Chapter (40) (Uni+zawgyi)

969 41 0
                                    

"အမ်း....ဘယ်အချိန်တွေရှိကုန်ပီလဲ...'' မျက်လုံးလေးတို့က အသာအယာဖွင့်လာကာ ပတ်ဝန်းကျင်ကို တချက်တစ်လှမ်းလိုက်ကြည့်နေမိသည်။ စောင်ကိုဖယ်လိုက်ကာ ကုတင်ပေါ်က ဆင်းမယ်လုပ်တော့ လက်ကို လှမ်းဆွဲလာသော နွေးထွေးသော လက်တစ်စုံ။ ပြန်ကာ လှည့်ကြည့်မိလိုက်တော့...
"အာ့အို...ကို....ဘာလုပ်နေတာလဲ....''
"ဘာလုပ်ရမှာလဲ...ခလေးရယ်...အိပ်ရေးမဝတေးရင် ပြန်အိပ်လေ..လာပါ...'' ပြန်ဆွဲခေါ်လိုက်ကာ ရင်ခွင်ထဲသို့ ထည့်ပီး တခါမှေးနေပြန်သည်။
"ဘယ်လိုဖစ်လို့ ခလေးအိမ်ကို ရောက်နေတာလဲ..... ''
"ဘယ်ကခလေးအိမ်ရမှာလဲ...ဒါကို့အိမ်လေ..​...သေချာကြည့်ပါအုံး...''
"ဟမ်း...'' အဲ့တော့မှ ပတ်ဝန်းကျင်ကို သေချာပြန်ကြည့်နေလေသည်။
"နေပါအုံး ဘယ်လိုဖစ်လို့ဒီရောက်နေတာလဲ....။ကိုကလဲ အင်္ကျီချွတ်ကြီးနဲ့ ဘာတွေလုပ်ထားတာလဲ...လူယုတ်မာကြီး..'' အိပ်နေသော ရှိုင်းဝေခကို ခြေထောက်နဲ့ ကန်ထုတ်လိုက်တော့ ကုတင်ပေါ်မှ အောက်သို့ ဘုတ်ခနဲ ပြုတ်ကျသွားလေသည်။

"အား.....ဘာဖစ်တာလဲခလေးရ...ညက ပူလို့ အင်္ကျီချွတ်ထားတာ..airconဖွင့်ပေးထားပီးတော့..အာလားလားနာလိုက်တာ..''
"သွား...ယုံဘူး...အာ့....ဖင်တွေလဲ နာနေတယ်..မဟုတ်မှလွဲရော...ခင်ဗျား....ခင်ဗျား!!''
"မဟုတ်ဘူး....ခလေး...မဟုတ်ဘူး...ဒီမှာကြည့် ပြမယ်...'' ရှိုင်းဝေခတစ်ယောက် ထသွားကာ ခုံပေါ်မှ ဖုန်းကို ယူ၍ videoတစ်ခုကို ထောက်လိုက်လေသည်။

"အာ....ဟား....ခင်ဗျားကြီးက..တကယ့်လူယုတ်မာကြီး...ကျုပ်ကိုဆို အမြဲ စားချင်တဲ့ မျက်လုံးနဲ့ကြည့်နေတာ တကယ့်နှာဘူးလူယုတ်မာ...ဒါနက်လေ...ကျုပ်ကို ချစ်ကောချစ်ရဲ့လားဗျာ...မချစ်ရင် ကျုပ်လိုက်လုပ်မှာနော်...ဒါနဲ့ ဒီည ကျုပ်ကို မလိုချင်ဘူးလား...'' videoရိုက်နေသော ရှိုင်းဝေခ နားသို့ တဖြည်းဖြည်းကပ်လာသော ဘန်နီတစ်ယောက်။သူ့ကိုသူကြည့်ရင်းနဲ့ပင်တော်တော်ရှက်လာလေသည်။ မူးကာ ဆူနေသော နှုတ်ခမ်းတို့ကရှိုင်းဝေခ နားသို့ ရောက်ခါနီးမှာပင် ပစ်လှဲကြသွားလေတော့သည်။

"တွေ့ပီလား....မနေ့က ရုပ်ရှင်အပီး မင်းစက်တို့နဲ့ သွားသောက်တာလေ..အဲ့မှာ အပြိုင်သောက်ပီး မူးလာတာ..ခင်ဗျားလေးလေ...မှတ်မိပီလား...''
"အား......မသိဘူး...ဘာမှမပြောနက်...ရေသွားချိုးတော့မယ်...။
"လာပယ ခလေးရာ ရှက်နေသေးတယ်...ညက ခလေးမူးနေလို့ ဥပုလ်စောင့်လိုက်ရတာနော်...အခွင့်အရေးရသော်လဲ ပင်ပန်းမှာစိုးလို့ အလွှတ်ပေးလိုက်ရတာ..တကယ်တော့ တစ်ညလုံး ကို အဆင်တွေပြေမနေခဲ့ဘူး...'' မျက်နှာငယ်လေးနဲ့ပြောလာသော ရှိုင်းဝေခကို သေချာကြည့်ကာ...

Invisible love (Uni+zawgyi)(complete)Donde viven las historias. Descúbrelo ahora