Chapter (14) (Uni+zawgyi)

1.8K 107 3
                                    

                ဆောင်းတွင်းရဲ့ နေ့ခင်းလေးဆိုသည်မှာ တအားလဲ မပူ တအားလဲ မအေးမြ အလောတော်လေးဖြင့် သာယာလှပေနေပေသည်။ ထိုလှပမှုကို ထပ်မံ ဖြည့်စွက်လိုက်သော လူနှစ်ယောက်၏ ချစ်ခြင်းမှ ထွက်လာသော အသံတို့ကလဲ တစ်နေရာမှ ပါဝင်နေပြန်သည်။ ဘန်နီပြေးသည့် အနောက်ကို ရှိုင်းဝေခ တစ်ယောက် အမောခံကာ လိုက်ရင်း ပန်စီတို့ ရှိရာ ကန်တင်းဆီသို့ ရောက်လာလေသည်။...
              ဘန်နီလဲ အသည်းအသန်ပြေးလာကာ ပန်စီ့ပုခုံးတို့အား ကိုင်လိုက်ကာ အနောက်တွင် ပုန်းနေလေသည်။ ရှိုင်းဝေခလဲ မောလာကာ...ဒူးပေါ်လက်တင်ပီး ခါးလေးကုန်ကာ ဟူးဟဲဟူးဟဲဖြင့်မောနေလေသည်။....
      
      "ဟဲ့...ဟဲ့..ဒါဘယ်လိုဖစ်လာကြတာလဲ..'' ပန်စီက ဘန်နီ့ကို မေးနေလေသည်။ထို့နောက် ရှိုင်းဝေခ အား တစ်ချက် ပြန်လှည့် ကြည့်သည်။
      "ဘာမှမဖစ်ပါဘူး...ဟူး..မောလိုက်တာ..။ဒါနက် စားပီးကုန်ပီလား...''

    "အင်း...နင်တို့လာတာ စောင့်နေတာ။စားချင် မှာစရာရှိမှာလေ...''
    "အေးပါ......''
    "ဒီနေ့က wellcomeနေ့ဆိုတော့ စာသင်တော့မှာမဟုတ်ဘူး အခုနေ့လည်က အားနေမှာ...အဟင့်😫 ပျင်းစရာကြီး..''
     "အာ့တော့ ဟုတ်တယ်။ နောက်မှ ပြောရအောင် ဗိုက်ဆာနေပီ..." ဘန်နီက စားစရာသွားမှာမယ် အလုပ် ရှိုင်းဝေခက ဘန်နီ့ပုခုံးလေးကို လက်လေးဖိလိုက်ကာ ထိုင်စေလေသည်။ထို့နောက်
      "ကို ယူပေးမှာပေါ့ ခလေးလေးရဲ့...''
      "အက်မယ်..ဟုတ်ပါပီ..အာ့ဆို..ကျုပ်ဘာစားချင်နေလဲ သိရင် ယူခဲ့..မှားရင်တွေ့မယ်။'' ရှိုင်းဝေခ မျက်နှာကို မော့ကာ ပြောနေသော ဘန်နီ့အား ကြည့်နေကာ...
      "မှန်သွားရင်ကော ခလေးကို နမ်းလို့ရမလား...'' ဘန်နီလဲ ရှက်သွားကာ..ရှိုင်းဝေခ နှုတ်ခမ်းလေးအား လက်ဖြင့် ရိုက်လိုက်ကာ...
     "ဒီပါးစပ်ကလေ လူကြားမရှောင် သူကြားမရှောင် တအားစကားပြောရဲတာပဲ..သွား..လုပ်စရာရှိတာယူပါ ဗိုက်ဆာလှပီ..'' ဘန်နီကပြောတော့လဲ ရှိုင်းဝေခကတော့ အငြင်းရက်ပေ..။ထိုအခါမှ ရှိုင်းလဲ ထကာ သွားလေသည်။..

      "ခင်ဗျားက တကယ့်အရှုပ်ထုပ်ပဲ'' စိတ်ထဲတွင်ပြောကာ ပြုံးနေလေသည်။ထို့နောက် ပန်စီ့အား ကြည့်ကာ..
      "Pansy....''
      "ဟမ်း....''
      "ဟိန်းကော မလာဘူးလား...ဘယ်သွားနေတာလဲ...''ဖုန်းသုံးနေရင်း တစ်ချက်လီည့်လိုက်ကာ ပန်စီတစ်ယော​က် ဘန်နီ့ အဖြေကို ဖြေကြားနေလေသည်။
      "ဟိန်းလား...wellcomeမှာ တောက်တိုမယ်ရပေါ့ဟယ် အကုန်လိုက်လုပ်နေတယ် စောနက အခမ်းအနားပီးသွားတာဆိုတော့ သိမ်းဆည်းနေကြမှာပေါ့''
     "Aww.....''  ပန်စီနဲ့ ဘန်နီစကားပြောနေတုံး ရှိုင်းဝေခပြန်ရောက်လာလေသည်။ အချစ်အတွက်ဆို လျှပ်စီးလားတောင်မှတ်ရသလိုပင်။ချက်ချင်းလက်ငင်းဆိုသလို ရောက်လာလေသည်။...
     "ဘန်နီ..ရော့...ရပါပီဗျ...ပီးတော့ ဒီမာ milo..''
     "ခင်ဗျား ကျုပ်ကြိုက်မှန်းဘလိုသိ...''ဘန်နီလဲ အံ့သြနေလေသည်။တွေ့ဖူးတာမှ မကြာတေး အကုန်လုံးသနေသောကြောင့် ဆန်းကြယ်နေသလိုလို...ဖစ်ကုန်တော့သည်။...
     "Aww ဒါက ဒီလိုရှိတယ် ခလေးရဲ့..။'' စားနေရင်း ပလုတ်ပလောင်းဖြင့် ဘန်နီလဲ မေးနေလေသည်။
    "Inn ပြောပါအုံး...''
    "ခလေးအကြောင်းကို ညီမလေး ပန်စီကို မေးထားတာ ဘာကြိုက်လဲ ဘာလုပ်တတ်လေ့ရှိလဲ ဘာညာ အစုံပေါ့..ဟီးဟီး...''
     ဘေးနားထိုင်ကာ ဘန်နီ့ကို ငေးရင်း ပြောပြနေသော ရှိုင်းဝေခ အား ခေါင်းလေးစောင်း၍ ကြည့်ကာ..
     "အက်မယ်..ဟုတ်ပါပီနော်...'' ထို့နောက် ဘန်နီ့အနားသို့ကပ်လာကာ 

Invisible love (Uni+zawgyi)(complete)Where stories live. Discover now