင်နေတာ..''
"ဟုတ်လား ပြအုံး ငါကြည့်ပေးမယ် လိုက်လားလို့..''
"Ommm...။ဒါနဲ့နေပါအုံး.. ရှိုင်းလာမခေါ်ဘူးလား...နင့်ကို...''
"မခေါ်ဘူးလေ သူနဲ့က ဘာမှ မဟုတ်တော့ပါဘူး..'' ထိုစကားကြောင့် ဘန်နီလဲ နည်းနည်းကြောင်သွားကာ..
"ဟမ်း..!!''
"ကယ်...လာပါ...နင်လုပ်စရာရှိတာလုပ်နေတုံး..ငါအစအဆုံးပြောပြမယ်။ဟုတ်ပီလား..လာပါ...'' ဘန်နီ့လက်ကို ဆွဲကာ အပေါ်ထပ်သို့ တက်သွားလေသည်။
အပေါ်ထပ်သို့အရောက် ဘန်နီ့ အခန်းထဲသို့ ဝင်ကာ ဘန်နီ ပြင်ထားသော အဝတ်အစားတို့အားကြည့်နေသော ပန်စီ။တစ်ဖက်မှာလဲ သွားတိုက် ရေချိုး မျက်နှာသစ်လုပ်နေသော ဘန်နီတစ်ယောက် ရေချိုးခန်းထဲမှ လှမ်းမေးနေလေသည်။
"ပန်စီ....စောနက အကြောင်းဆက်ပါအုံး..''
အင်္ကျီတွေအား ဖြန့်ကြည့်ရင်း ရေချိုးခန်းဘက် မျက်နှာ လှည့်လိုက်ကာ ပြောနေလေသည်။
"အာ့တာလား..ထွေထွေထူးထူးမဟုတ်ပါဘူး..မနေ့က first date..ပီးတော့ ရန်ဖြစ်တယ်..ပီးတော့ လမ်းခွဲလိုက်တယ်..အာ့တာပဲ..''
"ဟမ်း...အဲ့လောက်လွယ်လား..''
"ခစ်ခစ်...လွယ်တာပေါ့ဟ..သူမှ..ငါ့ကိုမချစ်တာ...''
"ဟမ်း....!!'' ရေချိုးခန်းထဲမှ ထွက်လာကာ ခေါင်းကို ရေသုတ်နေရင်း ပြောလာသော ဘန်နီတစ်ယောက် ပန်စီ့ကို ကြည့်နေသည်။..
"သူက ငါ့ကို ချစ်နေတာ မဟုတ်ဘူး...သူချစ်နေတာ တခြားတစ်ယောက် ဒီနေ့တော့သိရမှာပေါ့..ဘယ်သူလဲ ဆိုတာ..''
ထိုစကားကြောင့် ဘန်နီလဲ နည်းနည်းစိတ်လှုပ်ရှားသွားသည်။ထို့နောက် ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်ကာ.. စကားထပ်နှိုက်လေသည်။

VOUS LISEZ
Invisible love (Uni+zawgyi)(complete)
Roman d'amourမိန်းကလေးတွေကိုပဲ ကြိုက်လာသော ရှိုင်းဝေခတစ်ယောက် ချစ်စရာသဖွယ် နုနုယွယွဆန်သော bunnyနဲ့ တွေ့တဲ့အခါမှာ သူ့ကို သူ လက်ခံနိုင်မှာလား... တစ်ဖက်မှာလဲ ပန်စီဆိုသော မိန်းကလေးဟာ bunnyနဲ့ ငယ်ငယ်ခတည်းက ပေါင်းသင်းလာသော မောင်နှမလိုဖစ်နေသော သူငယ်ချင်း။ ငယ်ငယ်ကတည်းက...