မသွားပါနဲ့လားလို့ပြောပစ်လိုက်ချင်ပေမယ့် Seanဆီကအငြင်းစကား တစ်ခွန်းတစ်လေထွက်လာလေမလားမလို့ တွေးပူမိတော့ ကစားကွင်းကပြန်လာပြီးနောက်ပိုင်း Seanနဲ့ မျက်နှာချင်းမဆိုင်ရဲခဲ့ဘူး။ တကယ်ဆို ကျွန်တော့်စိတ်ထဲ တိတ်တိတ်လေးမျှော်လင့်နေခဲ့မိတာ။ ကျွန်တော့်အခန်းတံခါးကိုလာဖွင့်ပြီး " ငါမသွားတော့ဘူး " လို့ ပြောလာမယ့် Seanရဲ့စကားတစ်ခွန်းကို။
ဒီရက်တွေထဲ အခန်းထဲအောင်းပြီး ဆွဲလိုက်သမျှပန်းချီတွေအကုန်လုံးမှာ မျက်ရည်ကမပါမဖြစ်ပဲ။ ကျွန်တော်ကဒီလိုမျိုးမျက်ရည်လွယ်သူမဟုတ်ပါဘူး။ ဒါပေမယ့် Seanထွက်သွားတော့မှာလို့တွေးမိတော့ လူကမငိုပဲတင်းမခံနေနိုင်ဘူး။
ဘာလို့ထွက်သွားမှာလဲဆိုပြီး ရင်ဘတ်နားကအင်္ကျီစကိုဆုပ်ကိုင်လို့ အော်ဟစ်ပြီးမေးလိုက်ချင်တယ်။ တစ်ယောက်တည်းအခန်းပိတ်ပန်းချီဆွဲနေတုန်း ယွဲ့ချွန်းဟာဆီက မက်ဆေ့တွေက တောက်လျှောက်ဆိုသလို တစ်စောင်ပြီးတစ်စောင်ဝင်လာတယ်။
- Seanကသွားတော့မှာဆို -
- မလွှတ်လိုက်နဲ့လေ။ ဆွဲထားလေ -
- ဘာလို့ခေါင်းမာနေရတာလဲ -
- အနားမှာရှိတုန်း ဆွဲထားလိုက်စမ်းပါ ရှောင်းကျန့်ရဲ့ -
ဒီကောင်မလေးဟာ သူမပြောချင်ရာပဲပြောနေတတ်တော့တာ။ ဘာဘာညာညာမတွေးပဲ စိတ်ထဲကစကားအကုန်ဖွင့်ချပြတတ်တဲ့ကောင်မလေးက အခုချိန်မှာ ကျွန်တော့်ရဲ့သူငယ်ချင်းမလေးဆိုတဲ့အနေအထား။ ပြီးတော့ ကျွန်တော့်ခံစားချက်ကိုသိတဲ့ တစ်ယောက်တည်းသောသူ။
- ငါပြောချင်တာတွေရှိတယ်။ အပြင်မှာတွေ့လို့ရမလား -
စာပို့ပြီးတာနဲ့ ဆေးပေမှာဆိုးလို့ အပေါ်ကထပ်ဝတ်ထားတဲ့ apronကိုချွတ်ပစ်လိုက်တယ်။ အပြင်ထွက်မှရတော့မှာ။ ဒီအခန်းထဲမှာဆက်ပြီးနေနေရင် အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ လူကရူးရင်ရူးသွားလောက်တယ်။
- ရတာပေါ့။ တွေ့နေကျဆိုင်မှာတွေ့မယ်လေ။ ငါစောင့်နေမယ် -
စာဖတ်ပြီးတော့ ဖုန်းကိုဘောင်းဘီအိတ်ထဲထိုးထည့်ပြီးတာနဲ့ အပေါ်ကနေရှပ်တစ်ထည်ကို ဖြစ်သလိုဝတ်လိုက်တယ်။ မှန်ကိုကြည့်လိုက်တော့ မျက်လုံးတွေရဲနေတာကြောင့် ဦးထုပ်အနက်ကို မမေ့မလျော့နဲ့ဆောင်းလိုက်ရတယ်။
YOU ARE READING
TWIN (Sean × Xiao)
Fanfictionဘဝသက်တမ်းရဲ့သုံးပုံပုံရင်တစ်ပုံကို ကျွန်တော့်အစ်ကိုကို တိတ်တိတ်လေးချစ်ရင်း ကုန်ဆုံးခဲ့တယ်။ 『 From 21.5.2020 To 27.8.2020 』