06

1.4K 131 20
                                    

" Sean ... ယွဲ့ချွန်းဟာနဲ့ကဘယ်လိုလဲ "

" ဘာကို 'ဘယ်လိုလဲ' လဲ "

ကျွန်တော့်ကိုစာပြပြီးသွားတာနဲ့ ရှောင်းကျန့်က သူ့Sketch bookကိုဆွဲယူတော့တာပဲ။ ရှောင်းကျန့်ကကျွန်တော့်ထက် ဥာဏ်ကောင်းတာဖြစ်မယ်။ စာလည်းသိပ်မလုပ်ပဲ အဆင့်တွေကောင်းနေတာ။ သူ့ကြည့်လိုက်ရင် အမြဲပုံဆွဲနေတာချည်းပဲ။

အခုလည်း Sketch bookထဲအာရုံရောက်နေပြီး ကျွန်တော့်ကိုလှည့်တောင်မကြည့်။

" မင်းကြိုက်နေတာလား "

အရဲစွန့်ပြီးမေးလိုက်တဲ့စကားတစ်ခွန်းက ရှောင်းကျန့်ရဲ့ရယ်သွေးမှုမှာ ရင်ထိတ်သွားရတာပဲ။ သဘောကျသလိုလေးရယ်ပြီးသွားတော့ ရှောင်းကျန့်ကအောက်နှုတ်ခမ်းလေးကိုအပေါ်သွားနဲ့ဖိကိုက်ထားတယ်။

စိုရွှန်းနေတဲ့နှုတ်ခမ်းလေး အိခနဲပေါက်သွားမလားလို့ ကြောင်တောင်တောင်တွေးပြီးစိုးရိမ်နေမိသူကတော့ ကျွန်တော်ပါပဲ။

" ကြိုက်တော့ကြိုက်ပေမယ့် အရမ်းကြိုက်တယ်ရယ်လို့လည်း မဟုတ်ပါဘူး၊ ဒါပေမယ့် သူကတွဲဖို့ပြောရင်တော့ တွဲဖြစ်လောက်မယ်ထင်တယ် "

တရားကျလိုက်လေခြင်း ရှောင်းကျန့်ရယ်။

" မင်းကတွဲဖို့စမပြောဖူးလား "

" စာနဲ့ပုံဆွဲတာပဲစိတ်ဝင်စားတဲ့ကိုကို့လိုလူက
ရည်းစားစကားပြောတတ်ပါ့မလားSeanရဲ့
တွေးကြည့်ပါဦး "

" အဲ့တော့ တစ်ဖက်လူပြောတာပဲစောင့်မယ်ပေါ့ "

အဲ့ဒီမေးခွန်းအမေးခံလိုက်ရတော့ ရှောင်းကျန့်ကသူ့မျက်ခုံးလေးကို အပေါ်အသာပင့်တယ်။ ပြီးတော့ ခေါင်းလေးကိုခပ်ယဲ့ယဲ့လေးစောင်းပြီး ...

" စောင့်မယ်လို့လည်းမဟုတ်ဘူးပေါ့၊ ဖွင့်ပြောခံရရင်
မငြင်းဖြစ်လောက်ဘူးပြောတာကွာ ... ကိုကိုက
ငြင်းရမှာအားနာတယ် "

သူ့စကားကို ကျွန်တော်က အပြင်မှာတော့ "သြော်..." လို့ပဲ တုံ့ပြန်မိလိုက်ပေမယ့် အတွင်းစိတ်ထဲမှာတော့ လွန်ဆွဲနေလေသည်။

ငြင်းရမှာအားနာတဲ့ရှောင်းကျန့်တစ်ယောက် ဖွင့်ပြောတဲ့သူကကျွန်တော်ဆိုရင်လည်း အားနာနာနဲ့ပဲလက်ခံလိုက်မလားမသိပါဘူး။

TWIN (Sean × Xiao)Where stories live. Discover now