သင်္ကြန်အကြိုရဲ့ မနက်ခင်းဆိုပေမဲ့ ရန်ကုန်မှာဖြစ်သည့်အတွက် လူတွေက အနည်းနဲ့အများ စည်ကားနေသည်။ ကားတွေအနည်းငယ်ကျပ်နေလဲ လေဆိပ်ဆီသို့ မောင်းနေသော မင်းစက်တစ်ယောက်။ မနက်စာကလဲ မစားရတေး စိတ်ပေါက်ပေါက်ဖြင့် သွားကြိုသည်။ လေဆိပ်သို့ရောက်သော်လည်း လေယာဥ်က မဆိုက်တေးပေ။ မနက်စာကလဲ မစားရတေးတော့ ဗိုက်ကလဲ တဂွီဂွီမြည်နေသည်။
"ကြာလိုက်တာကွာ....။မင်းကို လာကြိုရတာလဲ လူလဲ သေချင်စော်နံနေပီ....''
ခနနေတော့ လေယာဥ်ဆိုက်ရောက်လာသည်။ အမှုကလဲ ပေါ်၊ bunnyနဲ့လဲ တွေ့ရမယ်ဆိုတော့ တက်ကြွနေသော ရှိုင်းဝေခ။ မဖော်ထုတ်ပြပဲ ခပ်ချေချေနဲ့ အေးဆေးနေသည်က ပင်ကိုယ်စတိုင်မို့ အေးအေးဆေးဆေးခပ်တည်တည် မင်းစက်ဆီသို့ လျှောက်လာသည်။
"ကိုယ်တော်ချောရယ်...လာပါကွာ...။ ဖြည်းဖြည်းလျှောက်မနေနဲ့။..'' မင်းစက်အနားရောက်တော့ မျက်မှန်ကို ချွတ်လိုက်ကာ
"ဘာတွေလောနေတာလဲ မင်းက..''
"ပြောအားရှိလိုက်တာ...။ငါ ဘာမှမစားရတေးဘူးဟ....''
"ငါ လာတဲ့အချိန်က နောက်ကျနေပီလေ။ မင်းက စောစောအိပ်ရာမထဘဲ ဘာထိုင်လုပ်နေလို့လဲ...''
"ညက ဟိန်းဇေနဲ့ သောက်ထားလို့ မထနိုင်တာ..''
"အေး ကြည့်လုပ် ညားနေအုံးမယ်...''
"ဟာ..........။ လုပ်ပြီ... ထားပါတော့.. လာသွားမယ်...''
"အေးပါ.....'' လေဆိပ်မှ နှစ်ယောက်သား ထွက်လာလေတော့သည်။ လေဆိပ်မှာ စကားပြောရတာ အားမရလို့လား မသိ ကားပေါ်မှာလဲ မင်းစက်ကို ပေါက်ပေါက်ဖောက်သည်။
"ငါ့ခလေးကော ဘယ်လိုနေသေးလဲ...''
"အေး ကောင်းတယ်... ရှိတယ်..အခုခေါ်သွားမလို့..မောင်းနေတာ...''
"မင်းကလဲကွာ..ငါ အကောင်းမေးနေတာကို..''
"ငါလဲ ဖြေနေတာပဲလေ....''
"Cheeeeပဲ ဘယ်လိုဖြစ်သွားပီလဲလို့..။ အရင်လိုပျော်ပျော်ရွှင်ရွှင်ရှိတေးလား။..''
"အော်... မေးတတ်လိုက်တာကွာ...။ မင်းလုပ်ခဲ့ပီးတော့ အဲ့လိုအခြေအနေနဲ့ ဟီးဟီးဟားဟားနဲ့ နေနိုင်မယ်တဲ့လား...''

DU LIEST GERADE
Invisible love (Uni+zawgyi)(complete)
Romantikမိန်းကလေးတွေကိုပဲ ကြိုက်လာသော ရှိုင်းဝေခတစ်ယောက် ချစ်စရာသဖွယ် နုနုယွယွဆန်သော bunnyနဲ့ တွေ့တဲ့အခါမှာ သူ့ကို သူ လက်ခံနိုင်မှာလား... တစ်ဖက်မှာလဲ ပန်စီဆိုသော မိန်းကလေးဟာ bunnyနဲ့ ငယ်ငယ်ခတည်းက ပေါင်းသင်းလာသော မောင်နှမလိုဖစ်နေသော သူငယ်ချင်း။ ငယ်ငယ်ကတည်းက...