မနက်ခင်းစောစောစီးစီး နွေရာသီရောက်တော့မည်ဆိုသောကြောင့် သစ်ရွက်ဟောင်းတို့ကလဲ လဲလှယ်စပြုလာသည်။နွေးထွေးကာ ရှိုင်းရင်ခွင်ထဲတွင် အိပ်ပျော်နေသောဘန်နီ။ မနက်ခင်း tokyoကို သွားရမည်ကို မေ့နေ။ ရင်ခွင်တစ်စုံ၌အိပ်နေရတာ ကောင်းနေလေတော့ မနှိုးပေ။ အချိန်တိုင်းroနေသော ဒီလူသားနှစ်ယောက်ကို သဘာဝကြီးကပင် အမြင်ကပ်နေလားပင်မသိ နေမင်း၏ အလင်းတို့က ပြတင်းပေါက်ကို ထိုးဖောက်ကာ အတင်းတွေ နှောက်ယှက်နေလေသည်။ နေရောင်က လာလာထိုးနေသောကြောင့် အရင်ဆုံးနှိုးသွားသူက ရှိုင်းဝေခပင်။ ရှိုင်းလဲ နိုးလက်စဖြင့် ရင်ခွင်ထဲတွင် အိပ်ပျော်နေသော အသဲတုံးလေးအား မနိုးအောင် သေချာစွာ ထလိုက်ပီး
နှဖူးလေးကို morning kissလေး တစ်ချက်ပေးလိုက်သည်။ ထို့နောက် ပြုံးပီးကြည့်နေရာမှ ထသွားပီ နေရောင်ဝင်နေသောပြတင်းပေါက်အား လိုက်ကာဖြင့် ဆွဲကာလိုက်သည်။ ပီးတော့မှ ခရီးစဥ်ရှိတေးသောကြောင့် မျက်နှာသစ်ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားလေတော့သည်။
~~~~~~~~~~~~~Ring...ring....ring...(📲📲📲☎)ဝင်လာသော အဝင်callတစ်ခု။ ဖုန်းဝင်လာသော အသံကြောင့် အိပ်နေရာမှ နှိုးလာလေတော့သည်။ ဘန်နီတစ်ယောက် အိပ်နေရာမှ ထကာ မျက်လုံးလေးကို လက်ကလေးဖြင့် ပွတ်ပီး ဘေးနားကိုကြည့်တော့ ရှိုင်းဝေခလဲ မရှိတော့ပေ။ ဖုန်းကို လှမ်းကြည့်တော့ မိမိဖုန်းမှ လာနေသည်မဟုတ်ပေ။ ရှိုင်းဝေခ၏ ဖုန်းမှ လာနေသောကြောင့် ဖုန်းကို လှမ်းယူကာ ကြည့်လိုက်တော့...
"Daddy'' ဘန်နီလဲ ရှိုင်းရေချိုးနေသည်နှင့် သွားမခေါ်တော့ပဲ အရေးကြီးသည်နှင့် တူ၍ လက်ခံလိုက်လေသည်။
"Hello....''
"အေ...သား....''
"အန်ကယ် ရှိုင်းက ရေချိုးနေတယ်..''
"အခုက ဘယ်သူလဲ...''
"ရှိုင်းသူငယ်ချင်းပါ...''
"ဘာကိစ္စလဲ မသိဘူး အရေးကြီးရင် သား တစ်ဆင့်ပြောပေးပါ့မယ်...''
"ရပါတယ်...ထားလိုက်ပါတော့...အန်ကယ် ပီးမှပဲ သူနဲ့ပြောလိုက်တော့မယ် ဖုန်းပြန်ဆက်ဖို့ပဲ မှာလိုက်ပါ...''
"ဟုတ်ကဲ့.... ''
တီ......... ဖုန်းကို ချသွားလေတော့သည်။ ဘန်နီလဲ ရှိုင်း၏ဖုန်းကို ပြန်ထားလိုက်ပီးနောက် အိပ်ရာသိမ်းနေလေသည်။ ရေချိုးပီးထွက်လာသော ရှိုင်း။ အိပ်ရာသိမ်းနေသော ဘန်နီ့ကို ကြည့်ကာ..
"ကို့ရဲ့မိန်းမက အိပ်ရာသိမ်းနေပါလား''
"မင်းဖေကို မိန်းမပါလား...''
"အာ့အို...ဒါလေးစတာကို..''
"သိဘူး...အော်...ကို့ပါးပါး ဖုန်းဆက်တယ်..ပြန်ဆက်လိုက်အုံး....''
"ဟမ်း...ကို့အဖေလား...''
"အင်းလေ...''
"မဆက်စဖူး ထူးထူးဆန်းဆန်း....''
"သူ့သားခြေရှုပ်နေတယ် ထင်မှာပေါ့..''
"ဟာ...ခလေးနော်...သွားရေသွားချိုးတော့...ဒီနေ့ အန်တီမေဆီသွားမှာမှတ်လုး နောက်ကျနေမယ်...''
"ဟုတ်ပါပီနော်...သွားပါမယ်ဗျ...'' ဘန်နီလဲ အိပ်ရာသိမ်းပီးနောက် ရေချိုးခန်းထဲသို့ ဝင်သွားလေတော့သည်။ဘန်နီသွားပီးတော့မှ ရှိုင်းတစ်ယောက် ဖုန်းကို ပြန်ကိုင်ကာ ဆက်နေလေသည်။

DU LIEST GERADE
Invisible love (Uni+zawgyi)(complete)
Romantikမိန်းကလေးတွေကိုပဲ ကြိုက်လာသော ရှိုင်းဝေခတစ်ယောက် ချစ်စရာသဖွယ် နုနုယွယွဆန်သော bunnyနဲ့ တွေ့တဲ့အခါမှာ သူ့ကို သူ လက်ခံနိုင်မှာလား... တစ်ဖက်မှာလဲ ပန်စီဆိုသော မိန်းကလေးဟာ bunnyနဲ့ ငယ်ငယ်ခတည်းက ပေါင်းသင်းလာသော မောင်နှမလိုဖစ်နေသော သူငယ်ချင်း။ ငယ်ငယ်ကတည်းက...