ပစ္စည်းတွေဝယ်ပြီးပြန်လာတော့ မောပန်းနေတဲ့ရှောင်းကျန့်က ဟန်တောင်မဆောင်နိုင်တော့ပဲ ကျွန်တော့်ပုခုံးပေါ် ခေါင်းလေးပြိုကျလာတော့တယ်။ အရှိန်မှန်မှန်နဲ့မောင်းနေတဲ့Busပေါ်မှာ ကျွန်တော့်နှလုံးခုန်သံတွေကတော့ အရှိန်မမှန်နိုင်တော့...။
သူမှီလို့ကောင်းအောင် ခါးကိုလျှောချပေးလိုက်တော့ သူကလည်းခေါင်းကိုနှစ်ချက်လောက်လူးလွန့်ပြီး အဆင်ပြေအောင်နေရာပြန်ချလာတယ်။ ဦးထုပ်နဲ့မုန့်ထုပ်တွေ တခြားပန်းချီပစ္စည်းအထုပ်တွေကပါ ကျွန်တော့်လက်ထဲမှာရှိနေပြီး သူကတော့ သက်သက်သာသာပဲမှီနေလေတယ်။
" ခေါင်းနာလို့လား ... "
မမှီတော့ပဲ ခေါင်းထောင်လာတဲ့ရှောင်းကျန့်က အူလည်လည်လေး။
" အင်း မျက်မှန်ကထောက်နေတယ် "
" ခဏချွတ်ထားလိုက်လေ "
နာခံစွာနဲ့ချွတ်လိုက်တဲ့ ထိုမျက်မှန်ကလည်း ကျွန်တော့်အင်္ကျီမှာပဲ ချိတ်တွယ်လာပြန်တယ်။ ရှောင်းကျန့်ကလေ ပစ္စည်းတွေကို သေချာစီမံတတ်တဲ့ကောင်ငယ်လေးပဲ။
ပြီးတော့ ပြန်မှီလာတဲ့ရှောင်းကျန့်က အမြဲလိုလိုဒီလိုနေတတ်တာမို့ မထူးဆန်းပေမယ့် ကျွန်တော့်မှာသာ မရိုးနိုင်ပဲထူးဆန်းနေရတယ်။ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ကောင်မလေးတွေကလည်း တချက်တချက်လှမ်းကြည့်ပြီး ပြုံးနေလေတော့ မျက်နှာမထားတတ်သူဟာ ကျွန်တော်ပဲဖြစ်နေလေတယ်။
" Seanပုခုံးကတော့ အမြဲလိုလိုမှီလို့ကောင်းနေတာပဲ
တကယ် အကောင်းဆုံး ! "အားကြိုးမာန်တက်ပြောရုံတင်မဟုတ် လက်မလေးကပါ ထောင်ပြနေသေးတာ။
" ကောင်မလေးရရင်ရော အဲ့လိုမှီနေဦးမှာလား "
ဒီလိုမေးခွန်းမျိုးကို လွယ်လွယ်ကူကူထုတ်မေးနိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း နားမလည်နိုင်တော့ ... ။ တခါတခါ အဲ့လိုအနာဂတ်မှာဖြစ်လာမယ့်ကိစ္စတွေကို တွေးတွေးပြီးပူပန်တတ်ပေမယ့် တခါတခါကျတော့လည်း ဒီလိုကိစ္စတွေအပေါ် ရှောင်းကျန့်ဘယ်လိုသဘောထားလဲဆိုတာကိုလည်း သိချင်နေမိတယ်။
YOU ARE READING
TWIN (Sean × Xiao)
Fanfictionဘဝသက်တမ်းရဲ့သုံးပုံပုံရင်တစ်ပုံကို ကျွန်တော့်အစ်ကိုကို တိတ်တိတ်လေးချစ်ရင်း ကုန်ဆုံးခဲ့တယ်။ 『 From 21.5.2020 To 27.8.2020 』