" ရှောင်းကျန့်က ကျောင်းတွင်းပြိုင်ပွဲမှာ ပထမရပြန်ပြီ "
" ပထမဆုတွေအကုန်လုံးက ရှောင်းကျန့်အတွက်လိုလိုကိုဖြစ်နေပြီ "
" သူကိုယ်တိုင်ကိုကလည်းတော်တာကို "
ရှေ့ကလူတွေရဲ့အပြောကြောင့် သူ့အတွက်ကျွန်တော်ဂုဏ်ယူပြုံး,ပြုံးလိုက်မိတယ်။ သူဆိုတာလည်း တော်လိုက်တာလေ။ စာဆိုလည်းစာမို့လို့ ... ပန်းချီဆိုလည်းပန်းချီမို့လို့။ ရှောင်းကျန့်မတတ်တဲ့အရာရော ရှိပါဦးမလား။
" Sean ... မင်းအကိုအတွက် ဂုဏ်ပြုစကားသွားမပြောဘူးလား "
လာမေးတဲ့သူငယ်ချင်းကိုခေါင်းသာခါပြလိုက်တယ်။ သူကကျွန်တော်မရှိရင် ပိုတောက်ပမယ့်ကြယ်ပွင့်လေးပဲ။ ကျွန်တော်ကသူ့အတွက်ဆို အရိပ်ပဲဖြစ်ပေးရဖြစ်ပေးရ။ အမြွှာတွေဖြစ်တဲ့ သူနဲ့ကျွန်တော့်မှာ တူတာဆိုလို့ သွင်ပြင်ပဲရှိပါတယ်။ အကျင့်တွေရော ကျွမ်းကျင်တာတွေရော သူနဲ့ကျွန်တော်ကဘာတစ်ခုမှကိုမတူပါ။
" သူ့အခန်းမှာလူတွေပြုံနေတာပဲ၊ ဂုဏ်ပြုနေကြတာ ... ကျောင်းတွင်းပြိုင်ပွဲကနိုင်ပြီဆို ပြည်နယ်အဆင့်တက်ပြီလေ "
" အင်း ... သူလုပ်နိုင်မယ်ဆိုတာ ငါသိသားပဲ "
ခေါင်းလေးငုံ့ပြီးဂုဏ်ယူပြုံးပြုံးမိပြန်တယ်။ ရှောင်းကျန့်ကလေ အမြဲတော်နေတာပဲ။ အဲ့ဒါတွေကြောင့် ကျွန်တော်ကလေးစားပြီးချစ်နေရတာ။ နောက်တော့လည်း မနေနိုင်တာနဲ့ အခန်းထဲကနေထွက်ပြီး ရှောင်းကျန့်ရှိတဲ့အခန်းAဘက်ကိုသွားမိလိုက်တယ်။
လှလိုက်တာ ... ။
သူ့အပြုံးတွေက အရမ်းလှတာပဲ။ ပြုံးရယ်ပြီးဂုဏ်ပြုနေကြတဲ့လူတွေကို ရှက်ပြုံးလေးပြုံးပြီး စကားပြန်ပြောနေတဲ့ပုံစံလေးက ဖန်ဘူးထဲထည့်သိမ်းထားချင်စရာလေး။ ကျွန်တော်လေ သူ့ကို ..." Sean ... !!! "
အခန်းဝမှာရပ်နေတဲ့ကျွန်တော့်ကို သူကမြင်သွားပြီး လက်လှမ်းပြလာတယ်။ ပြီးတော့ ကျွန်တော်သိပ်ချစ်ရတဲ့အပြုံးလေးနဲ့။ အော် ... ဟုတ်သားပဲ။ သူနဲ့ကျွန်တော်က အဲ့ဒါတစ်ခုလည်းမတူဘူး။ ကျွန်တော့်မှာသူ့လို နှုတ်ခမ်းနားကမှဲ့လေးမရှိဘူး။
YOU ARE READING
TWIN (Sean × Xiao)
Fanfictionဘဝသက်တမ်းရဲ့သုံးပုံပုံရင်တစ်ပုံကို ကျွန်တော့်အစ်ကိုကို တိတ်တိတ်လေးချစ်ရင်း ကုန်ဆုံးခဲ့တယ်။ 『 From 21.5.2020 To 27.8.2020 』