Chapter (29) (Uni+zawgyi)

1.1K 60 0
                                    

ပြန်အဆင်ပြေပီးနောက် အခုလဲ အခန်းထဲထိလိုက်ပို့ အသေးစိတ်ဂရုစိုက်နေသော လူတစ်ယောက်ကြောင့် အပျော်ကြီးပျော်နေသော ဘန်နီ။ ရင်ထဲကနေ ထုတ်မပြောသော်လည်း ယခုလို ဂရုစိုက် သေးသေးဖွဲ့ဖွဲ့လေးက အစ လိုချင်သူ ။ သို့သော် ခြေရှုပ် ခြေများလွန်းသော သူကြောင့် အလွန်ပင် စိတ်ညစ်နေရသော်လည်း အနာခံပီး ချစ်နေရသည်ကိုက ဒုက္ခတစ်မျိုးပင်။
ပြသနာဖစ်ပီးနောက်ပိုင်း နည်းနည်းလေးပြောင်းလဲသွားသည်ကိုလဲ ခံစားနေရသည်။ ရှိုင်းဝေခပဲလား ဘန်နီပဲလားတော့မသိ ရှိုင်းဝေခကတော့ ပိုပို၍ ချစ်လာလေသည်။ ဘန်နီကတော့ မပြတ်သားသေးသော ရှိုင်းကြောင့် ချစ်ရန်အတွက် ဆူးခလုတ်ဖစ်နေခဲ့နေတေးသည်။
စကားလေးတစ်ပြောပြောဖြင့် ကျောင်းအဝမှ ဘန်နီ့စာသင်ခန်းထဲသို့ ရောက်တော့လေသည်။ အခန်းထဲရှိ လူများကတော့ ဝိုင်းကာ ကြည့်နေလျက်ပေါ့။ ကျောင်းတွင် ပြည့်စုံပီး ချစ်ဖို့ကောင်းတဲ့အတွဲဆိုလို့ ဘန်နီတို့အတွဲက ပထမဆုံးဆိုတော့ အားလုံးကလဲ အားကျ၊supportတဲ့သူလဲ များလေသည်။ ရှိုင်းဝေခကတော့ အခန်းထဲ မဝင်ပဲ ဘန်နီတို့စာသင်ခန်းဝတွင် ရပ်နေကာ ဘန်နီ့ကို အခန်းထဲ သွားရန်ပြောနေလေတော့သည်။...

"ခလေး.....တာ့တာနော်...ကို..နေ့လည်ရောက်ရင် လာခေါ်မယ်...''
"ဟုတ် ကို.....'' ဆိုကာ ပါးလေးကို နမ်းလိုက်တော့ ရှိုင်းဝေခတစ်ယောက် ဘန်နီ့ပါးလေးကို ပြန်နမ်းလိုက်ကာ နှုတ်ဆက်ပီး ထွက်သွားလေတော့သည်။ အခန်းထဲမှ အားကျမှုပေါင်း တစ်သိန်းဖြင့် သွေးတပ်နေကြလေပြီ။ အခန်းဆီလာပို့တာ ခနလေးတင်ပင် postနှင့်hastagနှင့်တကွ တက်လာလေသည်။ အခန်းဝတွင် ရှိုင်းဝေခက ဘန်နီ့ပါးလေးကို အနမ်းပေးနေသော ပုံလေးပင် ဖြစ်လေသည်။ တင်တာ ခနပဲ ရှိတေး like cmt shareတွေမှ များပြားနေလေတော့သည်။ ဘန်နီကတော့ ထိုင်နေကြ ထိုင်ခံဆီသို့ ဦးတည်ပီး သွားတော့ ဟိန်းဇေကိုပဲ တွေ့နေပြန်သည်။

"ဟိန်း.....ဘယ်ထည်းက ရောက်နေတာလဲ..''
"မကြာတေးပါဘူး စောနကပဲ ရှေ့ဆင့်နောက်ဆင့်...''
"Aww...hok par...p...''
"ဘန်နီတို့များ ခနလေးလာပါတယ် momentတွေက တက်လာပီနော်...''
"ဟမ်း....''
"ဒီမှာလေ...'' ဟိန်းဇေဖုန်းမှ postတစ်ခုကို ပြလိုက်သည်။...
"မိအောင် ရိုက်တာ တော်တော်တော်ကြတယ်....''
"သူတို့ တော်တာမဟုတ်ဘူးလေ အခန်းအဝကြီးမှာ အကြာကြီး နမ်းနေတာ ဘယ်သူတွေလဲ..'' ဟိန်းဇေပြောလိုက်သောကြောင့် ထပြုံးနေလေတော့သည်။...

Invisible love (Uni+zawgyi)(complete)Where stories live. Discover now