Chapter (44) (Uni+zawgyi)

893 42 0
                                    

''သား...အမယွန်းနဲ့ မစေ့စပ်နိုင်ဘူး..''
"ဘာ....!'' ရှိုင်းအဖေ ထိုစကားကို ကြားကာ ရှိုင်းဝေခကို သေချာစွာကြည့်နေရင်း..

"မင်း...သမီးယွန်းအရှေ့မှာ ဘာပြောလိုက်တာလဲ..။မင်းကို ကောင်းစားဖို့အတွက် ဒီအဖေက လုပ်ပေးနေတာဆိုတာကော မင်းသိလား!''

"ဘာကို ကောင်းစားဖို့လဲ..။ ဒီဘဝ ဒီအခြေအနေက ငတ်ပြတ်နေလို့လား..။ ပါးက သားဘဝကို ပါးကောင်းစားဖို့အတွက် ရောင်းစားနေသလိုပဲ ဆိုတာကော ပါးသိရဲ့လား..။ ပါးက အဖေဆိုတဲ့ နာမည်ခံနဲ့ သားကို ရောင်းစား..~~~''

ဖြန်း........

မျက်နှာပြင်ပေါ်သို့ ကျရောက်လာသော လက်ဝါးတစ်ချက်ကြောင့် အခန်းထဲတွင် တိတ်ဆိတ်သွားလေတော့သည်။ ရှိုင်း၏ ပါးတစ်ဖက်လဲ နီတွတ်သွားကာ.. ပါးစပ်မှပြောစရာစကားပင် မရှိတော့ပေ။

"မင်း....!!!'' ဒေါသေတွေနဲ့ ရှိုင်းအဖေတစ်ယောက် ထလာကာ ရှိုင်း၏ အင်္ကျီကို လက်ဖြင့်ဆွဲလိုက်ကာ ထိုးရန်လုပ်တော့သည်။

"အန်ကယ်!!'' အော်လာသော အသံတစ်ခုကြောင့် လူကြီးဂုဏ်သိက္ခာကို ရှေ့ထား၍ သည်းခံကာ pansyဘက်သို့ လှည့်ရင်း ပြုံးနေလေသည်။

" သမီး စိတ်မပူနဲ့နော်.... အန်ကယ် သားကို ဆုံးမတာ ညံ့လို့ဖစ်မှာပါ..''

"အာ....အခု သမီး ရှိုင်းကို အပြင်ခနခေါ်သွားလို့ရမလား..''

"အင်း..ရတယ်လေ...အန်ကယ့်ဆီက ခွင့်ပြုချက်များ တောင်းနေရတယ်လို့... ''

"ဟုတ်...အန်ကယ်..'' pansyလဲ ရှိုင်းနားကပ်လိုက်ကာ...

"သွားမယ်လေ လက်ဝါးလာပီး လက်သီးထပ်လာတာကို စောင့်အုံးမလို့လား..'' အဲ့တော့မှ ရှိုင်းလဲ အခန်းအပြင်သို့ ထွက်လာလေတော့သည်။

"ရှိူင်း...''
"အင်...''
"စိတ်ညစ်နေလား..''
"အင်...''
"အရင်ဦးဆုံး တစ်နေရာမှာ ထိုင်ရအောင်.. ''

ရှိုင်းအိမ်မှာ နေရန် မဖစ်နိုင်တော့ ခနခေါင်းထဲက ထွက်သွားအောင် ယွန်း၏ အိမ်ကို ပဲ ခေါ်ခဲ့လိုက်လေသည်။ ထို့နောက် ရေကန်နားရှိ ထိုင်ခုံလေးတွင် ထိုင်နေလေသည်။ pansyကတော့ အိမ်တွင် ရှိသော အရက်ပုလင်းကို ခွကလလေးဖြင့် ရေခဲပါ ချပေးလေသည်။

Invisible love (Uni+zawgyi)(complete)Where stories live. Discover now