15

1.1K 136 19
                                    

" Sean ... ငါ့ကိုတိကျတဲ့အ‌ဖြေပေးစမ်းပါ "

မားဟာသိပ်ကိုလောတယ်။ စိတ်ဆတ်လွန်းတဲ့ ဒီအမျိုးသမီးက ကျွန်တော်တို့ရဲ့အမေဖြစ်နေတာ အံ့ဩဖို့လည်းကောင်းတယ် မယုံကြည်နိုင်စရာလည်းကောင်းတယ်။ သူမဖြစ်စေချင်တာပဲသိပြီး သိပ်ကိုထက်မြက်လွန်းတဲ့မားက ယောက်ျားတွေနဲ့ရင်ဘောင်တန်းနိုင်ပြီး စီးပွားရေးလောကမှာ နာမည်တစ်လုံးရအောင်ယူနိုင်ပေမယ့် သားနှစ်ယောက်ကိုဘယ်လိုထိန်းကျောင်းရမလဲဆိုတာတော့ မားကတကယ်ကိုမသိ‌လောက်ဘူး။ မသိဘူးလို့ပဲ ကျွန်တော်တထစ်ချ‌တွေးထားပါတယ်။

" UKကကျောင်းမှာ ငါအကုန်စုံစမ်းပြီးပြီ၊ သားဘောလုံးဆက်ကန်မယ်ဆိုလည်း ကန်လို့ရတယ် ပြီးတော့ အခုကျောင်းကနေ ထောက်ခံချက်ပါရမယ်ဆိုရင် အားကစားမေဂျာဖက်ကို အေးဆေးသွားလို့ရတယ် "

" UKကိုသွားရမှာလား "

" ဟုတ်တယ် ငါမပြောမိဘူးလား "

ခေါင်းသာခါပြလိုက်တယ်။ မားအဲ့လိုတွေ ရှေ့တကွက်ကြိုတွေးပြီး လုပ်နေလိမ့်မယ်လို့မထင်ထားမိဘူး။ ပညာရေးကိစ္စပါ စုံစမ်းပေးထားတယ်ဆိုတည်းက မားကိုလေးစားဖို့ကောင်းနေပြီ။ အနည်းဆုံးတော့ သူ့အပေါ် စိတ်ဝင်တစားရှိတဲ့စိတ်လေးကို လေးစားလိုက်တာမျိုးပေါ့။

" ကျွန်တော် အားကစားမေဂျာယူချင်တယ် မပြောမိပါဘူး "

" မယူလည်းရတယ်၊ အခုကယူဖို့ပြောနေတာမှမဟုတ်ပဲ၊ ယူချင်ယူလို့ရတယ်ဆိုတာ ပြောပြတာ "

ဒီလိုကျထပ်စဉ်းစားရပြန်တယ်။ မားနောက်လိုက်ပြီး ရှောင်းကျန့်ကိုထားခဲ့ဖို့။ အခုမထားသွားလည်း တချိန်ချိန်တော့ထားခဲ့ရမှာပဲလေ။ ရှောင်းကျန့်နဲ့သူမှ တသက်လုံးအတူနေလို့မရနိုင်ပဲ။

" ကျွန်တော်ထွက်သွားရင် ရှောင်းကျန့်အဆင်ပြေပါ့မလား "

ကျွန်တော်ခင်တွယ်သလောက် ရှောင်းကျန့်လည်းကျွန်တော့်အပေါ်ခင်တွယ်လွန်းတယ်။ ကျွန်တော့်လိုမရိုးမသားစိတ်ပဲမရှိတာ။ ရှောင်းကျန့်နဲ့ကျွန်တော်က မွေးတည်းက စိတ်ချင်းဆက်အမြွှာသာဆို ဘယ်လောက်ကောင်းလိုက်မလဲ။

TWIN (Sean × Xiao)Wo Geschichten leben. Entdecke jetzt