25

1.1K 122 4
                                    

ကြိုးနီလေးကို အရင်အတိုင်း ကျစ်မြဲကျစ်တာဆိုပေမယ့် မေတ္တာတွေထည့်ထားလို့ထင်ပါရဲ့။ အရင်ကထက် ပိုလှနေတယ်လို့ စိတ်ကခံစားနေရတယ်။ ကြိုးကျစ်နေရင်းကနေ တံခါး‌ဆီကိုလည်း စိတ်ကရောက်နေပြန်တယ်။ Seanများဖွင့်ပြီး ဝင်လာမလားဆိုပြီး မျှော်လင့်ချက်ပြပြ‌ကလေးရှိနေတယ်။

ဒါပေမယ့် Seanကဆိုးမြဲဆိုးနေဆဲပဲ။ ကျွန်တော့်ဆီတစ်ခေါက်မျှတောင် ရောက်လာခြင်းမရှိဘူး။ အခန်းတံခါး စေ့သံပိတ်သံနားထောင်ရင်းနဲ့ ကျွန်တော့်ရဲ့တစ်နေ့တာက ကုန်ဆုံးရပြန်တယ်။ စားပွဲပေါ်မှာတော့ ကျစ်ပြီးသားအနီရောင်ကြိုးလေးနှစ်ကြိုးရှိနေတယ်။

အခန်းထဲကထွက်လာပြီး မျက်နှာချင်းဆိုင်က အခန်းတံခါးကိုအသာဖွင့်လိုက်တော့ Seanရဲ့အိပ်နေတဲ့မျက်နှာထားလေးကို အေးချမ်းစွာတွေ့လိုက်ရတယ်။ အဆိုးကောင်လေးဆိုပြီး နဖူးကိုခပ်ဖွဖွထုပစ်လိုက်ချင်သေးတာ။ မနက်ဖြန်သွားတော့မှာကိုတောင် ကျွန်တော့်ကိုလာပြီးမနှုတ်ဆက်ဘူး။ တကယ်ကိုဆိုးပါတယ်။

အထုပ်တွေကိုလည်း Seanက သေချာပြင်ဆင်ထားလေတယ်။ ဘယ်လောက်တောင်သွားချင်နေလဲမသိဘူး။ အခန်းထဲအကြည့်တွေ‌ဝေ့ဝဲလိုက်တော့ စားပွဲပေါ်က အခုမှရေးပြီးကာစ စာတစ်စောင်ကိုတွေ့လိုက်ရတယ်။ စာအိတ်ထဲမထည့်ရသေးပဲ ခေါက်ရုံခေါက်ထားတဲ့စာက ဘာများလဲလို့ စိတ်ဝင်စားသွားရတယ်။

အခုလိုခိုးပြီးဖွင့်မကြည့်ချင်ပေမယ့်လည်း စိတ်ကအရမ်းသိချင်လာတာကြောင့် အသာဖွင့်ဖတ်ကြည့်လိုက်တော့ စာရွက်ထက်မှာ လက်ရေးခပ်သော့သော့ကိုတွေ့လိုက်ရတယ်။

သို့ ... ကိုကို ။

ထိုသို့အစချီတဲ့စာတစ်ကြောင်းကနေ ရေးထားတဲ့အဆုံးထိဖတ်ကြည့်ပြီးနောက် စာကြောင်းအဆုံးမှာ နှုတ်ခမ်းကိုလက်နဲ့အုပ်မိလျက်သား။ အံ့ဩရင်ခုန်ရခြင်းတွေက ခန္ဓာကိုယ်တစ်လျှာက် ဟိုဟိုဒီဒီပြေးလွှားကူးသန်းကုန်တယ်။

မဖြစ်နိုင်ဘူး မဖြစ်နိုင်ပါဘူးလို့ ကျွန်တော်ကကိုယ့်စိတ်ကိုယ် ချုပ်ထိန်းနေခဲ့တာ။ ကိုယ့်ကိုကိုယ်မှားယွင်းနေတယ်လို့တွေးပြီး သောကရောက်နေခဲ့တဲ့ကျွန်တော်က Seanရဲ့စာကိုဖတ်အပြီးမှာတော့ ဒီမရေမရာခံစားချက်ကြီးကဘာလဲဆိုတာ သေချာသိသွားရတယ်။

TWIN (Sean × Xiao)Where stories live. Discover now