"ဗျာ....!!''
"ဟုတ်ပါတယ်....comaဖစ်သွားတဲ့အတွက် ပြန်နိုးလာမဲ့အချိန်ကို doctorတို့ စောင့်ရုံမှလွဲပီး မရှိတော့ပါဘူး...'' ထိုစကားကြည့်ပီးသည်နှင့် လုံးဝမျက်နှာညှိုးငယ်သွားသေ ဘန်နီ။ အစကတည်းက ခလေးဆန်သည့်အတွက် မျက်ရည်တို့အား မထိန်းချုပ်နိုင် ပြာလဲ့နေသော မျက်လုံးတို့ဆီမှ မျက်ရည်ဥများက တစ်စက်ချင်းကျလာလေတော့သည်။ စိတ်ညစ်ခြင်းများစွာတို့ကလဲ ဖြူဖွေးနေသော အသားအရည်တို့ပေါ်တွင် အထင်သားပေါ်လွင်စွာရှိနေလေသည်။ လက်ကလေးတွေကလဲ တုန်ရီနေကာ အရုပ်ကြိုးပျက်သလိုပင်။ တုန်ရီနေသော လက်လေးတွေအား ခွန်အားပေးရန် ကြီးမားပီးနွေးထွေးသော လက်တစ်စုံက လာရောက်ဆုပ်ကိုင်လိုက်ကာ...."ခလေး....ဘာမှမဖစ်ရဘူးနော်....အန်တီမေပြန်နိုးလာမှာပါ...စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းကြတာပေါ့..နော်...'' ငိုမဲ့မဲ့ဖြင့် စိတ်ညစ်နေသော မျက်နှာလေးဖြင့် မော့ကာကြည့်လိုက်တော့ ထောင့်ချို့မျက်နှာတည်ဆောက်ပုံနှင့် စိတ်မာရမည်ဟု မျက်နာက ပြောသော စကားတို့နှင့် ရှိုင်းဝေခကို ကြည့်နေကာ အနည်းဆုံးတော့ ကို့ကြောင့် အားရှိလာပီလေ။
"ဟုတ်....အာ့ဆို မားမားဆီ ပြန်ရအောင်နော်..''
"သွားကြတာပေါ့....လာခလေး...'' လက်ကို ဆွဲကာ ကူထပေးရင်း ထွက်သွားလေတော့သည်။"ကျေးဇူးပါပဲ doctor...''
~~~~~~~~~ဆေးရုံကုတင်ပေါ်တွင် ဆေးပုလင်းချိတ်ရက် အောက်ဆီဂျင်ပိုက်ကလဲ တန်းလန်းဖြင့် မသိရင် အိပ်နေသလိုပင် မျက်လုံးလေးတွေကလဲ စင်းနေကာ ခနတာ မှေးနေသလိုပင်။
"မားမား......သားငယ်စောင့်နေတယ်နော်...မြန်မြန်ပြန်နိုးလာပါနော်...။ '' အန်တီမေလက်ခလေးကို ကိုင်ကာ ငိုနေသော ဘန်နီ။ ပုခုံးလေးကို လာနိုပ်ကာ"ခလေး.....ကို လုပ်စရာရှိတာလုပ်ခဲ့မယ် ဆေးရုံစောင့်မလို့လား..?''
"ကြီးခင်ကို ပြောပြပီး လုပ်စရာရှိတာလုပ်ခဲ့လိုက်ပါ ကိုကို...''
"ဟုတ်ပီ..ခလေး...nurseပါ ငှားခဲ့လိုက်မယ်....နောက်ဆို ခလေးက အန်တီမေအတ်က် အလုပ်လုပ်ပေးရတော့မှာလေ ဆေးရုံစောင့်ပေးဖို့အတွက် အချိန်မရှိတော့ဘူး...''
"အင်းပါ...ခလေး နားလည်ပါတယ်..''
"အာ့ဆို ကို သွားလိုက်အုံးမယ် ပြန်လာခဲ့မယ်နော်...''
"အင်း....'' စကားတွေသာ တုန့်ပြန်ချင်တဲ့စိတ်မရှိဘူးထင်သည်။ အန်တီမေကို ကြည့်ကာ ယခုကိစ္စအတွက်ရှော့ ရသွားပုံရလေသည်။ ရှိုင်းဝေခလဲ သူ့ခလေး စိတ်ပြေတဲ့အထိ တစ်ယောက်ထည်းနေပါစေဆိုကာ အခန်းထဲမှ ပြန်လှည့်ထွက်သွားလေတော့သည်။
~~~~~~~~~~
ခနအကြာ~~~~

VOCÊ ESTÁ LENDO
Invisible love (Uni+zawgyi)(complete)
Romanceမိန်းကလေးတွေကိုပဲ ကြိုက်လာသော ရှိုင်းဝေခတစ်ယောက် ချစ်စရာသဖွယ် နုနုယွယွဆန်သော bunnyနဲ့ တွေ့တဲ့အခါမှာ သူ့ကို သူ လက်ခံနိုင်မှာလား... တစ်ဖက်မှာလဲ ပန်စီဆိုသော မိန်းကလေးဟာ bunnyနဲ့ ငယ်ငယ်ခတည်းက ပေါင်းသင်းလာသော မောင်နှမလိုဖစ်နေသော သူငယ်ချင်း။ ငယ်ငယ်ကတည်းက...