10 (unicode)

2.1K 301 8
                                    

တနေ့ပြီးတနေ့ကုန်ဆုံးလာတော့ ရှောင်းကျန့်ဆီကနေ ယွဲ့ချွန်းဟာကိုဆက်သွယ်လို့မရတဲ့အကြောင်းတွေမကြားရတော့ဘူး။ သူမရဲ့ချစ်ခွင့်ပန်ခြင်းက စိတ်အနှောင့်အယှက်ဖြစ်မှာဆိုးလို့ထင်တယ်။ ယွဲ့ချွန်းဟာက ရှောင်းကျန့်နဲ့ရှိသမျှအဆက်အသွယ်အကုန်ဖြတ်ထားတယ်။

စိုးထိတ်ခြင်းတွေကတဖြေးဖြေးလျော့နည်းလာပေမယ့်လည်း အပြည့်အဝတော့စိတ်မချမ်းသာနိုင်သေးဘူး။ ကျွန်တော်လေ ကိုယ့်ဒုက္ခကိုယ်ရှာနေမိသလို။ ဟုတ်တာပေါ့ ... ရှောင်းကျန့်က ကျွန်တော့်ရဲ့မြတ်နိုးစရာဒုက္ခလေး။

" ရှောင်းကျန့် ... ဘယ်သွားမလို့လဲ "

" ပြိုင်ပွဲအတွက်လိုတာသွားဝယ်မလို့ "

ရှောင်းကျန့်တို့ရဲ့ပြိုင်ပွဲက ပိတ်ရက်တနင်္ဂနွေကိုရွေးထားတယ်။ ပန်းချီပြိုင်ပွဲဝင်မယ့်ကျောင်းသားတွေ ပြိုင်ပွဲကြောင့် စာဖက်မလစ်ဟင်းရအောင် ပြိုင်ပွဲရက်ကိုတနင်္ဂနွေနေ့အဖြစ် ပြိုင်ပွဲကျင်းပတဲ့ပန်းချီအဖွဲ့အစည်းက ရွေးချယ်ထားတာဖြစ်တယ်။ ရှောင်းကျန့်လက်ရာကိုယုံကြည်လို့ ပြိုင်ပွဲအတွက်မစိုးရိမ်မိပေမယ့် ကျွန်တော်စိုးရိမ်နေမိတာကတခြား။

ယွဲ့ချွန်းဟာ နဲ့ ရှောင်းကျန့် ပြိုင်ပွဲမှာဆုံသွားနိုင်သည်။

" ငါလိုက်ခဲ့ပေးမယ်လေ "

" မလိုဘူး၊ တယောက်တည်းသွားမယ် "

" ငါလိုက်ချင်လို့လေ "

ဖိနပ်ကြိုးချည်နေရာကနေ စိတ်မရှည်သလို ခပ်စူးစူးလေးလှည့်ကြည့်လာတဲ့ရှောင်းကျန့်ရဲ့ အကြည့်တွေနဲ့ကြုံလိုက်ရတော့ ကျွန်တော့်အသက်ရှူတွေချက်ချင်းရပ်တန့်သွားတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေတုန်းက အပြင်သွားတာသူ့ထားခဲ့လို့ ကျွန်တော့်ကိုစိတ်တောင်ကောက်သေးတဲ့ရှောင်းကျန့်က အခုကျကျွန်တော့်ကိုမခေါ်ချင်တဲ့ပုံလေးနဲ့။

" ကိုကိုတစ်ယောက်တည်းသွားချင်တာ Sean "

အဖြူရောင်eco bagရဲ့အိတ်ကြိုးကိုခပ်တင်းတင်းလေးဆုပ်ကိုင်ရင်း ရှောင်းကျန့်ကခြံထဲကထွက်သွားတော့တယ်။ ဖိနပ်ချွတ်ကအုတ်ခုံလေးမှာ ငူငူငိုင်ငိုင်နဲ့ကျန်ခဲ့သူကကျွန်တော်ပါပဲ။ လက်မနှစ်ချောင်းကိုအပြန်အလှန်ကုတ်ခြစ်ရင်း စိုးထိတ်ခြင်းတို့က ရင်ထဲအလျှံအပယ်။ မတွေးချင်တဲ့အတွေးတွေကလည်း အလုအယက်ဝင်ရောက်လာပြန်တယ်။ ကြောက်စိတ်တွေကလည်း မပွင့်အံရုံတမယ်ပင်။

TWIN (Sean × Xiao)Opowieści tętniące życiem. Odkryj je teraz