- ကိုကိုလည်းကျောင်းသွားအပ်ပြီးပြန်လာတာ -
- အင်း ကိုကိုလည်းလွမ်းတာပေါ့ ❤️ "
ဖုန်းစကိုင်ရတဲ့အချိန်တည်းကစပြီး ဖုန်းကြီးကိုင်ပြီးရင်တွေထိန်းမရအောင်ခုန်ရမယ့်အချိန်ရှိလာလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှမထင်ခဲ့ဖူးပါ။ ကျွန်တော့်ဘဝရဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ ရင်ခုန်ခြင်းတွေက တစ်ယောက်တည်းသောသူအပေါ်ပဲမူတည်နေခဲ့တာဖြစ်တယ်။
အဲ့ဒီတစ်ယောက်တည်းသောသူကလည်း ရှောင်းကျန့်ပဲ။
ကျွန်တော့်နည်းတူ အသည်းပုံလေးတစ်ခုနဲ့ လွမ်းကြောင်းပြန်ပို့လာတဲ့ရှောင်းကျန့်က ကျွန်တော့်ရဲ့တစ်ဦးတည်းသောရင်ခုန်ပိုင်ရှင်။ အဲ့ဒီစာကြောင်းလေးဆီကနေ အကြည့်တွေကမခွာနိုင်သေးဘူး။ စာပြန်ရိုက်ပို့ဖို့အတွက် အချိန်တွေရပ်တန့်သွားတဲ့အချိန်က ဒါပထမဆုံး။
ရှောင်းကျန့်ဖက်ကတော့ ရိုးရိုးသားသားနဲ့ပဲ သူ့ညီလေးသူလွမ်းကြောင်းပို့တာဖြစ်နိုင်ပေမယ့် မရိုးသားသူကျွန်တော်ကတော့ အဲ့ဒီလွမ်းတာပေါ့ဆိုတာလေးမှာ ရင်တွေထိန်းမရ။ ပျော်လွန်းလို့ငိုတောင်ငိုမိတယ်ဆိုတာ အခုလိုအချိန်မျိုးပဲ။
" Sean ဝင်လာလို့ရလား "
အထဲကဘာအသံမှမကြားရလို့ထင်တယ် နစ်ခ်က အခန်းထဲဝင်လာတော့တယ်။
" Hey!! ... ငုတ်တုတ်ကြီးငိုနေတာလား "
" ဟမ် ... ဘာ ..... "
ပုခုံးလာပုတ်ပြီးပြောတဲ့ နစ်ခ်စကားကြားမှ ပါးပြင်ကိုပြန်စမ်းမိတော့ စိုစွတ်နေတာကိုသိလိုက်ရတယ်။ ဟား ... ရှောင်းကျန့်နဲ့ပတ်သက်ရင် မျက်ရည်လွယ်တာကလည်း ထိန်းမရတော့တာတွေထဲက တစ်ခုပဲလား။
YOU ARE READING
TWIN (Sean × Xiao)
Fanfictionဘဝသက်တမ်းရဲ့သုံးပုံပုံရင်တစ်ပုံကို ကျွန်တော့်အစ်ကိုကို တိတ်တိတ်လေးချစ်ရင်း ကုန်ဆုံးခဲ့တယ်။ 『 From 21.5.2020 To 27.8.2020 』