27 (unicode)

2.4K 308 46
                                    

“ Sean လွှတ်ဦးလေ။ စကားပြောကြရအောင် ”

ဒါတောင်မှ Seanက မလွှတ်ချင်လွှတ်ချင်လေးဖြင့် ခါးနားကအင်္ကျီစကို ဆွဲကိုင်ထားတုန်းပဲဖြစ်တယ်။ ဒီကလေးရဲ့ ခပ်ချွဲချွဲအမူအယာတွေကိုမြင်ရတာ ဝမ်းသာရပေမယ့် အခုလို စိုးရိမ်ပူပန်နေတဲ့အငွေ့အသက်တွေဖြည့်စွက်နေတာကိုတော့ မကြိုက်လှပါလေ။

“ ငါအိပ်မက် မက်နေတာတော့ မဟုတ်ဘူးမလား ရှောင်းကျန့် ”

ဒီကောင်လေးကတော့လေ ... ။ လူတစ်ကိုယ်လုံး အရှေ့ရောက်နေတာတောင် အိပ်မက်မက်နေတယ်လို့ထင်နေသေးတယ်။

“ အ ! နာတယ် ရှောင်းကျန့်ရ ”

နားသီးလေးကိုတောက်ပစ်လိုက်တော့ Seanက ထအော်လေတယ်။ အဲ့ပုံစံလေးကိုကြည့်ပြီးရှောင်းကျန့်က ပြုံးမိသွားတယ်။ ထအော်တာများ ကြောင်နာလေးတစ်ကောင်အတိုင်းပဲ...။

“ တွေ့လား။ အိပ်မက်မဟုတ်ဘူး ”

“ အားး ပျော်လိုက်တာကွာ။ ငါမင်းကို အရမ်းအရမ်းကိုတွေ့ချင်နေတာ ”

တကယ်ကို ဒီလူသားဟာ Seanရဲ့အချစ်ရဆုံးလူသားပါပဲ။ ရှောင်းကျန့်ဖြစ်တည်မှုက ကျွန်တော့်အတွက် ရင်ခုန်ခြင်းနဲ့‌ ပျော်ရွှင်ခြင်းကို အမြဲပဲပေးစွမ်းနိုင်တယ်။ ထပ်ပြီးဖက်တွယ်ပစ်လိုက်တော့ ကျွန်တော့်ကိုလည်းပြန်ပြီးဖက်တွယ်လာတယ်။

ဒါပေမယ့် အဲ့ဒီခဏမှာပဲ ရှောင်းကျန့်ပြောလိုက်တဲ့စကားက ကျွန်တော့်တစ်ကိုယ်လုံးမှာရှိတဲ့သွေးတွေကိုရပ်တန့်သွားစေသလိုပဲ။

“ Sean ... စာကလေ ”

စာအကြောင်းပြောလိုက်တာနဲ့ ရှောင်းကျန့်ကိုဖယ်ခွာသွားတာများ ချက်ချင်းပဲ။ ပြီးတော့ ထိတ်လန့်တဲ့မျက်ဝန်းတွေနဲ့လည်း ငေးကြည့်နေသေးတယ်။ Seanက အဲ့ကိစ္စကို ကျွန်တော်စိတ်ဆိုးမှာကြောက်ပြီး ဒီလောက်တောင်ပဲထိတ်လန့်နေတာလားလို့တွေးကာ ဂရုဏာသက်ရပြန်သေးတယ်။

“ ငါ ... ငါ ... အဲ့ဒါကလေ။ တောင်းပန်ပါတယ် ငါလေ ... ”

ဆောက်တည်ရာမရသလိုနဲ့Seanက ထိုစကားတွေကိုပဲ ထပ်ကာထပ်ကာပြောနေရင်းကနေ မျက်ရည်တို့ရစ်ဝဲလာပြန်တယ်။ အသံတွေပါတုန်ယင်လာတာကြောင့် ကျွန်တော်စိတ်ပူသွားရပြီး Seanခန္ဓာကိုယ်ကို ရင်ခွင်ထဲ ပြန်ဆွဲသွင်းပစ်လိုက်တယ်။ ပြီးတော့ ကျောပြင်နဲ့ ခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်ပေးရင်း ..... ။

TWIN (Sean × Xiao)Where stories live. Discover now