23

1K 123 14
                                    

ပြိုင်ပွဲရက်ရောက်တော့ ကျွန်တော်ကSeanကိုလိုက်မပို့စေချင်ဘူး။ ယွဲ့ချွန်းဟာနဲ့ကျွန်တော် သူငယ်ချင်းဆက်ဆံရေးအတိုင်းရှိနေတာကို Seanမြင်သွားရင် အတွေးတွေများနေဦးမယ်ဆိုပြီးစိတ်ပူတာနဲ့ ကျွန်တော်ကသူ့ကို လိုက်ပို့ဖို့ဘာညာတွေမပြောထားမိဘူး။ 

ဒါပေမယ့် Seanကဒါမျိုးကျ လာတိကျနေလေတယ်။ လိုက်ပို့ပေးဖို့အတွက် အခန်းရှေ့မှာတောင်လာစောင့်နေပြန်တယ်။ ကျောင်းကိုရောက်တော့လည်း ကျောင်းရှေ့မှာပဲစောင့်နေဖို့လုပ်ပြန်တယ်။ ယွဲ့ချွန်းဟာကိုတွေ့ရင် Seanအတွေးတွေများပြီးမပျော်မှာကို ကျွန်တော်ကစိတ်ပူနေမိတယ်။ ဒါ့ကြောင့် ပြိုင်ပွဲပြီးလောက်မယ့်အချိန်မှ လာကြိုပါဆိုပြီးပြောပြီး ပြန်လွှတ်လိုက်ရတယ်။

ဒါပေမယ့် စကားနားမထောင်ပြန်တဲ့Seanက ပြိုင်ပွဲပြီးမယ့်အချိန်ထက်စောပြီး ကြိုရောက်နေလေတယ်။ ကျောင်းပြီးရင် သူ့အဖေရွှေ့ပြောင်းမယ့်ဆီ လိုက်သွားရမယ့်ယွဲ့ချွန်းဟာက နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ ငါ့မွေးနေ့မှာအတူရှိပေးပါလားလို့ ခခယယနဲ့မေးလာတော့လည်း ခင်မင်ခဲ့ဖူးတဲ့အချိန်တွေကိုထောက်ပြီး ငြင်းလို့မကောင်းတာနဲ့ 'အင်း လိုက်ခဲ့ပေးမယ်လေ'လို့ ပြောလိုက်ရတယ်။

အဲ့ဒီကတိစကားပေးမိတာကို ပျက်ယွင်းသွားတဲ့ Seanမျက်နှာမြင်တော့ နောင်တရမိသွားတယ်။ ဒါပေမယ့်လည်း သူလိမ်တာကို ကျွန်တော်မကြိုက်တဲ့အကြောင်းကိုတော့ Seanသိအောင်ပြောပြရဦးမှာပဲ။

" Sean ... "

" ဟင် ... ဘာ ဘာလဲ "

" ကိုကို့ကိုအရမ်းချစ်တာပဲ‌လား "

Seanကဘာမြှပန်မဖြေပဲ ကျွန်တော့်ကိုသာထိတ်လန့်တဲ့မျက်ဝန်းတွေနဲ့ကြည့်လာတယ်။ တောင်းပန်ပါတယ် Seanရယ်။ ဖြစ်နိုင်ရင် ကိုကိုဒီလိုမပြောချင်ပါဘူး။ ဒါပေမယ့် Seanလုပ်ရပ်က မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူးဆိုတာတော့ ကိုကိုထောက်ပြရလိမ့်မယ်။

" အရမ်းချစ်လို့ သဝန်တိုတယ်ဆိုရင်တောင် အဲ့လိုမလုပ်ခဲ့သင့်ဘူးလေ၊ မတွဲစေချင်ရင် မတွဲစေချင်တဲ့အကြောင်း ကိုကို့ကိုပွင့်ပွင့်လင်းလင်းပြောပေါ့၊ အခုတော့ Seanကကိုကို့ကိုလိမ်တယ် "

TWIN (Sean × Xiao)Where stories live. Discover now