အိမ်ရှေ့သို့ ကားတစ်စီးရောက်လာသံ ကြားသောကြောင့် ကြီးခင်တစ်ယောက် ခြံတံခါးသွားဖွင့်ပေး ကာ ကြည့်နေသည်။ ကားတံခါးဖွင့် ကာ ဘန်နီတစ်ယောက် ထွက်လာသည်။ ထိုအခါမှ ကြီးခင်လဲ.... ''အော်..သခင်လေးပဲ..''ဆိုကာ ကားဝင်လာစေရန်အတွက် တံခါးအား အပြည့်ဖွင့်ပေးလိုက်သည်။...ထို့နောက် အိမ်ထဲ သို့ ကားမောင်း၍ ရပ်ထားလိုက်ကာ ရှိုင်းဝေခ တစ်ယောက် ဆင်းလာလေသည်။ ထိုအခါ ဘန်နီက..
"Uwu..ခင်ဗျားကို ဘယ်သူက အိမ်ထဲ ခေါ်လို့လဲ...ကားတောင် ရပ်ပီး ဆင်းလာလိုက်သေးတယ်..'' မျက်စောင်းလေးပစ်ကာ ပြောနေသော ဘန်နီ့အား ရှိုင်းက ပြန်ပြောမယ်အလုပ် ကြီးခင်က ဘန်နီ့အား..
"သခင်လေးကလဲ ကိုယ့်အိမ်လာတဲ့ ဧည့်သည်ကို အက်လိုမပြောနဲ့လေ...သူငယ်ချင်းပဲ ဖစ်နေပါစေ သိတာမှ မကြာတေးတာကို ပန်စီလို ဆိုရင်တော့ တစ်မျိုးပေါ့..'' ကြီးခင်စကားကြောင့် ဘန်နီလဲ နည်းနည်းစိတ်ပြေသွားကာ...
"အင်း...အာ့ဆိုလဲ ဝင်...'' စိတ်ကောင်းနေတုံး ပြောနေတာကို ရှိုင်းဝေခဆိုသည်မှာလဲ အနားသို့ကပ်လာကာ ''နောက်ဆိုလဲ ခလေးအိမ်က ကိုယ့်အိမ်လိုပဲ ဖစ်လာတော့မှာကို...'' ဘန်နီလဲ ရှိုင်းအနားကနေ ခွာလိုက်ကာ ရှိုင်းမျက်နှာကို စေ့စေ့ကြည့်ပီး..."ခင်ဗျား...!!'' ဒေါသအသံဖြင့် ပြောမယ်ရှိတေး ပါးစပ်ကလေးအား လက်ညိုးလေးဖြင့် ပိတ်လိုက်ကာ မပြောနဲ့ဆိုသော အမူအရာလေး လုပ်ပြကာ ဘန်နီ့အား နှုတ်ပိတ်လိုက်သည်။ ထို့နောက် အိမ်ထဲသို့ ဒုတိယ အကြိမ်ရောက်ခြင်းဖစ်လေပေသည်။...
ရှိုင်းဝေခလဲ ဧည့်ခန်းထဲတွင် ဝင်ထိုင်ကာ အပေါ်ထပ် တက်သွားသော ဘန်နီ့အား ကြည့်နေလေသည်။ ထိုနောက် ကြီးခင်က အအေးနှင့် အသီးအနှံ့များ လာချပေး ကာ
...
"ကောင်လေး.. သခင်လေးကို စိတ်မဆိုးဘူးလား..သူက ကလေးလိုပဲ အိမ်မှာလဲ တစ်ဦးတည်းသော သားဆိုတော့ တအား အလိုလိုက်ထားတာ သူ့အမေက အာ့ကြောင့် ဆိုးချင်တိုင်းဆိုးနေတာ...'' ကြီးခင်အပြောကို ရှိုင်းက တစ်ချက်လေး ခိုးရီလိုက်ကာ...
"မဆိုးပါဘူး...သူ့ပုံစံလေးနက် ဆိုးနေတာလေးက ချစ်စရာလေးကို ကောင်းနေတာ။ ဒါနဲ့ အန်တီကော..''
"ဘန်နီ့အမေလား....အခုချိန်တော့ ဘယ်ပြန်လာအုံးမလဲ ကောင်လေးရယ် companyမှာ ဖစ်မှာပေါ့...။အခုတလော ပြိုင်ဘက် company နဲ့ အလုပ်ရှုပ်နေတော့ ညနေဆို မိုးချုပ်မှ ပြန်ရောက်တယ်..သားငယ်ကို အခုတလောတော့ သိပ်ဂရုမစိူက်နိူင်အားဘူးကွယ်..ကြီးခင်ပဲရှိတော့ ကြီးခင်ပဲ ဂရုစိုက်အားတာပေါ့...''
"Awww.....အင်းပါ အာ့ဆို ကြီးခင် ထားခဲ့လေ ကျွန်တော် ဘန်နီနဲ့ နေပေးလိုက်ပါမယ်...ကြီးခင် လုပ်စရာရှိတာလုပ်ပါ..''
"အေးပါကွယ်...လွတ်လွတ်လပ်လပ်နေနော် သား.. အပေါ်ထပ်က ဘန်နီ့ အခန်း.. ''
"ဟုတ်ကဲ့ပါ ကြီးခင်..''
"အေအေ... သား..'' ကြီးခင်လဲ ညနေစာအတွက် ချက်ပြုတ်ရင် သွားလေတော့သည်။ ထိုအခါမှ ရှိုင်းလဲ မစားပဲ ခနထားခဲ့ကာ ဘန်နီ့အခန်းဆီသို့ တစ်လှမ်းချင်း တက်လာခဲ့သည်။.. အပေါ်ထပ်သို့အရောက် ဘန်နီ့အခန်းက ဘယ်အခန်းမှန်းမသိတာဖြင့် ကြောင်တောင်တောင် ရပ်ရင်း ကြည့်နေသည်။ ထို့နောက် အခန်းများအား ဖွင့်ရန်လုပ်သော်လည်း အခန်းတစ်ခုရဲ့ အရှေ့တွင် ''bunny🐰''ဆိုသော စာသားလေး ချိတ်ထားသည်။ ထိုအခါမှ ရှိုင်းဝေခလဲ ဘန်နီ့အခန်းမှန်းသိတော့သည်။ ထိုအခါမှ တံခါးဖွင့်ကာ အထဲ သို့ ဝင်သွားလေသည်။...ရေချိုးပီး အင်္ကျီလဲနေသော ဘန်နီ့အား တန်းတိုးလေသည်။...
YOU ARE READING
Invisible love (Uni+zawgyi)(complete)
Romanceမိန်းကလေးတွေကိုပဲ ကြိုက်လာသော ရှိုင်းဝေခတစ်ယောက် ချစ်စရာသဖွယ် နုနုယွယွဆန်သော bunnyနဲ့ တွေ့တဲ့အခါမှာ သူ့ကို သူ လက်ခံနိုင်မှာလား... တစ်ဖက်မှာလဲ ပန်စီဆိုသော မိန်းကလေးဟာ bunnyနဲ့ ငယ်ငယ်ခတည်းက ပေါင်းသင်းလာသော မောင်နှမလိုဖစ်နေသော သူငယ်ချင်း။ ငယ်ငယ်ကတည်းက...