“ ရှောင်းကျန့်ရေ ... ကိုကိုရေ။ ငါ့နက်ပြာရောင်နက်ခ်တိုင်မတွေ့ဘူးဖြစ်နေတယ်။ ရှာပေးပါဦး!! ”
အပေါ်ထပ်ကအခန်းထဲမှာပြာယာခတ်ပြီးအော်နေတဲ့Seanရဲ့ ခပ်ကျယ်ကျယ်အသံကြောင့် မီးဖိုခန်းထဲမှာ ထမင်းဘူးပြင်ရင်းအလုပ်ရှုပ်နေတဲ့ရှောင်းကျန့်တစ်ယောက် လုပ်လက်စတွေခဏရပ်ထားရပြီး အပေါ်ထပ်ကိုပြေးတက်ရပြန်တယ်။
“ ကိုကို မပါလို့ကိုမရပါလား။ နေရာတကာ ကိုကိုချည်း ”
အင်္ကျီကိုကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားပြီး ခပ်ဟဟအနေအထားနဲ့Seanက အခန်းထဲဝင်လာတည်းက ပွစိပွိစိနဲ့ပြောနေတဲ့သူ့ကိုကိုကို မျက်နှာချိုသွေးရပြန်တယ်။ သူကလည်းသူပါပဲလေ။ ရှောင်းကျန့်မပါရင် ဘယ်နေရာမှကိုမပြီးကိုဖြစ်နေရတယ်။
“ အိမ်ကပစ္စည်းတွေက ကိုကိုပဲသိမ်းထားတာလေ။ ငါကနေရာမှမသိတာ။ အဲ့ဒါကြောင့်ပါ ... ။ စိတ်မဆိုးပါနဲ့ ”
ရှောင်းကျန့်က ခုံအမြင့်ပေါ်တက်ကာ ဘီဒိုပေါ်ကဘူးတစ်ဘူးကို လက်နှစ်ဖက်နဲ့သေချာဆွဲယူနေတာကိုတွေ့လိုက်ရတော့ Seanကပြေးသွားပြီး ခုံကိုထိန်းကိုင်ပေးထားလိုက်တယ်။ ဘူးကိုယူပြီးသွားတဲ့ရှောင်းကျန့်က ‘လွှတ်လို့ရပြီ’လို့ပြောလာတော့ Seanကခုံကိုလွှတ်လိုက်ပေမယ့် ရှောင်းကျန့်ခါးသိမ်သိမ်ကိုတော့ အားရပါးရဖက်တွယ်ထားလိုက်တယ်။ ဒါပေမယ့်လည်း ကြာကြာမဖက်ရပါဘူး။ ရှောင်းကျန့်က ငယ်ထိပ်ကိုဖွဖွခေါက်လာတော့ သူလွှတ်လိုက်ရတာပဲ။
“ ဒီဘူးထဲမှာ နက်ခ်တိုင်တွေ စုပြီးသိမ်းထားပါတယ်လို့ ကိုကို ဘယ်နှခါပြောရမလဲ။ ခေါင်းလေးကမှတ်ထားလေ ”
ရှောင်းကျန့်ကသူ့ကိုဆူနေရင် သိပ်ကိုချစ်ဖို့ကောင်းတာ။ အကြီးတစ်ယောက်ဟန်ပန်အပြည့်နဲ့ဆူနေပေမယ့် သူ့မျက်လုံးထဲမှာတော့ ကလေးတစ်ယောက် နှုတ်ခမ်းတစ်စူစူနဲ့ ဆူနေသလိုပဲထင်မိနေတာ။ အမှန်အတိုင်းပြောရရင် အဲ့ဘူးထဲမှာသိမ်းထားတာသူသိတာပေါ့။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ။ ရှောင်းကျန့်ကိုချွဲနွဲ့ဖို့ဆို ဒီလိုမူယာများယာများမှ ရမှာလေ။
ESTÁS LEYENDO
TWIN (Sean × Xiao)
Fanficဘဝသက်တမ်းရဲ့သုံးပုံပုံရင်တစ်ပုံကို ကျွန်တော့်အစ်ကိုကို တိတ်တိတ်လေးချစ်ရင်း ကုန်ဆုံးခဲ့တယ်။ 『 From 21.5.2020 To 27.8.2020 』