Chapter (25) (Uni+zawgyi)

1.4K 88 6
                                    

ဒီနေ့ ကျောင်းတွင် မေဂျာအားကစားပြိုင်ပွဲရှိသော်လည်း ရှိုင်းဝေခကတော့ မထတေးပင်။ ညက သောက်ထားသည့်အရှိန်ကြောင့် ခေါင်းမထောင်နိုင်တေးပေ။ သို့သော် မနက်စောစောထတတ်သော မင်းစက်ကတော့ နိုးနေလေပြီ။ ရှိုင်းအတွက် ပျားရည်နဲ့သံပုရာရည် လုပ်ပေးပီး ခုံပေါ်တွင် တင်ထားကာ ကျောင်းသွားရန်အတွက် မျက်နှာသစ်သွားတိုက်ရေချိုး လုပ်နေလေတော့သည်။ မင်းစက်လဲ သွယးပီးနောက် ရှိုင်းလဲ မအိပ်တတ်လို့ဖြစ်မည် နိုးလာလေသည်။ ခေါင်းတွေက ကိုက်နေသောကြောင့် ဘေးနားကြည့်လိုက်ကာ ခွက်ကို ယူပီး မင်းစက် လုပ်ပေးထားမှန်းသိသောကြောင့် တစ်ကျိုက်ထည်း မော့သောက်လိုက်သည်။ ထို့နောက် ဖုန်းကို ယူကာ ကြည့်လိုက်တော့ missed callတွေ ရာကျော်ခေါ်ထားလေသည်။ ထိုသို့ ခေါ်ထားသူက ယွန်းလဲ့ပင်။ ရှိုင်းလဲ ထိုအတွက် ခေါင်းတွေ ရှုပ်ရပြန်သည်။ ဒီနေ့ ပြိုင်ပွဲရှိနေသည်ကို မေ့နေသည်။ ရေချိူးပီး ထွက်လာသော မင်းစက်က ရေသုတ်နေရင်း ရှိုင်းကို ကြည့်ကာ....

"ဟျောင်...အသဲပဲ ကွဲမနေနဲ့ ရေချိုးတော့ ပြင်တော့ အခု ငါ့အိမ်မှာဆိုတော့ ငါ့အင်္ကျီပဲ ဝတ်သွားတော့.. ဒီနေ့ Japanနဲ့ Thai ဘတ်စကတ်ဘော ရှိတယ်လေ...မေ့နေတာလား...ထတော့...'' အဲ့တော့မှ ရှိုင်းလဲ သတိရကာ...

"အော်...ဟုတ်သားပဲ...အေအေ ထပီ...'' ကုတင်ပေါ်မှ ချက်ချင်းဆင်းကာ မင်းစက်ဆီက တဘက်ကို ဆွဲယူလိုက်သည်။
"ဟျောင်....!!''
"ရှက်မနေနဲ့ မင်းမှာလဲ ရှိတာပဲ ငါ့မှာလဲ ရှိတာပဲ ကြီးတာနဲ့သေးတာပဲကွာတာ..'' ပြောပီး ရေချိုးခန်းထဲ ဝင်သွားလေသည်။မင်းစက်ကတော့ ရှက်ရှက်ဖြင့် ဒူးခေါင်းလေးကို ကျုံ့ထားကာ နေနေသည်။
"အေး....မင်းက ပြောလို့ရတာပေါ့ကွ XLကြီး....''
"အဲ့နာမည်ပြောင်ကို ကျောင်းမှာခေါ်ကြည့် တွေ့မယ်...''
"ဟားဟား.....အားကစားကွင်းမှာ လာအော်ပြမယ်...''
"F**k''
"အရိုင်းအစိုင်းကောင်....။ရေချိုးမှဖြင့် ရေချိုး...မင်းအကြောင်းသိလို့ ညတွင်းချင်း သွားတိုက်တံပါ သွားဝယ်ပေးထားရတာ...မြန်မြန်လုပ်...မဟုတ်ရင် မင်း ဘန်နီ့ကို မချော့ပဲ နေရမှာနော်...'' မင်းစက်ကတော့ ရှိုင်းရဲ့ အားနည်းချက်ကို ကိုင်ပီလေ။ ဘန်နီဆိုတာနဲ့ ရှိုင်းဝေခ ရေချိူးခန်းထည်းမှ ထွက်ချလာသည်။...

Invisible love (Uni+zawgyi)(complete)Tempat cerita menjadi hidup. Temukan sekarang