"ကို...ဘာလို့ကြာနေတာလဲ..မသိဘူး..ထွက်သွားတာ ပြန်မလာတော့ဘူး...'' bunnyတစ်ယောက် ပြောရုံတင်ရှိတေး...အိမ်ရှေ့သို့ ရောက်ရှိလို့လာလေသည်။...
"ခလေး...ပီးပီလား...?''
"အင်း...ပီးပီလေ..ကိုဘာလို့ဒီလောက်ကြာနေတာလဲ...''
"ဒီအတိုင်းပါပဲ...ဟိုကိစ္စက နည်းနည်းကြာသွားတာ..''
"အော်...အာ့တာက ဘယ်လိုဖစ်တာလဲ...အဖြေသိရပီလား..''
"ကို...မေးလိုက်တော့..... လမ်းချော် မှားကွေ့ပီးရှောင်လိုက်တာတဲ့...black boxစစ်ဖို့ကြတော့ မပြင်ထားဘူးလားမသိဘူး ပျက်နေတယ်...''
"ဟုတ်လား...မားမားကားကို ခလေးကိုယ်တိုင် စစ်ထားပါတယ်..ဘယ်လိုဖစ်ပီးမရတော့တာလဲမသိဘူး...''
"ထားပါ...အခု ဆေးရုံသွားကြမယ်လေ...''
"ဟုတ်...''
"လာ...ခလေး..ကားပေါ်တက်တော့..'' ထို့နောက် ကားတံခါးဖွင့်ပေးကာ ဝင်စေပီး..ဆေးရုံသို့ မောင်းသွားလေတော့သည်။
~~~~~~~~~~"အာ့...ရောက်လာပီလား..ကြာလိုက်တာ...''
"အင်း..ကြာတယ်လေ...မင်းမှာတာလဲ ဝယ်ရတေးတာကို....''
"ဟုတ်သားပဲ....'' bunnyနဲ့ရှိုင်းလဲ ဝယ်လာသမျှ စားပွဲပေါ်တွင် တင်လိုက်ကာ ထိုင်နေလေသည်။ ဟိန်းဇေတစ်ယောက်တော့ လာကတည်းကမနှုတ်ဆက်တေးပဲ ဂိမ်းဆော့နေလေသည်။"ကိုမင်းစက်...ပြန်အိပ်ချင်အိပ်လို့ရတယ်နော်..အားနာတယ်...''
"ရပါတယ်..ဘန်နီရာ..မင်းစက်လဲ အိမ်မှာနေရင်း ပျင်းနေတာပါပဲ တျောက်ထဲ စားလိုက်အိပ်လိုက်နဲ့.... ''
"ဟုတ်ပါပီ...အာ့ဆိုလဲ သဘော...''ဒေါက်ဒေါက်ဒေါက်...တံခါးကိုခေါက်သံကြားသောကြောင့် ဘန်နီလဲ တံခါးဆီသို့ လှည့်ကြည့်လိုက်လေသည်။..
"ဟယ်လို.....!''
"အော်...အမယွန်း...လာလေ...'' ယွန်းလဲ့ ဝင်လာသည်နှင့် bunnyကတော့ ကြိုဆိုနေပေမဲ့ ရှိုင်းဝေခကတော့ ဘာမှမပြောပေ။
"အန်တီ့ဆီလာတာ...''
"အော်....'' ပြောရင်း ယွန်းလဲ့ လက်မှ ဒဏ်ရာကို မြင်သွားလေတော့သည်။လက်ကောက်ဝတ်ကို ပတ်တီးစီးထားကာ..နှဖူးထပ်လေးမှာလဲ ပလာစတာ တစ်ခု ကပ်ထားလေသည်။."အမယွန်း..လက်က ဘာဖစ်တာလဲ..?'' Bunny မေးလာသည်နှင့် နည်းနည်းလေးတုန်သွားလေသည်။ ရှိုင်းဝေခကတော့ သေချာစွာကြည့်ကာ ဘာမှမပြောပဲ အကဲခတ်နေလေသည်။
"အော်...အမ..အိမ်လှေကားကနေ ချော်လဲကျတာလေ..အာ့တာ လက်ကောက်ဝတ်ထိသွားလို့ ပတ်တီးစည်းထားတာ...''
"အော်....အမယွန်းရယ် ဂရုစိုက်မှပေါ့..''
"မောင်လေးရယ် အမအတွက်စိတ်မပူပါနဲ့။မောင်လေး အမေကိုသာ စိတ်ပူပေးနော်..။ဒါနဲ့ အန်တီက ဘာတဲ့လဲ..''
"မားမားက comaတဲ့...ဘယ်အချိန်မှ သတိလည်မလဲတော့ မသိတော့ဘူး..''
"ဟုတ်လား...ဟယ်..'' မျက်နှာက စိတ်မကောင်းဖစ်နေပေမဲ့ အတွင်းစိတ်ထဲမှာတော့ ''မနှိုးလာလေကောင်းတာပဲ..အာ့တာမှတရားခံက ငါမှန်းမသိမှာ မဟုတ်ရင် ဒီအဘွားကြီးပြောနေမယ်..အခြေအနေက ဒီအတိုင်းဆို အဆင်ပြေပါတယ်..'' လက်ထဲက ပန်းစည်းကိုမှ အားမနာ စိတ်ထဲမှာတော့ ကောက်ကြံနေလေသည်။..

ESTÁS LEYENDO
Invisible love (Uni+zawgyi)(complete)
Romanceမိန်းကလေးတွေကိုပဲ ကြိုက်လာသော ရှိုင်းဝေခတစ်ယောက် ချစ်စရာသဖွယ် နုနုယွယွဆန်သော bunnyနဲ့ တွေ့တဲ့အခါမှာ သူ့ကို သူ လက်ခံနိုင်မှာလား... တစ်ဖက်မှာလဲ ပန်စီဆိုသော မိန်းကလေးဟာ bunnyနဲ့ ငယ်ငယ်ခတည်းက ပေါင်းသင်းလာသော မောင်နှမလိုဖစ်နေသော သူငယ်ချင်း။ ငယ်ငယ်ကတည်းက...