"အင့်......'' အိပ်ရာမှအရင်ဆုံးနိုးလာသော ဘန်နီ...။မျက်လုံးဖွင့်လိုက်မိတော့ ရင်ဘတ်တစ်စုံက ပွေ့ဖက်လို့ထားလေသည်။ ရှိုင်း၏ ကိုယ်သင်းနံ့လေးက ဘန်နီ့အတွက် မူးယစ်ဆေးလိုပင် စွဲလမ်းစေသောကြောင့် ရင်ခွင်ထဲကနေပင် မခွာချင်ပေ။ ထို့နောက် ညက အကြောင်းပြန်စဥ်းစားကာ တော်တော်ရှက်နေလေသည်။ တွေးတွေးပီး မျက်နှာကြီးရဲတက်ကာ အနီရောင်ကပင် အဖေခေါ်လောက်ရပေမည်။ ဘေးနားက လှုပ်နေသောခလေးလေးကြောင့် နိုးသွားရသော ရှိုင်းဝေခတစ်ယောက်။ မျက်လုံးလေးကို အသာအယာဖွင့်ကာ ကြည့်မိနေတော့ ဘန်နီကတော့ မသိတေးရှာပေ။ ခေါင်းလေးကို အသာဆင်းလာကာ နှဖူးလေးကို morning kissလေးပေးလိုက်တော့မှ ရှိုင်းဝေခကို ခေါင်းလေးမော့ကာ ကြည့်နေမိသည်။
"နိုးပီလား...ကို...''
"ဟုတ်....နိုးပါပီဗျ...ခလေး အစောကြီးနိုးနေပါလား...အဆင်ကောပြေရဲ့လား နာနေသေးလား ခလေး...''
"မသိဘူး...အဆင်ပြေမယ်လို့တော့ထင်တာပဲ...''
"ညက တောင်းပန်ပါတယ် ကို နည်းနည်းအရှိန်မသတ်နိုင်လို့...''
"တော်ပီ...ဘာတွေထပ်ပြောနေမှန်းမသိဘူး....ရေချိုးတော့မယ်....''
"ခလေး.....!!'' စောင်ဖယ်ကာ ဆင်းသွားသော ဘန်နီ။ ခန္ဓာကိုယ်တွင်လည်း အင်္ကျီတစ်စက်မှမရှိပေ။ ရှိုင်းဝေခလဲ အလျင်အမြန်ဆင်းလိုက်ကာ ထွက်ပြေးသွားသော ဘန်နီ့ကို အနောက်ကနေ လှမ်းကာ ဖက်လိုက်လေသည်။
"ကို...ဘာလုပ်တာလဲ....ရေချိုးတော့မယ်....''
"အတူတူချိုးမယ်ကွာ...''
"ဟာ....တော်ပီ...လေ....''
"မရတော့ဘူး မင်းရဲ့ အဝတ်ကင်းစင်နေတဲ့ ပုံလေးက ကို့ကို တော်တော်ဖစ်စေတယ်....အာ့ကြောင့် တောင်းပန်လက်စနဲ့အတူတူ နောက်တစ်ချီလောက်နော်....morning kissလေးပီးတော့ morning အဟွင်းဟွင်းပေါ့😙''
"ကိုရှိုင်း....!!'' စကားဆုံးချိန်မရလိုက် ရှိုင်းဝေခတစ်ယောက် ဘန်နီ့ကို မ ချီသွားကာ ရေချိုးခန်းတံခါးကို လော့ချကာ ပိတ်လိုက်လေတော့သည်။........
~~~~~~~~~~~~
"သားတို့ယေ....'' အန်တီမေတစ်ယောက် တံခါးကိုခေါက်ကာ လှမ်းခေါ်နေလေသည်။အထဲမှာတော့ ဘာတွေဖစ်ထာစလဲ မသိ တစ်ယောက်မှမထူးပေ။
"ဟယ်....ဒီကလေးတွေ...အခုထိမထတေးတာလား...ဘာလုပ်နေကြတာလဲ...''
အခန်းရှေ့တွင် မတ်တပ်ရပ်ကြီးရပ်နေသော အန်တီမေကို ဘန်နီအမက တွေ့တော့...
"အန်တီ....ဘာလုပ်နေတာလဲ....''
"အော်...သားတို့ကို လှမ်းခေါ်နေတာ..မထကြတေးတာလား...မသိဘူး ဒီအချိန်ထိရှိနေပီကို...''
"အော်..အန်တီရယ် ယောကျာ်းလေးတွေဆိုတော့ နေဖင်ထိုးတဲ့အထိ အိပ်နေကြမှာပေါ့...ဆင်းလာပါလေ့မယ်...လာပါ..သွားရအောင်...''
"အေအေ...အာ့ဆိုလဲ သူတို့အတွက် မနက်စာ ခွဲပြင်ထားလိုက်မယ်..''
"ဟုတ်ကဲ့ပါရှင့်...လာပါ..'' အန်တီမေကို အောက်ထပ်သို့ တွဲခေါ်သွားလေသည်။
ŞİMDİ OKUDUĞUN
Invisible love (Uni+zawgyi)(complete)
Romantizmမိန်းကလေးတွေကိုပဲ ကြိုက်လာသော ရှိုင်းဝေခတစ်ယောက် ချစ်စရာသဖွယ် နုနုယွယွဆန်သော bunnyနဲ့ တွေ့တဲ့အခါမှာ သူ့ကို သူ လက်ခံနိုင်မှာလား... တစ်ဖက်မှာလဲ ပန်စီဆိုသော မိန်းကလေးဟာ bunnyနဲ့ ငယ်ငယ်ခတည်းက ပေါင်းသင်းလာသော မောင်နှမလိုဖစ်နေသော သူငယ်ချင်း။ ငယ်ငယ်ကတည်းက...