Unicode
...တီ....တီ....တီ..(alarm မြည်သံ)
"သားငယ်...ရေ.. ထတော့လေ..ဒီနေ့ ကျောင်းစစဖွင့်ပီမှတ်လား.....အခုပဲ ၈နာရီထိုးနေပီ.... ဒီကလေးနက်တော့ ခက်တော့တာပဲ....."ဘန်နီ့အမေက တံခါးဖွင့်ကာ ပွစိပွစိလုပ်နေသည်။
"ဟုတ်ကဲ့ပါ မားမားရာ သား ထပါ့မယ်နော်... အခုမှ စဖွင့်တာ စာသင်မှာ မဟုတ်တေးပါဘူး"
စောင်ကို ဖယ်ကာ ဆံပင်များကို ထိုးဖွာရင်း ပြောနေသော ဘန်နီလေး..🤢
"အော်...သားငယ်ရယ်....စာမသင်လဲ ဘာဖြစ်လဲ... အတန်းလေးတော့ ေစာစောမရောက်တော့ မကောင်းဘူးလား"
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ထပါပီ ဗျ"
"မေမေရေ....."
ဘဲလ်ကို တီးကာ ခေါ်နေသော မိန်းကလေး
"ဟော်....သမီး ပန်စီလား မသိဘူး...
သမီးတောင် ကျောင်းသွားဖို့ ဖစ်နေပီ ကယ်သားငယ် မြန်မြန်လုပ်တော့ ...သမီး ပန်စီစောင့်နေအုံးမယ် "
"မေမေ ဆင်းတော့မယ်နော် မြန်မြန်ပြင်ပီး ဆင်းလာခဲ့လိုက်တော့ မေမေ မနက်စာပြင်ပေး ထားမယ်နော်...သား""ဟုတ် မားမား"
ကုတင်ပေါ်က ဆင်းကာ ရေချိုးမျက်နာ သစ်ရန်အတွက် ရေချိုးခန်းထဲသို့ ဝင်သွားသည်။
ဘန်နီ့မေမေ အိမ်တံခါး ဖွင့်ပေး ကာ
"အော်....သမီး ပန်စီ လာလေ....သားငယ်က အခုမှ ထတယ် သမီးရဲ့..... သမီးသိတဲ့အတိုင်း အားကြီး အိပ်ပုတ်ကြီးတာ....""သူအကြောင်းကို သိတာပေါ့ မေမေရယ်... ရပါတယ်... သမီး စောင့်နေလိုက်မယ်...."
ပန်စီဆိုသည်မာ ဘန်နီနှင့် ငယ်ငယ်ကတည်းက ပေါင်းလာသောသူငယ်ချင်း....မောင်နှမတွေလို ဖစ်နေတော့လဲ ပန်စီကို ဘန်နီ့မေမေကို မေမေလို့ပဲ ခေါ်ဖစ်တာပေါ့။ ငယ်ငယ်တည်းကလဲ ကျောင်းတူ အခုလဲ uniကလဲ တူတော့ ကျောင်းသွားကျောင်းပြန်ဆို ဘန်နီနက် အတူတူ ပြန်နေကြ......
"သားငယ်.... မနက်စာလာစားအုံး..မနက်ခင်းကို တခါတည်းစားသွား...သားငယ် ဟိုမာ လျှောက်မစားနေနက်...ဒီမာ မေမေ.. ကော်ဖီနက်....ပေါင်မုန့်ယိုသုပ်လုပ်ပေး ထားတယ် တခါတည်းစားသွား...သားငယ်....။ "သမီး ပန်စီရော...စားပီးပီလား မစားရတေးရင် တခါတည်း မေမေတို့နက် အတူတူ စားသွားအုံး...သမီး လာ...."

ESTÁS LEYENDO
Invisible love (Uni+zawgyi)(complete)
Romanceမိန်းကလေးတွေကိုပဲ ကြိုက်လာသော ရှိုင်းဝေခတစ်ယောက် ချစ်စရာသဖွယ် နုနုယွယွဆန်သော bunnyနဲ့ တွေ့တဲ့အခါမှာ သူ့ကို သူ လက်ခံနိုင်မှာလား... တစ်ဖက်မှာလဲ ပန်စီဆိုသော မိန်းကလေးဟာ bunnyနဲ့ ငယ်ငယ်ခတည်းက ပေါင်းသင်းလာသော မောင်နှမလိုဖစ်နေသော သူငယ်ချင်း။ ငယ်ငယ်ကတည်းက...