Chapter (49) (Uni+zawgyi)

1K 44 8
                                    

You are my reasonဆိုသည့် ringtoneကြီးက အခန်းထဲမှာ ပျံ့နှံ့နေသည်။ မနက်ခင်းအစောကြီး ဘယ်သူဖုန်းဆက်နေပီလဲဆိုပီး အိပ်နေရာမှ ဝူးဝါးဝူးဝါးထနေသော ဟိန်းဇေ။ အရေးထဲမှ ဖုန်းက ပျောက်နေသည်။အသံသာကြားရသော်လည်း ဘယ်နားထားလို့ ထားမိမှန်းမသိ လက်ဖြင့် ဟိုစမ်း ဒီစမ်း လိုက်စမ်းနေတုံး...

"ဟင်... ဒီအိ့တိအိ့တိက ဘာကြီးလဲ။..ခွခေါင်းအုံးလား...မဟုတ်တေးပါဘူး...ဘာကြီးလဲ။'' လက်နဲ့စမ်းလိုက် ညစ်လိုက်ဖြင့် မသိသေးသည်မို့ မျက်လုံးကို မနည်းအားသုံးကာ ဖွင့်လိုက်သည်။ ခန္ဓာကိုယ်ကို ဘေးတစ်စောင်းလှည့်ကာ ကြည့်လိုက်တော့....။ မိမိဘေးတွင် အိပ်နေသော လူတစ်ယောက်။ အပေါ်ပိုင်းက အင်္ကျီလဲ မရှိ လက်ကလဲ ရင်ဘက်ပေါ်သို့ရောက်နေကာ မိမိညစ်နေသည်မှာ ရင်ဘက်အုံကြီးဖစ်နေသည်။

"Arrrrrr...rrr....rrrr!!!'' ဟိန်းဇေတစ်ယောက် အသံပင် ဝင်သွားရမလား မှတ်ရသည်။ အစွမ်းကုန်အော်နေကာ ဖောင်းခနဲ မင်းစက်ကို ကုတင်ပေါ်က ကန်ချလိုက်သည်။ကုတင်ပေါ်က ပြုတ်ကျသွားတာ ပိုဆိုးမည်ဟု ပြောလို့ရသည်။စောနကမှ အပေါ်ပိုင်းလေးပဲ။ အခုတော့ အောက်ပိုင်းမှာပါ အတွင်းခံလေးနဲ့ မှောက်ရက် ပြုတ်ကျနေသော မင်းစက်။ ပြုတ်ကျသည့်အရှိန်နှင့် နိုးလာသည်။

"Arrr.....ဘာတွေဖစ်နေတာလဲကွာ..'' ခါးလေးကို လက်လေးဖြင့် ပွတ်ကာ မျက်လုံးဖွင့်လိုက်တော့...... ကုတင်ပေါ်တွင် စောင်လေးကို ခေါင်းပဲ ပေါ်အောင် ခြုံထားသော ဟိန်းဇေကို တွေ့လေသည်။

"အော်....မင်းနိုးပီလား...'' ဆံပင်တွေကို ထိုးဖွကာ ခေါင်းကို ကုတ်ရင်း မေးနေသည်။ ကွကိုယ်တောင် သတိမထားမိသေး။

"ဟိတ်လူ!!'' ဟိန်းဇေအော်လိုက်တော့ မင်းစက်တစ်ယောက် တုံ့ခနဲလှန့်သွားသည်။

"Ao...လူကို ဘာလို့အော်နေတာလဲ...''

"အော်ရမှာပေါ့...! ဘာလို့ လူအရှေ့မှာ အတွင်းခံတစ်ထည်ထည်းနဲ့ လာရပ်နေတာလဲ။ သေချင်နေတာလား...။ နောက်ပီး....နောက်ပီး...ခင်ဗျား ကျုပ်ကို ဘာလုပ်ထားတေးလဲ...??'' ရုတ်တရက်မေးသော်လဲ မျက်နှာငယ်လေးနှင့် သူ့ကို တစ်ခုခုလုပ်ထားသည်ဟု ထင်နေသည်။ မင်းစက်တော့ တစ်ခစ်ခစ်နှင့် ဟိန်းဇေမကြားအောင် ရီနေသည်။

Invisible love (Uni+zawgyi)(complete)Unde poveștirile trăiesc. Descoperă acum