14 (unicode)

2K 275 8
                                    

" Sean ပါးနဲ့မားက ကိုကိုတို့စာမေးပွဲ‌ဖြေပြီးတာနဲ့ ကွာရှင်းကြတော့မှာတဲ့ "

ကျွန်တော်သိပြီးသားကိစ္စဆိုတော့ သိပ်တော့မခံစားရပေမယ့် ရှောင်းကျန့်ကတော့ လေသံပျော့ပျော့လေးနဲ့။ မိသားစုကိုသူကခင်တွယ်သလောက် သူ့ကို‌တော့မိသားစုက သူ့နည်းတူမခင်တွယ်‌ကြောင်း ကျွန်တော်ဘယ်လိုပြောပြရပါမလဲ။

ဒီလိုသွေးအေးမိသားစုထဲ ရှောင်းကျန့်တစ်ယောက်တည်းကသာ နွေးထွေးတဲ့ကောင်ငယ်လေးဖြစ်နေတာ။

" ဘယ်ကသိလာတာလဲ "

" ကြီးကြီးပြောပြတာ ... တားကြည့်ပါလားတဲ့၊ သားသမီးပြောရင် လက်ခံရင်လက်ခံမှာပေါ့တဲ့၊ ဒါပေမယ့် ကိုကိုကဘယ်လိုတားရမလဲ?! အရင်တည်းက ပါးနဲ့မားက သူတို့သဘောအတိုင်းလုပ်ခဲ့ကြတာလေ၊ ကိုကိုတို့ကိုထည့်မှမ‌တွေးခဲ့တာ ...၊ Seanကရော ဘယ်လိုသဘောရလဲ ... တားချင်လား? "

ခါးနားကအင်္ကျီစလေးကို ဆုပ်ကိုင်ထားတာများ ခပ်တင်းတင်းပဲ။ ဘယ်လိုအမူအယာက ဘယ်လိုကိုကိုယ်စားပြုတယ်၊ ဘယ်လိုလေသံလေးက ဘယ်လိုကိုဦးတည်နေတယ်ဆိုတာ ကျွန်တော်ကသိနေတော့ ဒီလက်လေးတွေရဲ့အမူအယာကလည်း ကွာရှင်းခြင်းကိုတားစေချင်နေတယ်ဆိုတာ သိလိုက်ရတယ်။ ဒါပေမယ့်လည်း ကျွန်တော်ကရော ဘာများတတ်နိုင်မှာတဲ့လဲ။

" ငါတို့တတ်နိုင်တာမှမရှိပဲ ရှောင်းကျန့်ရယ် ... တားလည်းမတားချင်ပါဘူး "

ခါးနားကလက်ကိုဖယ်ပစ်တော့မလိုလုပ်တော့ ကျွန်တော်ကပဲလက်လေးကိုပြန်ဆွဲထားရတယ်။ ဒီလက်လေးဘယ်လောက်နွေးထွေးလဲဆိုတာ ရှောင်းကျန့်ကမသိပေမယ့် ကျွန်တော်ကတော့သေချာကိုသိပါတယ်။

" ဝမ်းမနည်းပါနဲ့၊ ပါးနဲ့မား ကွာရှင်းလိုက်တောင် ငါတို့အတွက် ဘာမှထူးခြားသွားတာမှမဟုတ်တာ၊ အတူတူရှိနေလို့မှမပျော်တာ ... ခွဲနေရတော့မှာပေါ့ "

" ကိုကိုသိပါတယ်၊ ဒါပေမယ့်လည်း ကိုကိုတို့ကိုဂရုမစိုက်နိုင်တောင် မိသားစုကိုတော့ ဒီတိုင်းလေး‌ပဲ စုံစုံညီညီရှိစေချင်တာ "

' ဆုံးဖြတ်ချက်တွေဆိုတာ ချရတာသာလွယ်တာ၊ လိုက်နာဖို့နဲ့ ပြင်ဆင်ဖို့က သိပ်ကိုခက်ခဲတာ ရှောင်းကျန့်ရာ၊ မပျော်ရတဲ့မိသားစုကြီးကို ဆွဲထားလို့ရောဘာထူးမှာလဲ? လွှတ်ထားပြီး ပျော်ပျော်သာနေပစ်လိုက်ပါ '

TWIN (Sean × Xiao)Where stories live. Discover now