"မောင်....?'' Pansy၏ လှမ်းခေါ်သံနှင့်အတူ အခန်းအပြင်သို့ ထွက်လာသည်။ dinnerလို့ ဆိုပေမဲ့ ရှိုင်းစိတ်ထဲမှာ သိပ်အလေးထားပုံ မရပေ။ အင်္ကျီကအစ ပေါ့ပေါ့ပါးပါးပင် ဝတ်ထားသည်။ လက်ရှည်လေးကို ခေါက်တင်ရင်း pansyအနားသို့ ရောက်လာသည်။
"မောင်...။ရေချိုးတာကလဲ ကြာလိုက်တာ..။ဘာတွေလုပ်နေလို့လဲ..?''
"ဘာမှမလုပ်ပါဘူး။ ရေချိုးတာတွေ ဆပ်ပြာတိုက်တာတွေကအစ အကုန်ပြောပြနေရမှာလား။...''
"မဟုတ်ပါဘူး..။ယွန်းက ဒီအတိုင်းပဲ ပြောမိတာပဲ။အဲ့လောက်ထိလဲ စိတ်ဆိုးစရာမလိုပါဘူး။''
"ထားပါ။ ဒီနေ့ စိတ်သိပ်မကြည်လို့'' ရှိုင်းပြောသည်နှင့် pansyတစ်ယောက် ရှိုင်းမျက်နှာလေးကို သေချာကိုင်ကာ ကြည့်နေသည်။ လက်လေးဖြင့် ဘယ်ဘက်ကို စောင်းလိုက် ညာဘက်ကို စောင်းလိုက်ဖြင့်..
"မောင့်ကိုကြည့်ရတာ အကုန်ကောင်းပါတယ်..။ဘာတွေဖစ်ထားတေးလို့လဲ..'' ကိုင်ထားသော pansy၏ လက်တို့ကို ရှိုင်းတစ်ယောက် ဖြုတ်ချလိုက်သည်။ ထို့နောက် မျက်နှာကို တစ်ဖက်သို့စောင်းလိုက်ကာ..
"ဘာမှမဖစ်ထားဘူး။ အခုသွားစရာရှိတယ်မှတ်လား။ သွားရအောင် ဖြစ်နိုင်ရင် စကားမပြောပါနဲ့လား။ နားအေးအေးလေးနေချင်လို့..'' ရှိုင်းစကားကြောင့် pansyလည်း ဘာမှမပြောတတ်တော့ပေ။ မျက်လုံးလေးကို မှိတ် အသာအယာလေး ပြုံးနေရင်း..
"အင်းပါ...။ အာ့ဆိုလဲ သွားကြတာပေါ့..''
~~~~~~~~~~~~~~~
တစ်ဖက်တွင်....."ခင်ဗျားက လူကို တွေ့ချင်တယ်ဆိုပီး အိမ်ထိကို လိုက်လာတာ မပြန်တော့ဘူးလား..'' ဟိန်းဇေတစ်ယောက် မင်းစက်ကို တခါမှ အကောင်းမပြော။ပြောလိုက်ရင် ငေါက်ငေါက်ဖြင့် မောင်းထုတ်နေသည်။ မင်းစက်ကတော့ ဂရုကိုမစိုက် ရေခဲသေတ္တာထဲနေ ဘီယာဘူးနှင့် မြည်းရန်အတွက် အာလူးကြော်ထုတ်တွေကော အပြင်ကဝယ်လာသည့် KFC ကြက်ကြော်နှင့်ပါ အေးဆေးနှင့်ငြိမ်သားကြနေသည်။
"ဟူး....။ မသိရင် ဒါ ကျုပ်အိမ်လား ခင်ဗျားအိမ်လား မသဲကွဲတော့ဘူး..။ နေချင်သလိုကို နေနေတော့တာပဲ...။'' TVလေးကြည့်ရင်း ဘီယာလေးကို မော့လိုက်ကာ ဟိန်းဇေဘက်သို့ လှည့်လာသည်။ မျက်ခုံးလေးကို ပင့်လိုက်ကာ..

YOU ARE READING
Invisible love (Uni+zawgyi)(complete)
Romanceမိန်းကလေးတွေကိုပဲ ကြိုက်လာသော ရှိုင်းဝေခတစ်ယောက် ချစ်စရာသဖွယ် နုနုယွယွဆန်သော bunnyနဲ့ တွေ့တဲ့အခါမှာ သူ့ကို သူ လက်ခံနိုင်မှာလား... တစ်ဖက်မှာလဲ ပန်စီဆိုသော မိန်းကလေးဟာ bunnyနဲ့ ငယ်ငယ်ခတည်းက ပေါင်းသင်းလာသော မောင်နှမလိုဖစ်နေသော သူငယ်ချင်း။ ငယ်ငယ်ကတည်းက...