🎼🎼🎼အဆုံးသတ်ဖို့ခက်နေကြတဲ့...
ဒီဇာတ်လမ်းမှာ...အရင်အတိုင်းပဲ ရှေ့ဆက်သွားရင်ကောမဖြစ်ဘူးလား.....
ဆိုင်သူရှိနေတာ သိရက်နက်များ...
ဒါဆိုခဏတော့သည်းခံစောင့်ဆိုင်းပေးပါ....
နင်ပြောတဲ့ကတိတွေ သစ္စာတွေငါမသိပါ....
ဒီအတိုင်းလေးတိတ်တိတ်လေးရင်ခုန်နေအုံးမှာ..
စေလိုရာရူးနေတာ...ငါတို့အပြစ်တဲ့လား....
အနှောင်အဖွဲ့တွေကြားမှာ နေခွင့်ပြုပါ.....ဝဋ်ကြွေးတွေလား..🎼🎼🎼🎼🎼🎼🎼🎼🎼
အနှောင်အဖွဲ့
Mee No.
~~~~~~~~~~~~~~~~~~~~~~~~~~~အချစ်ဇာတ်လမ်းတစ်ပုဒ်မှာ တစ်ယောက်ကချစ်ရင် နောက်တစ်ယောက်က ဖောက်ပြန်တယ်။ နှစ်ယောက်လုံးချစ်နေကြတော့ ကံကြမ္မာက မျက်နှာသာမပေးဘူး။ ဘာလို့အခုလို ချစ်နေတဲ့လူသားနှစ်ယောက်ကြားကို အနှောက်တွေက ဝင်နေရခြင်းဖြစ်သနည်း။ အနှောက်တွေမရှိရင် အဆင်ပြေ ချောမွေ့သွားမဲ့ ဘဝတစ်ခုဟာ ထိုအနှောက်တွေကြောင့် အခုတော့ နားလည်မှုတွေလွဲကုန်ရပြီလေ.....။ဘယ်တတ်နိုင်မလဲ...။ ပစ္စုပ္ပန်မှာကြိုးစားမှုဟာ အနာဂတ်မှာထိရောက်သည်မှန်ပေမဲ့ မမြင်ရတဲ့ အနာဂတ်မှာစောင့်ကြိုနေမဲ့ ရင်နာရမဲ့ ဇာတ်လမ်းတွေကိုရော သိခွင့်ရှိပါသလား။ သိခွင့်ရရင် ထိုဇာတ်လမ်းတွေအတွက် ဒီလူသားနှစ်ယောက်ကို ရင်ဆိုင်နိုင်အောင် သိခွင့်ပေးလိုက်ပါ။ သို့သော် လူ့စိတ်နှင့် ကံကြမ္မာ ဆိုတာ သိရန်ခက်ခဲသောကြောင့် ဘယ်အခါတွင် အဘယ်သို့ဖြစ်လာမည်လဲဆိုတာတော့ ခန့်မှန်း၍မရပေ။....
~~~~~~~~~~~~~~~~~~~~~
Clubတစ်ခုတွင် ရှိုင်းဝေခတစ်ယောက်ထည်း အပြီအပြင် သောက်နေလေသည်။ ဒီနေ့ ရက်စက်သမျှခံစားချက်တွေကို ဖြေဖျောက်ရန်အတွက် အရက်က ကုစားပေးမည်ထင်သော်လည်း ထင်သလိုတော့ မဟုတ်လာပေ။ မူးဝေလာလေ ပိုပီးခံစားရလေလေဖြစ်နေလေသည်။ ရှိုင်းclubတွင် ရှိနေသည်ဆိုတာသိသော မင်းစက်တစ်ယောက် ထိန်းရန် လိုက်လို့ရှာရနေပြီလေ....။ မင်းစက်လဲ အထဲသို့ဝင်လာကာ လိုက်၍ ရှာပီးနောက် အလယ်တွင် ကတဲ့သူက က ပျော်နေတဲ့သူက ပျော်နေကြသော်လည်း အနောက်ဆုံးတစ်နေရာတွင် မပျော်နိုင်ပဲ အသည်းကွဲသူက ရှိုင်းဝေခပင်။
သုံးပုလင်းလောက်ကုန်ပီသည်မို့ မူးနေပီနှင့်တူသည်။ ငိုထားသည်မှာလဲ မျက်လုံးများပင်မို့အစ်လို့နေသည်။ မင်းစက်လဲ မနိုင်ဘူး ဆိုသော အမူအရာဖြင့် ခေါင်းခါကာ ရှိုင်းဆီသို့ လျှောက်သွားလေတော့သည်။....ရှိုင်းဆီသို့ရောက်သော် ခုံကိုဆွဲလိုက်ပီး ထိုင်လိုက်ကာ...

KAMU SEDANG MEMBACA
Invisible love (Uni+zawgyi)(complete)
Romansaမိန်းကလေးတွေကိုပဲ ကြိုက်လာသော ရှိုင်းဝေခတစ်ယောက် ချစ်စရာသဖွယ် နုနုယွယွဆန်သော bunnyနဲ့ တွေ့တဲ့အခါမှာ သူ့ကို သူ လက်ခံနိုင်မှာလား... တစ်ဖက်မှာလဲ ပန်စီဆိုသော မိန်းကလေးဟာ bunnyနဲ့ ငယ်ငယ်ခတည်းက ပေါင်းသင်းလာသော မောင်နှမလိုဖစ်နေသော သူငယ်ချင်း။ ငယ်ငယ်ကတည်းက...