့" Sean ... မင်းဘာဖြစ်နေတာလဲ၊ စိတ်ကိုစုစည်းထားစမ်း ... ဒါရိုးရိုးပွဲမဟုတ်ဘူးနော် ! ဗိုလ်လုပွဲ !! တယောက်ချင်းစီရဲ့ဂုဏ်ထက် ကျောင်းရဲ့ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားရမှာ ... အရင်ကမင်းရဲ့ တက်ကြွမှုတွေဘယ်ရောက်သွားလဲ၊ ငါဒီပွဲမှာ မင်းကိုအားမရဘူးဖြစ်နေတယ် "
ပထမပွဲစဉ်ရဲ့၁၅မိနစ်လောက်မှာပဲ ပုံပျက်နေတဲ့သူ့ကို နည်းပြကသတိထားမိသွားပြီး တခြားတယောက်နဲ့လူလဲလိုက်တယ်။ အရံခုံမှာထိုင်နေရတာ အသင်းရဲ့လက်ရွေးစင်တဲ့! ကျနော်အနိုင်ယူခဲ့တဲ့ တခြားကျောင်းအသင်းတွေသာ ဒီသတင်းကြားရင် လှောင်ပြောင်ရယ်မောနေကြမှာ။
" ကျွန်တော်စိတ်ရှုပ်နေလို့၊ တောင်းပန်ပါတယ် "
" အသင်းထဲကတခြားသူတွေစိတ်ရှုပ်ရင် မင်းဘာပြောခဲ့လဲ ?! ကွင်းထဲကိုဝင်တာနဲ့ ခံစားချက်တွေကို ကွင်းပြင်မှာထားခဲ့ဆို ... အခုမင်းကိုယ်တိုင်က မလိုအပ်တဲ့ကိုယ်ရေးကိုယ်တာခံစားချက်တွေ ကွင်းပြင်မှာမထားခဲ့နိုင်မှတော့ တခြားသူတွေကိုဘယ်လိုအကြံပေးမလဲ "
" ကျွန်တော်ထားခဲ့နိုင်အောင်ကြိုးစားမှာပါ၊ ငါးမိနစ်နေရင် ကျွန်တော့်ကိုလူပြန်လဲပေးပါ "
မင်းပြောတာအတည်နော် ဆိုတဲ့အကြည့်နဲ့ နည်းပြကကြည့်နေတော့ သေချာစွာနဲ့ခေါင်းတချက်ငြိမ့်ပြလိုက်တယ်။ ကိုယ်ရေးကိုယ်တာခံစားချက်နဲ့ရူးသွပ်ရာဝါသနာကို ကျွန်တော်သေချာခွဲခြားနိုင်ရမှာပေါ့။ အခုချိန်မှာမပြတ်မသားဖြစ်နေလို့မှမရတာ။
မျက်နှာချင်းဆိုင်တဖက်ခြမ်းကအားပေးရာနေရာကိုကြည့်လိုက်တော့ လူအများကြီးကြားထဲကရှောင်းကျန့်ကို မှုန်ပြပြလေးမြင်လိုက်ရတယ်။ ကျွန်တော်တို့ကျောင်းကအိမ်ကွင်းဖြစ်နေတာ ဒါတစ်ခုကောင်းတယ်။ ရှောင်းကျန့်ကြည့်ချင်တဲ့အချိန်လာကြည့်လို့ရတာပဲ။
မြင်နေရတာက နည်းနည်းဝေးတဲ့အကွာအဝေးကမို့ ရှောင်းကျန့်အကြည့်တွေဘယ်မှာရှိနေမလဲမသိပေမယ့် ကျွန်တော်ကတော့ ငြိမ်ငြိမ်လေးပဲရှောင်းကျန့်ကိုကြည့်နေမိတယ်။ သူ့ဆီကနေ ကျွန်တော်ထွက်ပြေးနိုင်ပါ့မလားသေချာမသိဘူး။ မနေ့ကဆို ယွဲ့ချွန်းဟာနဲ့မုန့်အတူစားပြီးပြန်လာတဲ့ရှောင်းကျန့်က အခန်းထဲကိုဝင်လာပြီးနောက် ကျွန်တော်အိပ်နေတယ်ထင်လို့လားတော့မသိပါဘူး ကျွန်တော့်ခေါင်းကိုဖွဖွလေးပွတ်သပ်ပေးနေခဲ့တယ်။
YOU ARE READING
TWIN (Sean × Xiao)
Fanfictionဘဝသက်တမ်းရဲ့သုံးပုံပုံရင်တစ်ပုံကို ကျွန်တော့်အစ်ကိုကို တိတ်တိတ်လေးချစ်ရင်း ကုန်ဆုံးခဲ့တယ်။ 『 From 21.5.2020 To 27.8.2020 』